ရွမ္းျပည္နယ္ ေတာင္ပိုင္း လူငယ္ကြန္ရက္မွ ၿငိမ္းခ်မ္းေရးသင္ရိုးညႊန္းတမ္း ေရးဆြဲ

ရွမ္းျပည္နယ္ ေတာင္ပိုင္း လူငယ္ကြန္ရက္မွ ၿငိမ္းခ်မ္းေရးသင္ရိုးညႊန္းတမ္း ေရးဆြဲ
မတ် 22, 2016
By Tachileik News Agency

တာခ်ီလိတ္၊ မတ္လ (၂၂)ရက္ ။   ။ ရွမ္းျပည္နယ္ေတာင္ပိုင္း လူငယ္ကြန္ရက္က ၿငိမ္းခ်မ္းေရးႏွင့္ ပတ္သက္ေသာ သင္ရိုးညႊန္းတမ္းေရးဆြဲေနၿပီး သင္တန္းမ်ားပို႔ခ်ျခင္းျဖင့္ ျပည္တြင္းၿငိမ္းခ်မ္းေရး လုပ္ငန္းတြင္ ပါဝင္လုပ္ေဆာင္မည္ျဖစ္ေၾကာင္း သိရသည္။

"ကၽြန္ေတာ္တို႔ အခု Peace နဲ႔ပတ္သက္ၿပီး သင္ရိုးညႊန္တမ္းေတြ ေရးဆြဲေနပါတယ္။ ဒီဟာၿပီးသြားရင္ ရွမ္းျပည္နယ္ေတာင္ပိုင္းမွာ လူငယ္ေတြကို အဓိကပို႔ခ်ၿပီး ဆရာအဆင့္ ထိသင္ၾကားၿပီး ရွမ္းျပည္နယ္ တစ္ခုလံုး ပို႔ခ်သြားႏိုင္ဖို႔ ရည္ရြယ္ထားပါတယ္။ ဘတ္ဂ်က္အေနနဲ႔ EU အဖြဲ႕ကို တင္ျပထားေပမဲ့ မရခဲ့ရင္လည္း တစ္ျခားအဖြဲ႕အစည္းေတြနဲ႔ ခ်ိတ္ဆက္ၿပီး ပို႔ခ်သြားမွာပါ"ဟု ရွမ္းျပည္နယ္ ေတာင္ပိုင္း လူငယ္ကြန္ရက္မွ တာ၀န္ခံ ကိုေကာင္းျမတ္၀င့္ထည္က ေျပာသည္။

အစိုးရသစ္လက္ထက္တြင္ ရွမ္းျပည္နယ္အတြင္း ၿငိမ္းခ်မ္းေရးလုပ္ငန္းမ်ားအျပင္ ဆက္စပ္လွ်က္ရွိေသာ လူငယ္ဖြံ႕ၿဖိဳးတိုးတက္ေရး၊ သဘာ၀သယံဇာတ ကိစၥရပ္မ်ားအား လုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း သိရသည္။

ရွမ္းျပည္နယ္ေတာင္ပိုင္းလူငယ္ကြန္ရက္သည္ ၂၀၁၅ ခုႏွစ္အတြင္း ၿငိမ္းခ်မ္းေရးႏွင့္ပတ္သက္၍ ရွမ္းျပည္နယ္ အတြင္းရွိ ျပည္သူမ်ားထံမွ သေဘာထားလက္မွတ္တစ္ေသာင္းေက်ာ္ေကာက္ခံၿပီး ျမန္မာၿငိမ္းခ်မ္းေရး စင္တာႏွင့္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္၊ သက္ဆိုင္ရာ လက္နက္ကိုင္ အဖြဲ႕အစည္းမ်ားထံ ေပးပို႔ျခင္း ရွမ္းျပည္နယ္ေတာင္ပိုင္းေဒသအတြင္း ျဖစ္ပြားေသာ တိုက္ပြဲမ်ားမွ ဒုကၡသည္မ်ားအား ကူညီေထာက္ပံ့ျခင္းမ်ား ျပဳလုပ္ခဲ့ေၾကာင္း သိရသည္။

သတင္း။  ။ ကိုဇက္

**********
တာချီလိတ်၊ မတ်လ (၂၂)ရက်။ ရှမ်းပြည်နယ်တောင်ပိုင်း လူငယ်ကွန်ရက်က ငြိမ်းချမ်းရေးနှင့် ပတ်သက်သော သင်ရိုးညွှန်းတမ်းရေးဆွဲနပြေီး သင်တန်းများပို့ချခြင်းဖြင့် ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းတွင် ပါဝင်လုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။
"ကျွန်တော်တို့ အခု Peace နဲ့ပတ်သက်ပြီး သင်ရိုးညွှန်တမ်းတွေ ရေးဆွဲနေပါတယ်။ ဒီဟာပြီးသွားရင် ရှမ်းပြည်နယ်တောင်ပိုင်းမှာ လူငယ်တွေကို အဓိကပို့ချပြီး ဆရာအဆင့် ထိသင်ကြားပြီး ရှမ်းပြည်နယ် တစ်ခုလုံး ပို့ချသွားနိုင်ဖို့ ရည်ရွယ်ထားပါတယ်။ ဘတ်ဂျက်အနေနဲ့ EU အဖွဲ့ကို တင်ပြထားပေမဲ့ မရခဲ့ရင်လည်း တစ်ခြားအဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ပြီး ပို့ချသွားမှာပါ"ဟု ရှမ်းပြည်နယ် တောင်ပိုင်း လူငယ်ကွန်ရက်မှ တာဝန်ခံ ကိုကောင်းမြတ်ဝင့်ထည်က ပြောသည်။
အစိုးရသစ်လက်ထက်တွင် ရှမ်းပြည်နယ်အတွင်း ငြိမ်းချမ်းရေးလုပ်ငန်းများအပြင် ဆက်စပ်လျှက်ရှိသော လူငယ်ဖွံ့ဖြိုးတိုးတက်ရေး၊ သဘာဝသယံဇာတ ကိစ္စရပ်များအား လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်းလူငယ်ကွန်ရက်သည် ၂၀၁၅ ခုနှစ်အတွင်း ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ ရှမ်းပြည်နယ် အတွင်းရှိ ပြည်သူများထံမှ သဘောထားလက်မှတ်တစ်သောင်းကျော်ကောက်ခံပြီး မြန်မာငြိမ်းချမ်းရေး စင်တာနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ သက်ဆိုင်ရာ လက်နက်ကိုင် အဖွဲ့အစည်းများထံ ပေးပို့ခြင်း ရှမ်းပြည်နယ်တောင်ပိုင်းဒေသအတွင်း ဖြစ်ပွားသော တိုက်ပွဲများမှ ဒုက္ခသည်များအား ကူညီထောက်ပံ့ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
သတင်း။ ကိုဇက်
 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~~~ေၾကာ္ျငာ ~~~~~~~