လုပ္သားရွားပါးမႈႏွင့္ ေစ်းကြက္မရိွ၍ ရာဘာထုတ္လုပ္မႈ ရပ္ဆိုင္းထား

လုပ္သားရွားပါးမႈႏွင့္ ေစ်းကြက္မရိွ၍ ရာဘာထုတ္လုပ္မႈ ရပ္ဆိုင္းထား
မတ် 22, 2016
By Tachileik News Agency

တာခ်ီလိတ္၊ မတ္လ (၂၂) ရက္ ။   ။ တာခ်ီလိတ္ခရိုင္အတြင္း ရာဘာၿခံမ်ားတြင္ လုပ္သားရွားပါးမႈႏွင့္ ေရာင္းခ်ရန္ ေစ်းကြက္မရွိသည့္အတြက္ ရာဘာထုတ္လုပ္မႈ ရပ္ဆိုင္းထားရေၾကာင္း လုပ္ငန္းရွင္မ်ားထံမွ သိရသည္။

"ဒီေဒသမွာ အလုပ္သမားအတြက္ ျပည္တြင္းက ေခၚယူၿပီး အသံုးျပဳရတာ အခုလုပ္ငန္းခြင္မွာ ရာဘာျခစ္တတ္တဲ့ အလုပ္သမားဆိုရင္ ထြက္လာတဲ့ ရာဘာကို တစ္ေယာက္တစ္၀က္ယူတဲ့ အေနနဲ႔ လုပ္ေနရတယ္။ အေရးအႀကီးဆံုး ေစ်းကြက္လည္း ေပ်ာက္ေနတယ္။ တရုတ္က၀ယ္ရင္ တစ္ကီလိုမွ (၁၈)ဘတ္ႏွဳန္း (က်ပ္ ၆၀၀)ပဲေပးတာ လံုး၀မကိုက္ဘူး"ဟု ရာဘာလုပ္ငန္းရွင္မ်ားအသင္းမွ အတြင္းေရးမွဴး ဦးထိန္မင္းက ေျပာသည္။

ရာဘာျခံ အလုပ္သမားတစ္ဦးလွ်င္ ေန႔တြက္ခအျဖစ္ တစ္ဦးလွ်င္ (၂၀၀)ဘတ္ခန္႔ (က်ပ္ ၆၆၈၀) ေပးရၿပီး အဆိုပါ လုပ္သားမ်ားကို မြန္ျပည္နယ္အပါအဝင္ အျခားျပည္နယ္ႏွင့္ တိုင္းေဒသႀကီးမ်ားမွ ေခၚယူအသံုးျပဳျခင္း ျဖစ္ေၾကာင္း သိရသည္။

 "ဒီဘက္မွာက ရာဘာလုပ္သားေတြက ရွားပါးတယ္။ ဒါေၾကာင့္ တခ်ိဳ႕စီးပြားရွင္ေတြက တခ်ိန္ ခ်ိန္မွာ ေရာ္ဘာေစ်းကြက္ ျပန္လည္ရပ္တည္လာမယ္ဆိုရင္ အလုပ္သမားျပႆနာ မရွိေအာင္ အဲဒီအလုပ္သမားေတြကို ထိန္းထားတဲ့အေနနဲ႔ အခုအခ်ိန္မွာ အရံႈးခံၿပီး ဆက္လက္စိုက္ပ်ိဳးေနၾကတာပါ။"ဟု တာခ်ီလိတ္ခရိုင္ စိုက္ပ်ိဳးေရးဦးစီးဌာနမွ လက္ေထာက္ညႊန္ၾကားေရးမႈး ဦးလွ၀င္းက ေျပာသည္။

ယခုလက္ရွိ ရာဘာေစ်းႏွဳန္းမွာ တြက္ေျခမကိုက္သျဖင့္ လုပ္ငန္းရွင္အခ်ိဳ႕မွာ ရာဘာျခံမ်ားအား စြန္႔ပစ္ထားမႈမ်ားရွိေနေၾကာင္း ၎ထံမွ သိရသည္။

ရာဘာေစ်းကြက္ျပန္လည္ေကာင္းေစရန္ ရာဘာစိုက္ပ်ိဳး နည္းပညာမ်ားကို ေလ့လာစိုက္ပ်ိဳးသင့္သည့္အျပင္  ဆန္စပါး၊ ပဲစသည့္ ကုန္စည္မ်ား တင္ပို႔သည့္နည္းတူ MOU စာခ်ဳပ္ ခ်ဳပ္ဆိုၿပီး တင္ပို႔ ေရာင္းခ်သင့္ေၾကာင္း စိုက္ပ်ိဳးေရးဦးစီးဌာနက အႀကံျပဳသည္။

ရာဘာၿခံမ်ား အဆင့္မီေစရန္အတြက္ စိုက္ပ်ိဳးေရးဦးစီးဌာနအေနႏွင့္ အပင္မ်ိဳးေကာင္း၊ မ်ိဳးသန္႔ရရွိရန္ႏွင့္ လိုအပ္ေသာ စိုက္ပ်ိဳးေရးနည္းပညာမ်ား ေထာက္ပံ့ႏိုင္မည္ျဖစ္ေၾကာင္း တာခ်ီလိတ္ခရိုင္စိုက္ပ်ိဳးေရး ဦးစီးဌာနမွ သိရသည္။

သတင္း။  ။ ေဇာင္းညီ
************

( unicode )

တာချီလိတ်၊ မတ်လ (၂၂) ရက်။ တာချီလိတ်ခရိုင်အတွင်း ရာဘာခြံများတွင် လုပ်သားရှားပါးမှုနှင့် ရောင်းချရန် ဈေးကွက်မရှိသည့်အတွက် ရာဘာထုတ်လုပ်မှု ရပ်ဆိုင်းထားရကြောင်း လုပ်ငန်းရှင်များထံမှ သိရသည်။

"ဒီဒေသမှာ အလုပ်သမားအတွက် ပြည်တွင်းက ခေါ်ယူပြီး အသုံးပြုရတာ အခုလုပ်ငန်းခွင်မှာ ရာဘာခြစ်တတ်တဲ့ အလုပ်သမားဆိုရင် ထွက်လာတဲ့ ရာဘာကို တစ်ယောက်တစ်ဝက်ယူတဲ့ အနေနဲ့ လုပ်နေရတယ်။ အရေးအကြီးဆုံး ဈေးကွက်လည်း ပျောက်နေတယ်။ တရုတ်ကဝယ်ရင် တစ်ကီလိုမှ (၁၈)ဘတ်နှုန်း (ကျပ် ၆၀၀)ပဲပေးတာ လုံးဝမကိုက်ဘူး"ဟု ရာဘာလုပ်ငန်းရှင်များအသင်းမှ အတွင်းရေးမှူး ဦးထိန်မင်းက ပြောသည်။

ရာဘာခြံ အလုပ်သမားတစ်ဦးလျှင် နေ့တွက်ခအဖြစ် တစ်ဦးလျှင် (၂၀၀)ဘတ်ခန့် (ကျပ် ၆၆၈၀) ပေးရပြီး အဆိုပါ လုပ်သားများကို မွန်ပြည်နယ်အပါအဝင် အခြားပြည်နယ်နှင့် တိုင်းဒေသကြီးများမှ ခေါ်ယူအသုံးပြုခြင်း ဖြစ်ကြောင်း သိရသည်။

 "ဒီဘက်မှာက ရာဘာလုပ်သားတွေက ရှားပါးတယ်။ ဒါကြောင့် တချို့စီးပွားရှင်တွေက တချိန် ချိန်မှာ ရော်ဘာဈေးကွက် ပြန်လည်ရပ်တည်လာမယ်ဆိုရင် အလုပ်သမားပြဿနာ မရှိအောင် အဲဒီအလုပ်သမားတွေကို ထိန်းထားတဲ့အနေနဲ့ အခုအချိန်မှာ အရှုံးခံပြီး ဆက်လက်စိုက်ပျိုးနကြေတာပါ။"ဟု တာချီလိတ်ခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှုး ဦးလှဝင်းက ပြောသည်။

ယခုလက်ရှိ ရာဘာဈေးနှုန်းမှာ တွက်ခြေမကိုက်သဖြင့် လုပ်ငန်းရှင်အချို့မှာ ရာဘာခြံများအား စွန့်ပစ်ထားမှုများရှိနေကြောင်း၎င်းထံမှ သိရသည်။

ရာဘာဈေးကွက်ပြန်လည်ကောင်းစေရန် ရာဘာစိုက်ပျိုး နည်းပညာများကို လေ့လာစိုက်ပျိုးသင့်သည့်အပြင် ဆန်စပါး၊ ပဲစသည့် ကုန်စည်များ တင်ပို့သည့်နည်းတူ MOU စာချုပ် ချုပ်ဆိုပြီး တင်ပို့ ရောင်းချသင့်ကြောင်း စိုက်ပျိုးရေးဦးစီးဌာနက အကြံပြုသည်။

ရာဘာခြံများ အဆင့်မီစေရန်အတွက် စိုက်ပျိုးရေးဦးစီးဌာနအနေနှင့် အပင်မျိုးကောင်း၊ မျိုးသန့်ရရှိရန်နှင့် လိုအပ်သော စိုက်ပျိုးရေးနည်းပညာများ ထောက်ပံ့နိုင်မည်ဖြစ်ကြောင်း တာချီလိတ်ခရိုင်စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။

သတင်း။ ဇောင်းညီ

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  


~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~