ျပည္ေထာင္စုအစုိးရဖြဲ႔ၿပီးသည္ႏွင့္ ရခုိင္ျပည္နယ္လႊတ္ေတာ္စတင္ရန္ အဆင္သင့္

ျပည္ေထာင္စုအစုိးရဖြဲ႔ၿပီးသည္ႏွင့္ ရခုိင္ျပည္နယ္လႊတ္ေတာ္စတင္ရန္ အဆင္သင့္
မတ် 15, 2016
By Tachileik News Agency

စစ္ေတြ၊ မတ္လ (၁၅) ရက္ ။  ။ျပည္ေထာင္စုအစုိးရဖြဲ႔စည္းၿပီးသည္ႏွင့္ ျပည္နယ္လႊတ္ေတာ္ကုိ စတင္ၿပီးေခၚယူရန္ အဆင့္သင့္ျဖစ္ေနေၾကာင္း  ရခုိင္ျပည္နယ္ လႊတ္ေတာ္ဒုတိယဥကၠဌ ဦးဖုိးမင္းက ေျပာၾကားလိုက္သည္။

“ လႊတ္ေတာ္ကစၿပီးက်င္းပရင္ ရေနပါၿပီ။ ဒါေပမဲ့ ျပည္နယ္အစုိးရ၊ ျပည္ေထာင္စုအစုိးရေရာ မဖြဲ႕ရေသးတာနဲ႔ လႊတ္ေတာ္ကုိ မက်င္းပဘဲ ၾကာသြားတာပါ။ ျပည္ေထာင္စုအစုိးရဖြဲ႕စည္းၿပီးၿပီဆုိရင္ လာမယ့္ ၁၁ ရက္ေန႔ ေလာက္ကုိ က်င္းပႏုိင္ဖြယ္ရွိပါတယ္”ဟု ဦးဖိုးမင္းက ဆိုသည္။

ရခိုင္ျပည္နယ္လႊတ္ေတာ္ကို ေဖေဖာ္ဝါရီလ ၈ ရက္ေန႔က တစ္ရက္သာ ေခၚယူက်င္းပခဲ့ၿပီး လႊတ္ေတာ္ဥကၠဌႏွင့္ ဒုလႊတ္ေတာ္ ဥကၠဌမ်ားကို ေရြးခ်ယ္ျခင္းကိုသာ လုပ္ေဆာင္ၿပီး ရပ္နားထားျခင္းျဖစ္သည္။

အျခား တိုင္းေဒသႀကီးမ်ားႏွင့္ ျပည္နယ္လႊတ္ေတာ္မ်ား ေခၚယူက်င္းပေနေသာ္လည္း ရခိုင္ျပည္နယ္လႊတ္ေတာ္ မစတင္ႏုိင္ေသးသျဖင့္ ေဒသလိုအပ္ခ်က္မ်ား ျဖည့္စြက္ရန္ ေနာက္က်မႈမ်ားရိွလာႏုိင္သည္ဟု ဘူးသီးေတာင္ၿမိဳ႕နယ္ ျပည္နယ္လႊတ္ေတာ္ အမတ္ ဦးထြန္းေအာင္သိန္းက ဆုိသည္။

“ေဒသမွာရွိတဲ့ ျပည္သူေတြရဲ႕လုိအပ္ခ်က္ေတြကုိ မေဆာင္ရြက္ေပးႏုိင္ဘူး။ အျခားတစ္ဘက္မွာ အစုိးရအဖြဲ႕ ဖြဲ႔စည္းႏုိင္မႈေနာက္က်ေနျခင္းက ျပည္နယ္ရဲ႕ ဖြံၿဖိဳးတုိးတက္မႈ၊ ေတာင္းဆုိမႈေတြကုိ ေဆြးေႏြးဖုိ႔ ေနာက္က်ေစႏုိင္တယ္”ဟု ဦးထြန္းေအာင္သိန္းက ဆိုသည္။

ရခုိင္ျပည္နယ္လႊတ္ေတာ္တြင္ ရခုိင္အမ်ိဳးသားပါတီမွ (၂၃) ဦး၊ အမ်ိဳးသားဒီမုိကေရစီအဖြဲ႕ခ်ဳပ္မွ (၈) ဦး၊ ျပည္ေထာင္စုႀကံ႕ခုိင္ေရးႏွင့္ ဖြ႕ံၿဖိဳးေရးပါတီမွ (၃)ဦး၊ တပ္မေတာ္သား လႊတ္ေတာ္ကုိယ္စားလွယ္ (၁၂) ဦး စုစုေပါင္း (၄၆) ဦးရွိၿပီး လႊတ္ေတာ္ ဥကၠဌေနရာမ်ားကုိ ရခုိင္အမ်ိဳးသားပါတီမွ ရရိွထားျခင္းျဖစ္သည္။

ရခုိင္ျပည္နယ္၏ ၀န္ႀကီးခ်ဳပ္ေနရာကုိ အမ်ဳိးသားဒီမုိကေရစီအဖြဲ႔ခ်ဳပ္ ရခုိင္ျပည္နယ္ ဥကၠဌ ဦးညီပုကုိ လ်ာထားေၾကာင္း မတ္လ ၄ ရက္ေန႔က ေနျပည္ေတာ္တြင္ က်င္းပခဲ့သည့္ NLD ၏ ဗဟုိအလုပ္အမႈေဆာင္ အစည္းအေ၀း ဆုံးျဖတ္ခ်က္အရ သိရသည္။

သတင္း။  ။ RiA
************

( စစ်တွေ၊ မတ်လ (၁၅) ရက်။ပြည်ထောင်စုအစိုးရဖွဲ့စည်းပြီးသည်နှင့် ပြည်နယ်လွှတ်တော်ကို စတင်ပြီးခေါ်ယူရန် အဆင့်သင့်ဖြစ်နေကြောင်း ရခိုင်ပြည်နယ် လွှတ်တော်ဒုတိယဥက္ကဌ ဦးဖိုးမင်းက ပြောကြားလိုက်သည်။

“ လွှတ်တော်ကစပြီးကျင်းပရင် ရနေပါပြီ။ ဒါပေမဲ့ ပြည်နယ်အစိုးရ၊ ပြည်ထောင်စုအစိုးရရော မဖွဲ့ရသေးတာနဲ့ လွှတ်တော်ကို မကျင်းပဘဲ ကြာသွားတာပါ။ ပြည်ထောင်စုအစိုးရဖွဲ့စည်းပြီးပြီဆိုရင် လာမယ့် ၁၁ ရက်နေ့ လောက်ကို ကျင်းပနိုင်ဖွယ်ရှိပါတယ်”ဟု ဦးဖိုးမင်းက ဆိုသည်။

ရခိုင်ပြည်နယ်လွှတ်တော်ကို ဖေဖော်ဝါရီလ ၈ ရက်နေ့က တစ်ရက်သာ ခေါ်ယူကျင်းပခဲ့ပြီး လွှတ်တော်ဥက္ကဌနှင့် ဒုလွှတ်တော် ဥက္ကဌများကို ရွေးချယ်ခြင်းကိုသာ လုပ်ဆောင်ပြီး ရပ်နားထားခြင်းဖြစ်သည်။

အခြား တိုင်းဒေသကြီးများနှင့် ပြည်နယ်လွှတ်တော်များ ခေါ်ယူကျင်းပနေသော်လည်း ရခိုင်ပြည်နယ်လွှတ်တော် မစတင်နိုင်သေးသဖြင့် ဒေသလိုအပ်ချက်များ ဖြည့်စွက်ရန် နောက်ကျမှုများရှိလာနိုင်သည်ဟု ဘူးသီးတောင်မြို့နယ် ပြည်နယ်လွှတ်တော် အမတ် ဦးထွန်းအောင်သိန်းက ဆိုသည်။

“ဒေသမှာရှိတဲ့ ပြည်သူတွေရဲ့လိုအပ်ချက်တွေကို မဆောင်ရွက်ပေးနိုင်ဘူး။ အခြားတစ်ဘက်မှာ အစိုးရအဖွဲ့ ဖွဲ့စည်းနိုင်မှုနောက်ကျနခြေင်းက ပြည်နယ်ရဲ့ ဖွံဖြိုးတိုးတက်မှု၊ တောင်းဆိုမှုတွေကို ဆွေးနွေးဖို့ နောက်ကျစေနိုင်တယ်”ဟု ဦးထွန်းအောင်သိန်းက ဆိုသည်။

ရခိုင်ပြည်နယ်လွှတ်တော်တွင် ရခိုင်အမျိုးသားပါတီမှ (၂၃) ဦး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ (၈) ဦး၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ (၃)ဦး၊ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် (၁၂) ဦး စုစုပေါင်း (၄၆) ဦးရှိပြီး လွှတ်တော် ဥက္ကဌနေရာများကို ရခိုင်အမျိုးသားပါတီမှ ရရှိထားခြင်းဖြစ်သည်။

ရခိုင်ပြည်နယ်၏ ဝန်ကြီးချုပ်နေရာကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရခိုင်ပြည်နယ် ဥက္ကဌ ဦးညီပုကို လျာထားကြောင်း မတ်လ ၄ ရက်နေ့က နပြေည်တော်တွင် ကျင်းပခဲ့သည့် NLD၏ ဗဟိုအလုပ်အမှုဆောင် အစည်းအေဝး ဆုံးဖြတ်ချက်အရ သိရသည်။

သတင်း။ RiA

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~ ေၾကာ္ျငာ ~~~~~~