သံတြဲ၌ လူတစ္ဦးေသဆံုးသည့္ ယာဥ္တိုက္မႈေၾကာင့္ ကိုရီးယားႏိုင္ငံသားအား အေရးယူ

သံတြဲ၌ လူတစ္ဦးေသဆံုးသည့္ ယာဥ္တိုက္မႈေၾကာင့္ ကိုရီးယားႏိုင္ငံသားအား အေရးယူ
မတ် 13, 2016
By Tachileik News Agency


သံတြဲ၊ မတ္လ (၁၃) ရက္ ။   ။ ရခိုင္ျပည္နယ္၊ သံတြဲၿမိဳ႕နယ္ ပုဇြန္ေျဖေက်းရြာအုပ္စု၊ ေက်းပင္ရြာ အနီးတြင္ ယာဥ္တိုက္မႈေၾကာင့္ ဒဏ္ရာရသူႏွစ္ဦး ေဆးကုသမႈ ခံယူေနစဥ္ တစ္ဦးေသဆံုးသြားသျဖင့္ ယာဥ္ေမာင္း ကိုရီးယားနိုင္ငံသားအား ပုဒ္မေျပာင္းလဲကာ တရားစြဲဆိုထားေၾကာင္း သံတြဲၿမိဳ႕နယ္ ရဲတပ္ဖြဲ႔မွဴးရံုးမွ သတင္းရရွိသည္။

ႏိုင္ငံတကာယာဥ္ေမာင္းလိုင္စင္ ကိုင္ေဆာင္ထားသည့္ အသက္(၅၁)နွစ္အရြယ္ ကိုရီးယားနိုင္ငံသား Mr Kang Yenmo သည္ မတ္လ (၁၁)ရက္ ညေနက သံတြဲဘက္မွ ဂြၿမိဳ႕ဘက္သို႔  ကားေမာင္းလာစဥ္ ဂြၿမိဳ႕ဘက္မွ ေမာင္းႏွင္လာေသာ ဆိုင္ကယ္ႏွင့္  မ်က္ႏွာခ်င္းဆိုင္တိုက္မိၿပီး ဆိုင္ကယ္စီးလာသူႏွစ္ဦးမွာ ထိခိုက္ဒဏ္ရာ ရရွိသြားသျဖင့္ သံတြဲေဆးရံုတြင္ ပို႔ေဆာင္၍ ကုသမႈခံယူေနစဥ္ ေယာက်္ားျဖစ္သူမွာ သံတြဲေဆးရံုတြင္ မတ္လ (၁၁)ည (၁၀)နာရီ (၃၅)မိနစ္အခ်ိန္က ေသဆံုးသြားျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ယာဥ္တိုက္မႈႏွင့္ ပတ္သက္၍ ေက်ာက္ႀကီးနယ္ေျမရဲစခန္းတြင္ ယာဥ္(ပ) ၁/၂၀၁၆၊ ျပစ္မႈပုဒ္မ ၂၇၉/၃၃၈ အရ အမႈဖြင့္ေဆာင္ရြက္ကာ ဒဏ္ရာရသြားသူႏွစ္ဦးအား သံတြဲေဆးရံုသို႔ ပို႔ေဆာင္ထားျခင္းျဖစ္ၿပီး ဒဏ္ရာရ လူနာမွာ ေဆးကုသမႈ ခံယူေနစဥ္ ေသဆုံးသြားသျဖင့္  ျပစ္မႈပုဒ္မ ၂၇၉/၃၃၈ မွ ၃၃၈/၃၀၄(က) သို႔ ေျပာင္းလဲကာ စစ္ေဆးလွ်က္ရွိေၾကာင္း သတင္းရရွိသည္။

အဆိုပါ ကိုရီးယားနိုင္ငံသားမွာ ရန္ကုန္ၿမိဳ႕ ေျမာက္ဥကၠလာပၿမိဳ႕နယ္ ေျမာက္ဥကၠလာစက္မႈဇံုရိွ ကားအေရာင္းျပခန္းပိုင္ရွင္ျဖစ္ေၾကာင္း သိရသည္။

သတင္း။  ။ RiA
**********

( unicode )

သံတွဲ၊ မတ်လ (၁၃) ရက်။ ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ် ပုဇွန်ဖြေကျေးရွာအုပ်စု၊ ကျေးပင်ရွာ အနီးတွင် ယာဉ်တိုက်မှုကြောင့် ဒဏ်ရာရသူနှစ်ဦး ဆေးကုသမှု ခံယူနေစဉ် တစ်ဦးသေဆုံးသွားသဖြင့် ယာဉ်မောင်း ကိုရီးယားနိုင်ငံသားအား ပုဒ်မပြောင်းလဲကာ တရားစွဲဆိုထားကြောင်း သံတွဲမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

နိုင်ငံတကာယာဉ်မောင်းလိုင်စင် ကိုင်ဆောင်ထားသည့် အသက်(၅၁)နှစ်အရွယ် ကိုရီးယားနိုင်ငံသား Mr Kang Yenmo သည် မတ်လ (၁၁)ရက် ညနေက သံတွဲဘက်မှ ဂွမြို့ဘက်သို့ ကားမောင်းလာစဉ် ဂွမြို့ဘက်မှ မောင်းနှင်လာသော ဆိုင်ကယ်နှင့် မျက်နှာချင်းဆိုင်တိုက်မိပြီး ဆိုင်ကယ်စီးလာသူနှစ်ဦးမှာ ထိခိုက်ဒဏ်ရာ ရရှိသွားသဖြင့် သံတွဲဆေးရုံတွင် ပို့ဆောင်၍ ကုသမှုခံယူနေစဉ် ယောကျာ်းဖြစ်သူမှာ သံတွဲဆေးရုံတွင် မတ်လ (၁၁)ည (၁၀)နာရီ (၃၅)မိနစ်အချိန်က သေဆုံးသွားခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ယာဉ်တိုက်မှုနှင့် ပတ်သက်၍ ကျောက်ကြီးနယ်မြေရဲစခန်းတွင် ယာဉ်(ပ) ၁/၂၀၁၆၊ ပြစ်မှုပုဒ်မ ၂၇၉/၃၃၈ အရ အမှုဖွင့်ဆောင်ရွက်ကာ ဒဏ်ရာရသွားသူနှစ်ဦးအား သံတွဲဆေးရုံသို့ ပို့ဆောင်ထားခြင်းဖြစ်ပြီး ဒဏ်ရာရ လူနာမှာ ဆေးကုသမှု ခံယူနေစဉ် သေဆုံးသွားသဖြင့် ပြစ်မှုပုဒ်မ ၂၇၉/၃၃၈ မှ ၃၃၈/၃၀၄(က) သို့ ပြောင်းလဲကာ စစ်ဆေးလျှက်ရှိကြောင်း သတင်းရရှိသည်။

အဆိုပါ ကိုရီးယားနိုင်ငံသားမှာ ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ် မြောက်ဥက္ကလာစက်မှုဇုံရှိ ကားအရောင်းပြခန်းပိုင်ရှင်ဖြစ်ကြောင်း သိရသည်။

သတင်း။ RiA

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~