ရခုိင္ျပည္နယ္တြင္ ဗုဒၶတကၠသုိလ္ တည္ေဆာက္မည္

ရခုိင္ျပည္နယ္တြင္ ဗုဒၶတကၠသုိလ္ တည္ေဆာက္မည္
မတ် 6, 2016
By Tachileik News Agency

( ရုပ္သံ )

ရခိုင္ျပည္နယ္မွာ ပထမဆံုး ဗုဒၶတကၠသိုလ္တစ္ခုကို အလိုေတာ္ျပည့္ဆရာေတာ္ႀကီး (စစ္ေတြ) က ဦးစီး ဖြင့္လွစ္သြားမယ္လို႔ သိရပါတယ္။

အဆိုပါတကၠသိုလ္ေက်ာင္းကို လာမယ့္ ၃ ႏွစ္အတြင္း အၿပီးေဆာက္လုပ္သြားမွာျဖစ္ၿပီး ႏိုင္ငံတကာမွာ ပညာသင္ၾကားရန္ ေရာက္ရွိေနတဲ့ သံဃာေတာ္ေတြ လာေရာက္ သင္ၾကားေပးႏိုင္ေအာင္ ႀကိဳးစားသြားမယ္လို႔ ဆရာေတာ္ ၪာဏုတၱရက မိန္႔ၾကားခဲ့ပါတယ္။

အဆုိပါ မိန္႔ၾကားမႈကုိ မတ္လ ၅ ရက္ေန႔ စစ္ေတြၿမဳိ႕ ဦးဥတၱမခန္းမမွာ ျပဳလုပ္ခဲ့တဲ့ ဗုဒၶတကၠသုိလ္ တည္ေဆာက္ေရး ေဆြးေႏြးပြဲမွာ ထည့္သြင္းေျပာၾကားခဲ့တာာ ျဖစ္ပါတယ္။

တကၠသိုလ္ေက်ာင္းမွာ အစုိးရပထမျပန္ကေန စၿပီးေတာ့ ပထမႀကီးတန္း၊ တကၠသုိလ္ဝင္ခြင့္ေအာင္ျမင္ၿပီး ရွင္သာမေဏမ်ား၊ရဟန္းေတာ္မ်ား၊သီလရွင္မ်ားႏွင့္ အနည္းဆုံး တကၠသုိလ္ဝင္တန္း ေအာင္ျမင္ၿပီးသူမ်ားအတြက္ ဒီပလုိမာ၊ဘြဲႀကိဳတန္း၊မဟာဝိဇၨာတန္း၊ေတြကုိလည္း သင္ၾကားႏုိင္ေအာင္ ေဆာင္ရြက္သြားမယ္လို႔ ဗုဒၶတကၠသုိလ္ ျဖစ္ေျမာက္ေရး အဖြဲ႔က ဆုိပါတယ္။

တင္ဆက္ ။  ။ ေက်ာ္ဇ(RiA)

(   ဒီသတင္းကို Tachileik News Agency ႏွင့္ Root Investigative Agency တို႔ မိတ္ဖက္မီဒီယာအျဖစ္ ပူးေပါင္းတင္ဆက္ ထားပါတယ္။ )
------------------

ရခိုင်ပြည်နယ်မှာ ပထမဆုံး ဗုဒ္ဓတက္ကသိုလ်တစ်ခုကို အလိုတော်ပြည့်ဆရာတော်ကြီး (စစ်တွေ) က ဦးစီး ဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။

အဆိုပါတက္ကသိုလ်ကျောင်းကို လာမယ့် ၃ နှစ်အတွင်း အပြီးဆောက်လုပ်သွားမှာဖြစ်ပြီး နိုင်ငံတကာမှာ ပညာသင်ကြားရန် ရောက်ရှိနေတဲ့ သံဃာတော်တွေ လာရောက် သင်ကြားပေးနိုင်အောင် ကြိုးစားသွားမယ်လို့ ဆရာတော် ဉာဏုတ္တရက မိန့်ကြားခဲ့ပါတယ်။

အဆိုပါ မိန့်ကြားမှုကို မတ်လ ၅ ရက်နေ့ စစ်တွမြေို့ ဦးဥတ္တမခန်းမမှာ ပြုလုပ်ခဲ့တဲ့ ဗုဒ္ဓတက္ကသိုလ် တည်ဆောက်ရေး ဆွေးနွေးပွဲမှာ ထည့်သွင်းပြောကြားခဲ့တာ ဖြစ်ပါတယ်။

တက္ကသိုလ်ကျောင်းမှာ အစိုးရပထမပြန်ကနေ စပြီးတော့ ပထမကြီးတန်း၊ တက္ကသိုလ်ဝင်ခွင့်အောင်မြင်ပြီး ရှင်သာမဏေများ၊ရဟန်းတော်များ၊သီလရှင်များနှင့် အနည်းဆုံး တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးသူများအတွက် ဒီပလိုမာ၊ဘွဲကြိုတန်း၊မဟာဝိဇ္ဇာတန်း၊တွေကိုလည်း သင်ကြားနိုင်အောင် ဆောင်ရွက်သွားမယ်လို့ ဗုဒ္ဓတက္ကသိုလ် ဖြစ်မြောက်ရေး အဖွဲ့က ဆိုပါတယ်။

တင်ဆက်။ ကျော်ဇ(RiA)
( ဒီသတင်းကို Tachileik News Agency နှင့် Root Investigative Agency တို့ မိတ်ဖက်မီဒီယာအဖြစ် ပူးပေါင်းတင်ဆက် ထားပါတယ်။ )

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net