ဘူးသီးေတာင္ၿမိဳ႕နယ္အတြင္း တုိက္ပြဲျဖစ္ပြားၿပီးေနာက္ နယ္စပ္ကုန္စည္စီးဆင္းမႈမ်ား ရပ္ဆုိင္း

ဘူးသီးေတာင္ၿမိဳ႕နယ္အတြင္း တုိက္ပြဲျဖစ္ပြားၿပီးေနာက္ နယ္စပ္ကုန္စည္စီးဆင္းမႈမ်ား ရပ္ဆုိင္း
မတ် 10, 2016
By Tachileik News Agency

စစ္ေတြ၊ မတ္လ (၁၀) ရက္ ။   ။ ရခုိင္ျပည္နယ္၏ နယ္စပ္ၿမိဳ႕ျဖစ္သည့္ ဘူးသီးေတာင္ၿမိဳ႕တြင္ မတ္လ (၃)ရက္ေန႔က ျမန္မာ့တပ္မေတာ္ႏွင့္ ရခိုင္တိုင္းရင္းသား လက္နက္ကိုင္တပ္ (ရကၡိဳင္တပ္မေတာ္ - AA) တို႔ တိုက္ပြဲျဖစ္ပြားမႈေၾကာင့္ နယ္စပ္စီးပြားေရး လုပ္ငန္းမ်ား ရပ္ဆုိင္းသြားေၾကာင္း သိရသည္။

ဘူးသီးေတာင္ၿမိဳ႕နယ္သို႔ အဓိက တင္သြင္းေနသည့္ ဘဂၤလားေဒ့ရွ္ႏုိင္ငံထုတ္ သြပ္ေရအုိးမ်ား၊ အထည္မ်ား၊ အလွကုန္စသည့္ ကုန္ပစၥည္းမ်ား ယခု ရက္ပုိင္းအတြင္း ပုိၿပီးနည္းပါးလာေနေၾကာင္း ဘူးသီးေတာင္-စစ္ေတြႏွင့္ ဘဂၤလားေဒ့ရွ္ ကုန္စည္ ပုိ႔ေဆာင္ေရးလုပ္ငန္း လုပ္ေနသူ ကုိေက်ာ္စုိးက ထံမွ သိရသည္။

“ၿပီးခဲ့တဲ့ ႏွစ္ဒီအခ်ိန္ဆုိ သၾကၤန္နီးတာနဲ႕ ကုန္ေတြက အေရာင္းအဝယ္ျဖစ္ေနၾကတာပဲ။ လြန္ခဲ့တဲ့ရက္ေတြ ကလည္း ကုန္ေတြ ဘူးသီးေတာင္ဘက္က အဝင္မ်ားခဲ့ပါတယ္။ ဒါေပမဲ့ ဒီႏွစ္မွာ အဲဒီဘက္က ဆူပူမႈ တစ္ခုျဖစ္ေတာ့ ကုန္ေတြသယ္တဲ့ ကယ္ရီသမားေတြ ကုိယ္တုိင္ ခရီးမသြားတာေၾကာင့္ရယ္၊ နယ္စပ္ ၀င္/ထြက္ေပါက္ေတြမွာ စစ္ေဆးေရး ပုိမုိခ်ထားတာေတြေၾကာင့္ ကုန္စည္ၾကန္႔ၾကာမႈအပါအ၀င္ ပုိ႔ကုန္သြင္းကုန္ေတြတခ်ဳိ႕ ရပ္ဆုိင္းသြားတယ္။”ဟု ကိုေက်ာ္စိုးက ဆိုသည္။

ဘူးသီးေတာင္ၿမိဳ႕နယ္သည္ ရခုိင္ျပည္နယ္၏ နယ္စပ္ စီးပြားေရးတြင္ အဓိက အားထားရသည့္ ေမာင္ေတာၿမိဳ႕နယ္သို႔ သြားရန္ တစ္ေထာက္ နားခုိရသည့္ ေနရာတစ္ခုျဖစ္ၿပီး ရခိုင္ျပည္နယ္အတြင္း ၂၀၁၂ ခုႏွစ္ ပဋိပကၡကတည္းက ညမထြက္ရအမိန္႔ ပုဒ္မ ၁၄၄ ကုိ မရုတ္သိမ္းေသးႏုိင္ေသးသည့့္ ရခုိင္ျပည္နယ္တြင္းမွ တစ္ခုတည္းေသာ ၿမဳိ႕နယ္ ျဖစ္သည္။

သတင္း ။  ။ RiA
****************

( unicode )

စစ်တွေ၊ မတ်လ (၁၀) ရက်။ ရခိုင်ပြည်နယ်၏ နယ်စပ်မြို့ဖြစ်သည့် ဘူးသီးတောင်မြို့တွင် မတ်လ (၃)ရက်နေ့က မြန်မာ့တပ်မတော်နှင့် ရခိုင်တိုင်းရင်းသား လက်နက်ကိုင်တပ် (ရက္ခိုင်တပ်မတော် - AA) တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် နယ်စပ်စီးပွားရေး လုပ်ငန်းများ ရပ်ဆိုင်းသွားကြောင်း သိရသည်။

ဘူးသီးတောင်မြို့နယ်သို့ အဓိက တင်သွင်းနေသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံထုတ် သွပ်ရေအိုးများ၊ အထည်များ၊ အလှကုန်စသည့် ကုန်ပစ္စည်းများ ယခု ရက်ပိုင်းအတွင်း ပိုပြီးနည်းပါးလာနေကြောင်း ဘူးသီးတောင်-စစ်တွေနှင့် ဘင်္ဂလားဒေ့ရှ် ကုန်စည် ပို့ဆောင်ရေးလုပ်ငန်း လုပ်နေသူ ကိုကျော်စိုးက ထံမှ သိရသည်။

“ပြီးခဲ့တဲ့ နှစ်ဒီအချိန်ဆို သင်္ကြန်နီးတာနဲ့ ကုန်တွေက အရောင်းအဝယ်ဖြစ်နကြေတာပဲ။ လွန်ခဲ့တဲ့ရက်တွေ ကလည်း ကုန်တွေ ဘူးသီးတောင်ဘက်က အဝင်များခဲ့ပါတယ်။ ဒါပေမဲ့ ဒီနှစ်မှာ အဲဒီဘက်က ဆူပူမှု တစ်ခုဖြစ်တော့ ကုန်တွေသယ်တဲ့ ကယ်ရီသမားတွေ ကိုယ်တိုင် ခရီးမသွားတာကြောင့်ရယ်၊ နယ်စပ် ဝင်/ထွက်ပေါက်တွေမှာ စစ်ဆေးရေး ပိုမိုချထားတာတွေကြောင့် ကုန်စည်ကြန့်ကြာမှုအပါအဝင် ပို့ကုန်သွင်းကုန်တွေတချို့ ရပ်ဆိုင်းသွားတယ်။”ဟု ကိုကျော်စိုးက ဆိုသည်။

ဘူးသီးတောင်မြို့နယ်သည် ရခိုင်ပြည်နယ်၏ နယ်စပ် စီးပွားရေးတွင် အဓိက အားထားရသည့် မောင်တောမြို့နယ်သို့ သွားရန် တစ်ထောက် နားခိုရသည့် နေရာတစ်ခုဖြစ်ပြီး ရခိုင်ပြည်နယ်အတွင်း ၂၀၁၂ ခုနှစ် ပဋိပက္ခကတည်းက ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ကို မရုတ်သိမ်းသေးနိုင်သေးသည့် ရခိုင်ပြည်နယ်တွင်းမှ တစ်ခုတည်းသော မြို့နယ် ဖြစ်သည်။

သတင်း။ RiA

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~