တာခ်ီလိတ္ၿမိဳ႕ ပုန္းထြန္ေခ်ာင္းအထက္တြင္ သႀကၤန္ကာလအတြက္ ေစ်းဆိုင္ခန္း (၄၀)ခန္႔ ဖြင့္လွစ္ထားၿပီး၊ ခြင့္ျပဳခ်က္မရွိသည့္ တံတားေအာက္ဘက္ရွိ ဆိုင္ခန္းမ်ားအား ဖယ္ေပးရန္ အသိေပးထား

တာခ်ီလိတ္ၿမိဳ႕ ပုန္းထြန္ေခ်ာင္းအထက္တြင္ သႀကၤန္ကာလအတြက္ ေစ်းဆိုင္ခန္း (၄၀)ခန္႔ ဖြင့္လွစ္ထားၿပီး၊ ခြင့္ျပဳခ်က္မရွိသည့္ တံတားေအာက္ဘက္ရွိ ဆိုင္ခန္းမ်ားအား ဖယ္ေပးရန္ အသိေပးထား
မတ် 18, 2016
By Tachileik News Agency



တာခ်ီလိတ္၊ မတ္လ (၁၈) ရက္ ။   ။ တာခ်ီလိတ္ၿမိဳ႕နယ္၊ လြယ္ေတာ္ခမ္းေက်းရြာအုပ္စုအတြင္း၊ ပုန္းထြန္ေခ်ာင္းကမ္းစပ္ အပန္းေျဖစခန္းတြင္ သၾကၤန္ကာလအတြက္ ေစ်းဆိုင္ခန္း(၄၀)ခန္႔ ဖြင့္လွစ္ထားၿပီးျဖစ္ေၾကာင္း အပန္းေျဖ စခန္းတာ၀န္ရွိသူမ်ားထံမွ သိရသည္။

"ကၽြန္ေတာ္တို႔ ေက်းရြာရန္ပံုေငြအတြက္ ေစ်းဆိုင္ခန္းေတြ ေဆာက္လုပ္တာပါ။ ဆိုင္ခန္းေတြက အရင္ကတည္းက သူ႔ေနရာနဲ႔သူပါပဲ။ ကၽြန္ေတာ္တို႔အေနနဲ႔ အရင္က တစ္ရက္(၅၀၀)ႏွဳန္းေကာက္ခဲ့ေပမယ့္ အခုေတာ့ တစ္ရာသီစာအျဖစ္ ဆိုင္ခန္းတစ္ခန္းကို အက်ယ္အ၀န္းလိုက္ၿပီး ဘတ္(၆၀၀၀)ကေန ဘတ္(၁၀၀၀၀)ထိ ေကာက္ခံသြားမွာပါ။ အခုတခ်ိဳ႕ဆိုင္ေတြလည္း လာဖြင့္ေနၾကၿပီ။ တခ်ိဳ႕ဆိုင္ေတြေတာ့ သၾကၤန္ရက္နီးၿပီး လူက်တဲ့အခ်ိန္မွာ လာဖြင့္ၾကတာ"ဟု ပုန္းထြန္ေခ်ာင္း အပန္းေျဖစခန္းတာ၀န္ခံ ကိုအားဂ်ာက ေျပာသည္။

အဆိုပါ အပန္းေျဖစခန္းရိွ ေစ်းဆိုင္ခန္းမ်ားမွ ေကာက္ခံရရွိေသာ ရန္ပံုေငြမ်ားအား ရပ္/ေက်းရံုး ရန္ပံုေငြအျဖစ္ ထားရွိကာ လြယ္ေတာ္ခမ္းေက်းရြာအုပ္စုအတြင္း ေဒသဖြံ႕ၿဖိဳးေရးလုပ္ငန္းမ်ားတြင္ အသံုးျပဳျခင္းျဖစ္ေၾကာင္း သိရသည္။

လြယ္ေတာ္ခမ္းေက်းရြာအုပ္ခ်ဳပ္ေရးတာ၀န္ရွိသူမ်ားမွ ႏွစ္စဥ္ဖြင့္လွစ္လွ်က္ရွိသည့္ ေရေခ်ာင္း အေပၚပိုင္းတြင္ ေစ်းဆိုင္ခန္းမ်ား ေဆာက္လုပ္၍ အခြန္ေကာက္ခံကာ လံုၿခံဳေရးစီမံေပးလွ်က္ရွိေသာ္လည္း လူအင္အား မလံုေလာက္သျဖင့္ ခြင့္ျပဳခ်က္မဲ့ ဖြင့္လွစ္ထားေသာ လြယ္ေတာ္ခမ္းတံတား ေအာက္ဘက္ရွိ ဆိုင္ခန္းမ်ားကိုေတာ့ လံုျခံဳေရးယူေပးႏိုင္ျခင္း မရွိေၾကာင္း သိရသည္။

"၂၀၁၄၊ ၂၀၁၅ ခုႏွစ္ေတြတုန္းက အဲဒီေအာက္ေခ်ာင္းကို ဖယ္ဖို႔လုပ္ေသးတယ္ မရဘူး။ အဓိကေတာ့ လမ္းလည္း က်ဥ္းတယ္။ အရက္ေသစာေသာက္စားၿပီး ျပႆနာျဖစ္ရင္ ကၽြန္ေတာ္တို႔ မေျဖရွင္းေပးႏိုင္ဘူး။ အႏၱရာယ္လည္း မ်ားတယ္ေလ။ ဒါေၾကာင့္ဖယ္ခ်င္တာပါ။ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးနဲ႔ ဌာနဆိုင္ရာပူးေပါင္းၿပီး ဖယ္ေပးႏိုင္ရင္အဆင္ေျပမယ္"ဟု အပန္းေျဖစခန္း တာ၀န္ခံ ဦးအားဂ်ာက ေျပာသည္။

အဆိုပါ ကိစၥ ႏွင့္ ပတ္သက္၍ လြယ္ေတာ္ခမ္းတံတားေအာက္ဖက္ မယ္ဆိုင္ေခ်ာင္းေဘးတြင္ ခြင့္ျပဳခ်က္မရွိဘဲ ေရာင္းခ်ေနသည့္ ေစ်းသည္မ်ားအား ဖြင့္လွစ္ျခင္း မျပဳရန္ ၿမိဳ႕နယ္အေထြေထြ အုပ္ခ်ဳပ္ေရးဦးစီးဌာနရံုးမွ အသိေပးထားေၾကာင္း သိရသည္။

 ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနရံုး၏ အသိေပးထားခ်က္တြင္ လြယ္ေတာ္ခမ္းတံတား ေအာက္ဘက္၊ မယ္ဆိုင္ေခ်ာင္းေဘးတြင္ ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ မရွိဘဲ ေစ်းဆိုင္ခန္းမ်ား ဖြင့္လွစ္ေရာင္းခ်ေနျခင္းသည္ သႀကၤန္မတိုင္မီႏွင့္ သႀကၤန္ကာလမ်ားတြင္ လမ္းပိတ္ဆို႔ျခင္း၊ မယ္ဆိုင္ေခ်ာင္းအတြင္း စည္းကမ္းမဲ့ အမႈိက္မ်ား စြန္႔ပစ္မႈေၾကာင့္ ေခ်ာင္းပိတ္ဆို႔လာႏိုင္ျခင္း၊ အရက္ေသစာ ေသာက္စားမူးယစ္ ရမ္းကား၍ ခိုက္ရန္ ျဖစ္ပြားျခင္းႏွင့္ အျခားမလိုလားအပ္ေသာ ျပႆနာမ်ားျဖစ္ေပၚလာေစႏိုင္ေသာေၾကာင့္ အမ်ားျပဳသူ အက်ဳိးငွာ တားျမစ္အမိန္႔ ထုတ္ျပန္လိုက္တာျဖစ္ေၾကာင္း ေရးသားထားသည္။

အသိေပးထားခ်က္အား လိုက္နာျခင္းမရွိပါက ျပစ္မႈဆိုင္ရာ ဥပေဒပုဒ္မ (၁၈၈)အရ အေရးယူျခင္းခံရမည္ျဖစ္ေၾကာင္း သိရသည္။

"ကၽြန္မတို႔က ေအာက္ေခ်ာင္းမွာ ေစ်းေရာင္းတာပါ။ ဆိုင္ခန္းခေတာ့ ေျမပိုင္ရွင္ေတြနဲ႔ အဆင္ေျပသလို ညႇိႏွိဳင္းၾကတာေပါ့။ အခု စစခ်င္းဆိုေတာ့ လူသိပ္မက်ေသးေတာ့ ေရာင္းမေကာင္းေသးဘူး"ဟု ပုန္းထြန္(ေအာက္)ေခ်ာင္းတြင္ ေစ်းေရာင္းခ်ေနသူ မခိုင္ေလးကေျပာသည္။

သတင္း။  ။ ကိုဇက္
*****************

( unicode )

တာချီလိတ်၊ မတ်လ (၁၈) ရက်။ တာချီလိတ်မြို့နယ်၊ လွယ်တော်ခမ်းကျေးရွာအုပ်စုအတွင်း၊ ပုန်းထွန်ချောင်းကမ်းစပ် အပန်းဖြေစခန်းတွင် သင်္ကြန်ကာလအတွက် ဈေးဆိုင်ခန်း(၄၀)ခန့် ဖွင့်လှစ်ထားပြီးဖြစ်ကြောင်း အပန်းဖြေ စခန်းတာဝန်ရှိသူများထံမှ သိရသည်။

"ကျွန်တော်တို့ ကျေးရွာရန်ပုံငွေအတွက် ဈေးဆိုင်ခန်းတွေ ဆောက်လုပ်တာပါ။ ဆိုင်ခန်းတွေက အရင်ကတည်းက သူ့နေရာနဲ့သူပါပဲ။ ကျွန်တော်တို့အနေနဲ့ အရင်က တစ်ရက်(၅၀၀)နှုန်းကောက်ခဲ့ပေမယ့် အခုတော့ တစ်ရာသီစာအဖြစ် ဆိုင်ခန်းတစ်ခန်းကို အကျယ်အဝန်းလိုက်ပြီး ဘတ်(၆၀၀၀)ကနေ ဘတ်(၁၀၀၀၀)ထိ ကောက်ခံသွားမှာပါ။ အခုတချို့ဆိုင်တွေလည်း လာဖွင့်နကြပြေီ။ တချို့ဆိုင်တွေတော့ သင်္ကြန်ရက်နီးပြီး လူကျတဲ့အချိန်မှာ လာဖွင့်ကြတာ"ဟု ပုန်းထွန်ချောင်း အပန်းဖြေစခန်းတာဝန်ခံ ကိုအားဂျာက ပြောသည်။

အဆိုပါ အပန်းဖြေစခန်းရှိ ဈေးဆိုင်ခန်းများမှ ကောက်ခံရရှိသော ရန်ပုံငွေများအား ရပ်/ကျေးရုံး ရန်ပုံငွေအဖြစ် ထားရှိကာ လွယ်တော်ခမ်းကျေးရွာအုပ်စုအတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများတွင် အသုံးပြုခြင်းဖြစ်ကြောင်း သိရသည်။

လွယ်တော်ခမ်းကျေးရွာအုပ်ချုပ်ရေးတာဝန်ရှိသူများမှ နှစ်စဉ်ဖွင့်လှစ်လျှက်ရှိသည့် ရေချောင်း အပေါ်ပိုင်းတွင် ဈေးဆိုင်ခန်းများ ဆောက်လုပ်၍ အခွန်ကောက်ခံကာ လုံခြုံရေးစီမံပေးလျှက်ရှိသော်လည်း လူအင်အား မလုံလောက်သဖြင့် ခွင့်ပြုချက်မဲ့ ဖွင့်လှစ်ထားသော လွယ်တော်ခမ်းတံတား အောက်ဘက်ရှိ ဆိုင်ခန်းများကိုတော့ လုံခြုံရေးယူပေးနိုင်ခြင်း မရှိကြောင်း သိရသည်။

"၂၀၁၄၊ ၂၀၁၅ ခုနှစ်တွေတုန်းက အဲဒီအောက်ချောင်းကို ဖယ်ဖို့လုပ်သေးတယ် မရဘူး။ အဓိကတော့ လမ်းလည်း ကျဉ်းတယ်။ အရက်သေစာသောက်စားပြီး ပြဿနာဖြစ်ရင် ကျွန်တော်တို့ မဖြေရှင်းပေးနိုင်ဘူး။ အန္တရာယ်လည်း များတယ်လေ။ ဒါကြောင့်ဖယ်ချင်တာပါ။ မြို့နယ်အုပ်ချုပ်ရေးနဲ့ ဌာနဆိုင်ရာပူးပေါင်းပြီး ဖယ်ပေးနိုင်ရင်အဆင်ပြေမယ်"ဟု အပန်းဖြေစခန်း တာဝန်ခံ ဦးအားဂျာက ပြောသည်။

အဆိုပါ ကိစ္စ နှင့် ပတ်သက်၍ လွယ်တော်ခမ်းတံတားအောက်ဖက် မယ်ဆိုင်ချောင်းဘေးတွင် ခွင့်ပြုချက်မရှိဘဲ ရောင်းချနေသည့် ဈေးသည်များအား ဖွင့်လှစ်ခြင်း မပြုရန် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးမှ အသိပေးထားကြောင်း သိရသည်။

 မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၏ အသိပေးထားချက်တွင် လွယ်တော်ခမ်းတံတား အောက်ဘက်၊ မယ်ဆိုင်ချောင်းဘေးတွင် ခွင့်ပြုချက် တစ်စုံတစ်ရာ မရှိဘဲ ဈေးဆိုင်ခန်းများ ဖွင့်လှစ်ရောင်းချနခြေင်းသည် သင်္ကြန်မတိုင်မီနှင့် သင်္ကြန်ကာလများတွင် လမ်းပိတ်ဆို့ခြင်း၊ မယ်ဆိုင်ချောင်းအတွင်း စည်းကမ်းမဲ့ အမှိုက်များ စွန့်ပစ်မှုကြောင့် ချောင်းပိတ်ဆို့လာနိုင်ခြင်း၊ အရက်သေစာ သောက်စားမူးယစ် ရမ်းကား၍ ခိုက်ရန် ဖြစ်ပွားခြင်းနှင့် အခြားမလိုလားအပ်သော ပြဿနာများဖြစ်ပေါ်လာစေနိုင်သောကြောင့် အများပြုသူ အကျိုးငှါ တားမြစ်အမိန့် ထုတ်ပြန်လိုက်တာဖြစ်ကြောင်း ရေးသားထားသည်။

အသိပေးထားချက်အား လိုက်နာခြင်းမရှိပါက ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ (၁၈၈)အရ အရေးယူခြင်းခံရမည်ဖြစ်ကြောင်း သိရသည်။

"ကျွန်မတို့က အောက်ချောင်းမှာ ဈေးရောင်းတာပါ။ ဆိုင်ခန်းခတော့ မြေပိုင်ရှင်တွေနဲ့ အဆင်ပြေသလို ညှိနှိုင်းကြတာပေါ့။ အခု စစချင်းဆိုတော့ လူသိပ်မကျသေးတော့ ရောင်းမကောင်းသေးဘူး"ဟု ပုန်းထွန်(အောက်)ချောင်းတွင် ဈေးရောင်းချနေသူ မခိုင်လေးကပြောသည်။

သတင်း။ ကိုဇက်

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net