အမ်ိဳးသားလူငယ္ကြန္ဂရက္မွ ျပည္ေထာင္စုလႊတ္ေတာ္သို႔ သြားေရာက္ေလ့လာ

အမ်ိဳးသားလူငယ္ကြန္ဂရက္မွ ျပည္ေထာင္စုလႊတ္ေတာ္သို႔ သြားေရာက္ေလ့လာ
မတ် 26, 2016
By Tachileik News Agency

တာခ်ီလိတ္၊ မတ္လ(၂၆)။   ။ အမ်ိဳးသားလူငယ္ကြန္ဂရက္(National Youth Congress)မွ ၂၀၁၅ အေထြေထြေရြးေကာက္ပြဲ ေစာင့္ၾကည့္ေလ့လာမႈႏွင့္ လူငယ္သေဘာထား ေလ့လာခ်က္ အစီရင္ခံစာအား မတ္လ(၂၅)ရက္ေန႔က လႊတ္ေတာ္ကိုယ္စားလွယ္မ်ားအား ရွင္းလင္းခဲ့ၿပီး ျပည္ေထာင္စုလႊတ္ေတာ္သို႔ ေလ့လာေရးအျဖစ္ သြားေရာက္ခဲ့ေၾကာင္း သိရသည္။

"အဓိကေတာ့ ကြ်န္ေတာ္တို႔ ေရြးေကာက္ပြဲတုန္းက ေစာင့္ၾကည့္ေလ့လာထားတဲ့ အခ်က္ေတြနဲ႔ လူငယ္ေတြကို Research လုပ္ထားတဲ့ အခ်က္ေတြေရးထားတဲ့ အစီရင္ခံစာေတြကို ကိုယ္စားလွယ္ေတြကို ရွင္းလင္းတာပါ၊ ကၽြန္ေတာ္တို႔ (NYC)က လူငယ္ ကိုယ္စားလွယ္(၃)ေယာက္ေလာက္ အခု လႊတ္ေတာ္ထဲေရာက္သြားပါတယ္၊ (NYC)ေဟာင္းေပါ့ ။အခုက (NLD)ကိုယ္စားလွယ္ဆိုေတာ့ Research ထဲမွာေတာ့ အဓိက လူငယ္ေတြ ဘာေၾကာင့္ ႏိုင္ငံေရး မလုပ္တာလဲတို႔၊ လႊတ္ေတာ္မွာ လူငယ္ေတြ ဘယ္ေလာက္ မဲေပးခဲ့လဲဆိုတဲ့ အခ်က္ေတြပါတယ္"ဟု(National Youth Congress)မွ ရွမ္းျပည္နယ္ကိုယ္စားလွယ္ ကိုစိုင္းေသာင္းထြဋ္စိုးက ေျပာသည္။

ေလ့လာခ်က္ အစီရင္ခံစာအတြင္း ပါ၀င္ေသာ အခ်က္မ်ားအား အမ်ိဳးသားလူငယ္ကြန္ဂရက္( National Youth Congress)အဖြဲ႕၀င္မ်ားႏွင့္ လႊတ္ေတာ္ကိုယ္စားလွယ္မ်ား အျပန္အလွန္ေဆြးေႏြးခဲ့ေၾကာင္း ၎ထံမွ သိရသည္။

"လႊတ္ေတာ္ထဲမွာေတာ့ အရင္ကနဲ႔ မတူဘူး လႊတ္ေတာ္အသစ္မွာ ၿမင္ရ ၾကည့္ရသမွ် သစ္လြင္လတ္ဆတ္ေနတယ္လို႔ ထင္ရတယ္၊ ေနာက္ၿပီး ေႏြးေႏြးေထြးေထြးနဲ႔ ရင္းရင္းႏွီးႏွီးခံစားရတယ္လို႔ ထင္တယ္၊ အနာဂတ္ႏိုင္ငံေရးမွာ လူငယ္ေတြအတြက္ ပိုၿပီး အခြင့္အလမ္းေတြ ရလာမယ္လို႔ျမင္ပါတယ္"ဟု ရန္ကုန္လူငယ္ကြန္ရက္ကုိယ္စားလွယ္ျဖစ္သူ မသဥၨာရြန္းလဲ့ရီက ေျပာသည္။

ျပည္ေထာင္စုလႊတ္ေတာ္သို႔ အမ်ိဳးသားလူငယ္ကြန္ဂရက္(National Youth Congress)မွ အဖြဲ႕၀င္(၄၀)ခန္႔ သြားေရာက္ေလ့လာခဲ့ျခင္းျဖစ္ေၾကာင္း၊ လူငယ္သေဘာထား ေလ့လာခ်က္အစီရင္ခံစာတြင္ ျမန္မာႏိုင္ငံအတြင္း လူငယ္မ်ား ႏိုင္ငံေရးႏွင့္ပတ္သက္၍ သေဘာထားအျမင္စစ္တမ္းမ်ားအဓိကပါ၀င္ၿပီး၊  လက္ရွိပညာေရး အေျခအေနမ်ား၊ ကုန္ေစ်းႏွဳန္းျမင့္တက္မႈ စစ္တမ္းမ်ားႏွင့္ ဆင္းရဲမြဲေတမႈ အေျခအေနတို႔အား ေလ့လာခ်က္အစီရင္ခံစာတြင္ ပါ၀င္ေၾကာင္း သိိရသည္။

သတင္း ။  ။ ကိုဇက္

****************

တာချီလိတ်၊ မတ်လ(၂၆)။ အမျိုးသားလူငယ်ကွန်ဂရက်(National Youth Congress)မှ ၂၀၁၅ အထွေထွေရွေးကောက်ပွဲ စောင့်ကြည့်လေ့လာမှုနှင့် လူငယ်သဘောထား လေ့လာချက် အစီရင်ခံစာအား မတ်လ(၂၅)ရက်နေ့က လွှတ်တော်ကိုယ်စားလှယ်များအား ရှင်းလင်းခဲ့ပြီး ပြည်ထောင်စုလွှတ်တော်သို့ လေ့လာရေးအဖြစ် သွားရောက်ခဲ့ကြောင်း သိရသည်။

"အဓိကတော့ ကျွန်တော်တို့ ရွေးကောက်ပွဲတုန်းက စောင့်ကြည့်လေ့လာထားတဲ့ အချက်တွေနဲ့ လူငယ်တွေကို Research လုပ်ထားတဲ့ အချက်တွေရေးထားတဲ့ အစီရင်ခံစာတွေကို ကိုယ်စားလှယ်တွေကို ရှင်းလင်းတာပါ၊ ကျွန်တော်တို့ (NYC)က လူငယ် ကိုယ်စားလှယ်(၃)ယောက်လောက် အခု လွှတ်တော်ထဲရောက်သွားပါတယ်၊ (NYC)ဟောင်းပေါ့။အခုက (NLD)ကိုယ်စားလှယ်ဆိုတော့ Research ထဲမှာတော့ အဓိက လူငယ်တွေ ဘာကြောင့် နိုင်ငံရေး မလုပ်တာလဲတို့၊ လွှတ်တော်မှာ လူငယ်တွေ ဘယ်လောက် မဲပေးခဲ့လဲဆိုတဲ့ အချက်တွေပါတယ်"ဟု(National Youth Congress)မှ ရှမ်းပြည်နယ်ကိုယ်စားလှယ် ကိုစိုင်းသောင်းထွဋ်စိုးက ပြောသည်။

လေ့လာချက် အစီရင်ခံစာအတွင်း ပါဝင်သော အချက်များအား အမျိုးသားလူငယ်ကွန်ဂရက်( National Youth Congress)အဖွဲ့ဝင်များနှင့် လွှတ်တော်ကိုယ်စားလှယ်များ အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း၎င်းထံမှ သိရသည်။

"လွှတ်တော်ထဲမှာတော့ အရင်ကနဲ့ မတူဘူး လွှတ်တော်အသစ်မှာ မြင်ရ ကြည့်ရသမျှ သစ်လွင်လတ်ဆတ်နေတယ်လို့ ထင်ရတယ်၊ နောက်ပြီး နွေးနွေးထွေးထွေးနဲ့ ရင်းရင်းနှီးနှီးခံစားရတယ်လို့ ထင်တယ်၊ အနာဂတ်နိုင်ငံရေးမှာ လူငယ်တွေအတွက် ပိုပြီး အခွင့်အလမ်းတွေ ရလာမယ်လို့မြင်ပါတယ်"ဟု ရန်ကုန်လူငယ်ကွန်ရက်ကိုယ်စားလှယ်ဖြစ်သူ မသဉ္ဇာရွန်းလဲ့ရီက ပြောသည်။

ပြည်ထောင်စုလွှတ်တော်သို့ အမျိုးသားလူငယ်ကွန်ဂရက်(National Youth Congress)မှ အဖွဲ့ဝင်(၄၀)ခန့် သွားရောက်လေ့လာခဲ့ခြင်းဖြစ်ကြောင်း၊ လူငယ်သဘောထား လေ့လာချက်အစီရင်ခံစာတွင် မြန်မာနိုင်ငံအတွင်း လူငယ်များ နိုင်ငံရေးနှင့်ပတ်သက်၍ သဘောထားအမြင်စစ်တမ်းများအဓိကပါဝင်ပြီး၊ လက်ရှိပညာရေး အခြေအနေများ၊ ကုန်ဈေးနှုန်းမြင့်တက်မှု စစ်တမ်းများနှင့် ဆင်းရဲမွဲတေမှု အခြေအနေတို့အား လေ့လာချက်အစီရင်ခံစာတွင် ပါဝင်ကြောင်း သိရသည်။

သတင်း။ ကိုဇက်

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~ ေၾကာ္ျငာ ~~~~~~