လယ္/ဆည္ပိုင္ ေျမေပၚတြင္ ေဆာက္လုပ္ၿပီးစီးသည့္ နမ့္စန္ေစ်းသစ္ႀကီးအား စတင္ဖြင့္လွစ္

လယ္/ဆည္ပိုင္ ေျမေပၚတြင္ ေဆာက္လုပ္ၿပီးစီးသည့္ နမ့္စန္ေစ်းသစ္ႀကီးအား စတင္ဖြင့္လွစ္
မတ် 30, 2016
By Tachileik News Agency

နမ့္စန္၊  မတ္လ(၃၀) ။ ။ ႐ွမ္းျပည္နယ္ေတာင္ပုိင္း နမ့္စန္ၿမိဳ႕တြင္ ဟိန္းထိုက္စံကုမၸဏီမွ ေဆာက္လုပ္ၿပီးစီးသြားေသာ ေစ်းသစ္ႀကီးအား မတ္လ(၃၀)ရက္ေန႔ နံနက္ပိုင္းက ဖြင့္လွစ္ခဲ့ေၾကာင္း သိရသည္။

နမ့္စန္ၿမိဳ႕မေစ်းအား ဟိန္းထုိက္စံ ကုမၼဏီမွ လယ္ယာစုိက္ပ်ဳိးေရးႏွင့္ဆည္ေျမာင္း၀န္ႀကီးဌာနပုိင္ ေျမ(၆.၆၇)ဧကေပၚတြင္ (BOT)စနစ္ျဖင့္ ႏွစ္႐ွည္ငွားရမ္းၿပီး ေဒသလုိအပ္ခ်က္အရ အေထြေထြ ကုန္မ်ဳိးစုံေရာင္းခ်ႏုိင္ေရးအတြက္ ရည္ရြယ္ကာ ေဆာက္လုပ္ရျခင္းျဖစ္ေၾကာင္း သိရသည္။

ေစ်းဆုိင္ခန္း၀ယ္ယူသူမ်ား အေနျဖင့္ ေစ်းဆုိင္ခန္းမ်ားအား ရာသက္ပန္ ပုိင္ဆုိင္ခြင့္ရ႐ွိမွာျဖစ္ၿပီး အဆိုပါေျမမ်ားအား လယ္ယာစုိက္ပ်ဳိးေရးႏွင့္ဆည္ေျမာင္း၀န္ႀကီးတြင္ ႏွစ္႐ွည္ဌားရမ္းထားသည့္ အတြက္ေၾကာင့္ ေစ်ဆုိင္ခန္းမ်ားကုိ ဝယ္ယူသူမ်ားထံမွ ေျမခြန္ေကာက္ခံမွာျဖစ္ၿပီး တစ္လလွ်င္ က်ပ္(၇၀၀၀)ႏႈန္းျဖစ္ေၾကာင္း ေစ်းတာ၀န္ခံမ်ားထံမွ သိရသည္။

ဖြင့္ပြဲအား လြိဳင္လင္ခ႐ုိင္ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနမွ ခရိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးေအာင္ဟိန္းေက်ာ္ႏွင့္ ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးမွဴး ဦးမင္းသူရတုိ႔က ဖဲႀကိဳးျဖတ္ၿပီးဖြင့္ေပးခဲ့ေၾကာင္း သိရသည္။

နမ့္စန္ၿမိဳ႕ လယ္ယာစုိက္ပ်ဳိးေရးႏွင့္ ဆည္ေျမာင္းဝန္ႀကီးဌာနမွ စုိက္ကြင္းတာ၀န္ခံ ဦးသက္ဦးမွ ေစ်းႏွင့္ပတ္သက္၍ ႐ွင္းလင္းတင္ျပကာ ဟိန္းထုိက္စံကုမၸဏီမွ အုပ္ခ်ဳပ္မႈဒါ႐ုိက္တာ ကုိယ္စား ဒါ႐ုိက္တာအဖြဲ႔၀င္ ဦးကုိကုိထြန္းက ထပ္မံၿပီး႐ွင္းလင္းတင္ျပခဲ့ေၾကာင္း သိရသည္။

ဆုိင္ခန္း၀ယ္ယူသူမ်ား၏ ပုိင္ဆုိင္မႈအတြက္ ဟိန္းထုိက္စံကုမၼဏီမွ ေရာင္းကုန္အခြန္အား ေပးေဆာင္ရၿပီး ၀ယ္ယူသူမ်ားဘက္မွလည္း ၀ယ္ကုန္အခြန္ကု္ိ ႏုိင္ငံေတာ္အခြန္ဘ႑ာ႐ုံးသုိ႔ တရား၀င္ ေပးေဆာင္ရမည္ျဖစ္ေၾကာင္းႏွင့္ ဆုိင္ခန္းေနရာမ်ားမွာ ေနရာအလုိက္ေစ်းႏႈန္း ကြာျခားမႈ႐ွိေၾကာင္း သိရသည္။

သတင္း။  ။ သန္းစိုးေအာင္(နမ့္စန္)
**************

( unicode )

နမ့်စန်၊ မတ်လ(၃၀)။ ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့တွင် ဟိန်းထိုက်စံကုမ္ပဏီမှ ဆောက်လုပ်ပြီးစီးသွားသော ဈေးသစ်ကြီးအား မတ်လ(၃၀)ရက်နေ့ နံနက်ပိုင်းက ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

နမ့်စန်မြို့မဈေးအား ဟိန်းထိုက်စံ ကုမ္မဏီမှ လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနပိုင် မြေ(၆.၆၇)ဧကပေါ်တွင် (BOT)စနစ်ဖြင့် နှစ်ရှည်ငှါးရမ်းပြီး ဒေသလိုအပ်ချက်အရ အထွေထွေ ကုန်မျိုးစုံရောင်းချနိုင်ရေးအတွက် ရည်ရွယ်ကာ ဆောက်လုပ်ရခြင်းဖြစ်ကြောင်း သိရသည်။

ဈေးဆိုင်ခန်းဝယ်ယူသူများ အနဖြေင့် ဈေးဆိုင်ခန်းများအား ရာသက်ပန် ပိုင်ဆိုင်ခွင့်ရရှိမှာဖြစ်ပြီး အဆိုပါမြေများအား လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးတွင် နှစ်ရှည်ဌားရမ်းထားသည့် အတွက်ကြောင့် ဈေဆိုင်ခန်းများကို ဝယ်ယူသူများထံမှ မြေခွန်ကောက်ခံမှာဖြစ်ပြီး တစ်လလျှင် ကျပ်(၇၀၀၀)နှုန်းဖြစ်ကြောင်း ဈေးတာဝန်ခံများထံမှ သိရသည်။

ဖွင့်ပွဲအား လွိုင်လင်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဟိန်းကျော်နှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးမင်းသူရတို့က ဖဲကြိုးဖြတ်ပြီးဖွင့်ပေးခဲ့ကြောင်း သိရသည်။

နမ့်စန်မြို့ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ စိုက်ကွင်းတာဝန်ခံ ဦးသက်ဦးမှ ဈေးနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကာ ဟိန်းထိုက်စံကုမ္ပဏီမှ အုပ်ချုပ်မှုဒါရိုက်တာ ကိုယ်စား ဒါရိုက်တာအဖွဲ့ဝင် ဦးကိုကိုထွန်းက ထပ်မံပြီးရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။

ဆိုင်ခန်းဝယ်ယူသူများ၏ ပိုင်ဆိုင်မှုအတွက် ဟိန်းထိုက်စံကုမ္မဏီမှ ရောင်းကုန်အခွန်အား ပေးဆောင်ရပြီး ဝယ်ယူသူများဘက်မှလည်း ဝယ်ကုန်အခွန်ကို် နိုင်ငံတော်အခွန်ဘဏ္ဍာရုံးသို့ တရားဝင် ပေးဆောင်ရမည်ဖြစ်ကြောင်းနှင့် ဆိုင်ခန်းနေရာများမှာ နေရာအလိုက်ဈေးနှုန်း ကွာခြားမှုရှိကြောင်း သိရသည်။

သတင်း။ သန်းစိုးအောင်(နမ့်စန်)

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~