Update News

ထိုင္းႏိုင္ငံတြင္းမွ တရားမဝင္ ေရႊ႕ေျပာင္း ျမန္မာလုပ္သား ၁၃ ဦးအား ျမန္မာႏုိင္ငံသို႔ လႊဲေျပာင္း



တာခ်ီလိတ္၊ မတ္လ (၁၀) ရက္ ။    ။ ထိုင္းႏိုင္ငံအတြင္း အလုပ္ လုပ္ကိုင္ေနေသာ တရားမ၀င္ ျမန္မာေရႊ႕ေျပာင္းလုပ္သား (၁၃)ဦးအား ထိုင္းရဲမ်ားက ေနရာအသီးသီးမွ စိစစ္ဖမ္းဆီးၿပီး ရွမ္းျပည္နယ္ အေရွ႕ပိုင္း တာခ်ီလိတ္ၿမိဳ႕သို႔ တရား၀င္ လႊဲေျပာင္း ေပးအပ္လိုက္ေၾကာင္း သိရသည္။

ယင္း(၁၃)ဦးအား တာခ်ီလိတ္ၿမိဳ႕ ျမန္မာ - ထိုင္း ခ်စ္ၾကည္ေရးတံတား(၁)တြင္ မတ္လ(၉)ရက္ေန႔  နံက္(၁၁)အခ်ိန္က လႊဲေျပာင္းေပးလိုက္ျခင္းျဖစ္သည္။

"အခုလႊဲေျပာင္းလာတာေတာ့ ခါတိုင္းလိုပဲ တရားမ၀င္သြားေရာက္ေနထိုင္တာေတြ ၊ ကတ္ျပားေတြ ပက္စ္ပို႔ မရွိတာေတြ၊ ေနာက္နယ္ေျမေက်ာ္ သြားေရာက္ေနထိုင္တာေတြကို ဖမ္းဆီးမိၿပီး လႊဲေျပာင္းလာတာပါ။ တာခ်ီလိတ္ဘက္ကို လႊဲေျပာင္းလာတဲ့ လူတိုင္းက ရွမ္းျပည္နယ္ဘက္က ပိုမ်ားတယ္။ ရွမ္းျပည္နယ္ထဲမွာမွ ေတာင္ပိုင္းက လူေတြဖမ္းခံရတာ အမ်ားဆုံးေတြ႕ရတယ္။"ဟု တာခ်ီလိတ္လူကုန္ကူးတားဆီးႏိွမ္နင္းေရး ရဲတပ္ဖြဲ႔မွ တပ္ၾကပ္ႀကီး ခ်စ္ရန္က ေျပာသည္။

ယခုလႊဲေျပာင္းလာေသာ(၁၃)ဦးတြင္ အမ်ိဳးသား(၅)ဦးႏွင့္ အမ်ိဳးသမီး(၈)ဦးပါ၀င္ၿပီး ရွမ္းျပည္နယ္ အေရွ႕ပိုင္းမွ (၁)ဦး ႏွင့္ ရွမ္းျပည္ေတာင္ပိုင္း၊ ရွမ္းျပည္ေျမာက္ပိုင္း တို႔မွျဖစ္ေၾကာင္း သိရသည္။

"ကၽြန္မ ခ်င္းမိုင္က စားေသာက္ဆိုင္မွာ ေခါက္ဆြဲေရာင္းတာ (၂)ႏွစ္ရွိၿပီ။ တစ္ရက္ကို ဘတ္(၃၀၀)ရပါတယ္။ ဖမ္းခံရတာက အလုပ္သမားကတ္ေတာ့ ရွိတယ္။ ဒါေပမဲ့ ဒီဘက္ကိုျပန္လာတဲ့အခါ သံရုံးမွာ ေထာက္ခံစာ လုပ္ၿပီး ျပန္လာရမယ္လို႔ မသိပါဘူး။ အဲဒီလို ေထာက္ခံစာ မရွိလို႔ဖမ္းခံရတာပါ။ တရားရုံးမွာေတာ့ ဒဏ္ေငြ (၁၀၀၀)ဘတ္ေတာ့ ေဆာင္ရပါတယ္။"ဟု မနန္းႏြမ္းက ေျပာသည္။

ထိုင္းႏိုင္ငံအတြင္း တရားမ၀င္ အလုပ္လုပ္ကိုင္ေနသည့္ ျမန္မာႏိုင္ငံသားမ်ားအား လႊဲေျပာင္းျခင္းကို ယခင္ႏွစ္မ်ားက တနလၤာေန႔ ႏွင့္ ေသာၾကာေန႔မ်ားကို သတ္မွတ္ထားေသာ္လည္း ျမန္မာႏိုင္ငံသားမ်ားကို မယ္ဆိုင္လ၀က အခ်ဳပ္ထဲတြင္ မထားလိုသည့္ ထိုင္းႏုိင္ငံမွ တာဝန္ရိွသူမ်ားက ၂၀၁၅ ခုႏွစ္ ေနာက္ပိုင္းမွစ၍ ရက္မသတ္မွတ္ေတာ့ဘဲ လႊဲေျပာင္းေပးေနျခင္းျဖစ္ေၾကာင္း သိရသည္။

တရားမ၀င္ေရႊ႕ေျပာင္း ျမန္မာလုပ္သားမ်ား အမ်ားအားျဖင့္ ဖမ္းဆီးခံရသည့္ေနရာမွာ ထိုင္းႏိုင္ငံ မယ္က်န္႔ေတာင္ၾကားဂိတ္တြင္ ျဖစ္ေၾကာင္း သိရသည္။

သတင္း။  ။ ေဇာင္းညီ
*********

( unicode )

တာချီလိတ်၊ မတ်လ (၁၀) ရက်။ ထိုင်းနိုင်ငံအတွင်း အလုပ် လုပ်ကိုင်နေသော တရားမဝင် မြန်မာရွှေ့ပြောင်းလုပ်သား (၁၃)ဦးအား ထိုင်းရဲများက နေရာအသီးသီးမှ စိစစ်ဖမ်းဆီးပြီး ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်မြို့သို့ တရားဝင် လွှဲပြောင်း ပေးအပ်လိုက်ကြောင်း သိရသည်။

ယင်း(၁၃)ဦးအား တာချီလိတ်မြို့ မြန်မာ - ထိုင်း ချစ်ကြည်ရေးတံတား(၁)တွင် မတ်လ(၉)ရက်နေ့ နံက်(၁၁)အချိန်က လွှဲပြောင်းပေးလိုက်ခြင်းဖြစ်သည်။

"အခုလွှဲပြောင်းလာတာတော့ ခါတိုင်းလိုပဲ တရားမဝင်သွားရောက်နေထိုင်တာတွေ၊ ကတ်ပြားတွေ ပက်စ်ပို့ မရှိတာတွေ၊ နောက်နယ်မြေကျော် သွားရောက်နေထိုင်တာတွေကို ဖမ်းဆီးမိပြီး လွှဲပြောင်းလာတာပါ။ တာချီလိတ်ဘက်ကို လွှဲပြောင်းလာတဲ့ လူတိုင်းက ရှမ်းပြည်နယ်ဘက်က ပိုများတယ်။ ရှမ်းပြည်နယ်ထဲမှာမှ တောင်ပိုင်းက လူတွေဖမ်းခံရတာ အများဆုံးတွေ့ရတယ်။"ဟု တာချီလိတ်လူကုန်ကူးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ကြပ်ကြီး ချစ်ရန်က ပြောသည်။

ယခုလွှဲပြောင်းလာသော(၁၃)ဦးတွင် အမျိုးသား(၅)ဦးနှင့် အမျိုးသမီး(၈)ဦးပါဝင်ပြီး ရှမ်းပြည်နယ် အရှေ့ပိုင်းမှ (၁)ဦး နှင့် ရှမ်းပြည်တောင်ပိုင်း၊ ရှမ်းပြည်မြောက်ပိုင်း တို့မှဖြစ်ကြောင်း သိရသည်။

"ကျွန်မ ချင်းမိုင်က စားသောက်ဆိုင်မှာ ခေါက်ဆွဲရောင်းတာ (၂)နှစ်ရှိပြီ။ တစ်ရက်ကို ဘတ်(၃၀၀)ရပါတယ်။ ဖမ်းခံရတာက အလုပ်သမားကတ်တော့ ရှိတယ်။ ဒါပေမဲ့ ဒီဘက်ကိုပြန်လာတဲ့အခါ သံရုံးမှာ ထောက်ခံစာ လုပ်ပြီး ပြန်လာရမယ်လို့ မသိပါဘူး။ အဲဒီလို ထောက်ခံစာ မရှိလို့ဖမ်းခံရတာပါ။ တရားရုံးမှာတော့ ဒဏ်ငွေ (၁၀၀၀)ဘတ်တော့ ဆောင်ရပါတယ်။"ဟု မနန်းနွမ်းက ပြောသည်။

ထိုင်းနိုင်ငံအတွင်း တရားမဝင် အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသားများအား လွှဲပြောင်းခြင်းကို ယခင်နှစ်များက တနင်္လာနေ့ နှင့် သောကြာနေ့များကို သတ်မှတ်ထားသော်လည်း မြန်မာနိုင်ငံသားများကို မယ်ဆိုင်လဝက အချုပ်ထဲတွင် မထားလိုသည့် ထိုင်းနိုင်ငံမှ တာဝန်ရှိသူများက ၂၀၁၅ ခုနှစ် နောက်ပိုင်းမှစ၍ ရက်မသတ်မှတ်တော့ဘဲ လွှဲပြောင်းပေးနခြေင်းဖြစ်ကြောင်း သိရသည်။

တရားမဝင်ရွှေ့ပြောင်း မြန်မာလုပ်သားများ အများအားဖြင့် ဖမ်းဆီးခံရသည့်နေရာမှာ ထိုင်းနိုင်ငံ မယ်ကျန့်တောင်ကြားဂိတ်တွင် ဖြစ်ကြောင်း သိရသည်။

သတင်း။ ဇောင်းညီ
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  


~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

« PREV
NEXT »