မိုင္းခတ္၌ ေနအိမ္(၄၈)လံုး မီးေလာင္ကြ်မ္းၿပီး လူ(၂၅၈)ဦး မီးေဘးသင့္

မိုင္းခတ္၌ ေနအိမ္(၄၈)လံုး မီးေလာင္ကြ်မ္းၿပီး လူ(၂၅၈)ဦး မီးေဘးသင့္
မတ် 13, 2016
By Tachileik News Agency

မိုင္းခတ္၊ မတ္လ(၁၃) ။   ။ ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ မိုင္းခတ္ၿမိဳ႕နယ္၊  ေနာင္လံုး အုပ္စု ၊ အင္လံုရြာတြင္ မတ္လ(၁၂)ရက္ေန႔ ညေနပိုင္းက လူေစာင့္မရွိဘဲ ထမင္းအိုးတည္ခဲ့ရာမွ အိမ္ေျခ(၄၈)လံုး မီးေလာင္ကၽြမ္းခဲ့ေၾကာင္း မီးသတ္ဦးစီးဌာနမွ သိရသည္။

မီးေလာင္ကၽြမ္းမႈေၾကာင့္ ပ်က္စီးဆံုးရႈံးမႈ တန္ဖိုးမွာ က်ပ္(၂၀၄.၈)သိန္းရွိၿပီး အိမ္ေထာင္စု (၄၈) ခုမွ လူႀကီးႏွင့္ ကေလးစုစုေပါင္း (၂၅၈) ဦး မီးေဘးသင့္ခဲ့ေၾကာင္း မီးသတ္တပ္ဖြဲ႕မွ သိရသည္။

ျဖစ္စဥ္မွာ မိုင္းအင္ေက်းရြာအတြင္း ေနထိုင္သူ ဦးအိုက္ယိုး၏ ေနအိမ္တြင္ လူေစာင့္မရိွဘဲ ထမင္းအိုး တည္ထားရာမွ သက္ကယ္မိုး၊ ဝါးထရံကာ၊ ပ်ဥ္ၾကမ္းခင္းျဖင့္ တည္ေဆာက္ထားေသာ (၁၅ × ၂၀ ) ေပ အရြယ္အိမ္၏ ဝါးထရံကို မီးကူးစက္ကာ ေလာင္ကြၽမ္းသြားၿပီး အျခားေနအိမ္မ်ားသို႔ ဆက္လက္ မီးေလာင္ကၽြမ္းသြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

"မီးသတ္တပ္ဖြဲ႕ေတြ ေရာက္သြားေတာ့ အိမ္ေတာ္ေတာ္မ်ားမ်ား မီးထဲပါသြားပါၿပီ။ ကြၽန္ေတာ္တို႔ မေရာက္ခင္ မီးသတ္ေဆးဘူးနဲ႔ ႀကိဳတင္ၿငိမ္းသတ္ထားျခင္း မရိွပါဘူး။ မီးေဘးသင့္ ခံရတဲ့ သူေတြအားလံုးကို ရြာက ဘုန္းေတာ္ႀကီးေက်ာင္းမွာ ေနရာခ်ေပးထားရတယ္။ " ဟု မိုင္းခတ္မီးသတ္စခန္းမွ ဦးစီးအရာရိွ ဦးမ်ဳိးဇင္ဝင္းက ေျပာသည္။

မီးေလာင္သည့္ ေက်းရြာႏွင့္ မီးသတ္တပ္ဖြဲ႕စခန္းမွာ (၁၅)မိုင္ခန္႔ေ၀းၿပီး စတင္မီးေလာင္ကၽြမ္းၿပီး (၄၅)မိနစ္ၾကာမွ မီးေလာင္ကၽြမ္းသည့္ ေက်းရြာသို႔ေရာက္ရွိကာ မီးၿငိမ္းသတ္ႏိုင္ခဲ့သျဖင့္ ေနအိမ္(၄၈)လံုး မီးေလာင္ကၽြမ္းခဲ့ျခင္းျဖစ္ေၾကာင္း ၎ထံမွ သိရသည္။

မီးေလာင္ကြၽမ္းမႈေၾကာင့္ ဦးအိုက္ယိုးအား မိုင္းခတ္ၿမိဳ႕နယ္ရဲတပ္ဖြဲ႕စခန္းမွ (ပ-၂/၂၀၁၆) ၊ ပုဒ္မ (၂၈၅) ျဖင့္ အမႈဖြင့္ အေရးယူထားေၾကာင္း သိရွိရသည္။

သတင္း။  ။ ဇင္ေအာင္
ဓာတ္ပံု။  ။ Aung Myint Htwe
****************

( unicode )

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းခတ်မြို့နယ်၊ နောင်လုံး အုပ်စု၊ အင်လုံရွာတွင် မတ်လ(၁၂)ရက်နေ့ ညနေပိုင်းက လူစောင့်မရှိဘဲ ထမင်းအိုးတည်ခဲ့ရာမှ အိမ်ခြေ(၄၈)လုံး မီးလောင်ကျွမ်းခဲ့ကြောင်း မီးသတ်ဦးစီးဌာနမှ သိရသည်။

မီးလောင်ကျွမ်းမှုကြောင့် ပျက်စီးဆုံးရှုံးမှု တန်ဖိုးမှာ ကျပ်(၂၀၄.၈)သိန်းရှိပြီး အိမ်ထောင်စု (၄၈) ခုမှ လူကြီးနှင့် ကလေးစုစုပေါင်း (၂၅၈) ဦး မီးဘေးသင့်ခဲ့ကြောင်း မီးသတ်တပ်ဖွဲ့မှ သိရသည်။

ဖြစ်စဉ်မှာ မိုင်းအင်ကျေးရွာအတွင်း နေထိုင်သူ ဦးအိုက်ယိုး၏ နေအိမ်တွင် လူစောင့်မရှိဘဲ ထမင်းအိုး တည်ထားရာမှ သက်ကယ်မိုး၊ ဝါးထရံကာ၊ ပျဉ်ကြမ်းခင်းဖြင့် တည်ဆောက်ထားသော (၁၅ × ၂၀ ) ပေ အရွယ်အိမ်၏ ဝါးထရံကို မီးကူးစက်ကာ လောင်ကျွမ်းသွားပြီး အခြားနေအိမ်များသို့ ဆက်လက် မီးလောင်ကျွမ်းသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"မီးသတ်တပ်ဖွဲ့တွေ ရောက်သွားတော့ အိမ်တော်တော်များများ မီးထဲပါသွားပါပြီ။ ကျွန်တော်တို့ မရောက်ခင် မီးသတ်ဆေးဘူးနဲ့ ကြိုတင်ငြိမ်းသတ်ထားခြင်း မရှိပါဘူး။ မီးဘေးသင့် ခံရတဲ့ သူတွေအားလုံးကို ရွာက ဘုန်းတော်ကြီးကျောင်းမှာ နေရာချပေးထားရတယ်။ " ဟု မိုင်းခတ်မီးသတ်စခန်းမှ ဦးစီးအရာရှိ ဦးမျိုးဇင်ဝင်းက ပြောသည်။

မီးလောင်သည့် ကျေးရွာနှင့် မီးသတ်တပ်ဖွဲ့စခန်းမှာ (၁၅)မိုင်ခနေ့်ဝးပြီး စတင်မီးလောင်ကျွမ်းပြီး (၄၅)မိနစ်ကြာမှ မီးလောင်ကျွမ်းသည့် ကျေးရွာသို့ရောက်ရှိကာ မီးငြိမ်းသတ်နိုင်ခဲ့သဖြင့် နေအိမ်(၄၈)လုံး မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း၎င်းထံမှ သိရသည်။

မီးလောင်ကျွမ်းမှုကြောင့် ဦးအိုက်ယိုးအား မိုင်းခတ်မြို့နယ်ရဲတပ်ဖွဲ့စခန်းမှ (ပ-၂/၂၀၁၆)၊ ပုဒ်မ (၂၈၅) ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရှိရသည်။

သတင်း။ ဇင်အောင်
ဓာတ္ပံု။  ။ Aung Myint Htwe

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~