မန်ယူဘောလုံးအသင်း အမာခံပရိသတ်များ၏ မန်ယူ အခမဲ့စာသင်ဝိုင်း၌ ကျောင်းသားဦးရေတိုးလာ၍ အကူအညီများ လိုအပ်နေ
မန်ယူဘောလုံးအသင်း အမာခံပရိသတ်များ၏ မန်ယူ အခမဲ့စာသင်ဝိုင်း၌ ကျောင်းသားဦးရေတိုးလာ၍ အကူအညီများ လိုအပ်နေ
မတျ 21, 2016
By Tachileik News Agency
မန်ယူစာသင်ဝိုင်းအား ၂၀၁၅ -၂၀၁၆ ပညာသင်နှစ်တွင် စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး မန္တလေးအနီး ၀န်းကျင်မှ စာသင်ကြားရန်ခက်ခဲသော ကလေးသူငယ်များအား သင်ကြားပေးနေခြင်းဖြစ်ရာ ယခုလက်ရှိ စာသင်ကြားနေသည့် ကျောင်းသား၊ ကျောင်းသူ (၁၄၆) ဦးရှိပြီး မူလတန်းမှ တက္ကသိုလ်ဝင်တန်းအထိရှိကြောင်း သိရသည်။
အဆိုပါကျောင်းတွင် ဆရာ၊ ဆရာမ (၃)ဦးသင်ကြားပေးနေခြင်းဖြစ်ရာ စာသင်ကြားသည့်ကလေးများအား မန်ယူ အင်္ကျီ(ဂျာစီ)၀တ်ဆင်စေကြောင်း သိရသည်။
မန်ယူပရဟိတလူငယ်များအသင်းတွင် တစ်နိုင်ငံလုံးရှိ မန်ယူချစ်ပရိသတ် (၅၀၀) ပတ်ဝန်းကျင်ရှိပြီး အသင်းအား ၂၀၁၄ ခုနှစ် မေလ(၁၁)ရက်နေ့တွင် တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ယခုဖွင့်လှစ်ထားသော "မန်ယူ စာသင်ဝိုင်း"မှာ မန်ယူပရဟိတအသင်းဝင်များ စုပေါင်းထည့်ဝင်ငွေဖြင့် လည်ပတ်နေခြင်းဖြစ်ကြောင်း သိရသည်။
မန်ယူ စာသင်ဝိုင်း
ကိုစိုးအောင်
09259471922
သတင်း။  ။ ကိုဇက်
ဓာတ်ပုံ ။   ။ မန်ယူ စာသင်ဝိုင်း
*********
( unicode )
 မန္တလေး၊ မတ်လ (၂၁) ရက်။ မန်ယူဘောလုံးအသင်း၏ အမာခံပရိသတ်များ တည်ထောင်ထားသော မန္တလေး၊ ကျွဲဆည်ကန်၊ ငွေတော်ကြည်ကုန်းရှိ "မန်ယူ"အခမဲ့စာသင်ဝိုင်းတွင် ကျောင်းသားဦးရေ ပိုမိုများပြားလာသောကြောင့် စာသင်ခုံနှင့် စာရေးကိရိယာများ လိုအပ်လျှက်ရှိကြောင်း သိရသည်။
"ကျွန်တော်တို့ တစ်နိုင်ငံလုံးက မန်ယူဘောလုံး Fan တွေ စုပေါင်းပြီး စာသင်ကြားဖို့ ခက်ခဲနေတဲ့ ကလေးတွေကို စာသင်ဝိုင်း လုပ်ပေးတာပါ။ စာသင်ဝိုင်းလုပ်ခါစက လူသိပ်မရှိပေမဲ့ အခုလူများလာတဲ့အတွက် စာသင်ခုံတို့ စာရေးကိရိယာတို့ လိုအပ်နေပါတယ်။ မနှစ်တုန်းကတော့ ကျွန်တော်တို့ Fun တွေပေါင်းပြီး ကလေးတွေကို လုပ်ပေးထားတယ်"ဟု မန်ယူစာသင်ဝိုင်းတာဝန်ခံ ကိုစိုးအောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
မန်ယူစာသင်ဝိုင်းအား ၂၀၁၅ -၂၀၁၆ ပညာသင်နှစ်တွင် စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး မန္တလေးအနီး ဝန်းကျင်မှ စာသင်ကြားရန်ခက်ခဲသော ကလေးသူငယ်များအား သင်ကြားပေးနခြေင်းဖြစ်ရာ ယခုလက်ရှိ စာသင်ကြားနေသည့် ကျောင်းသား၊ ကျောင်းသူ (၁၄၆) ဦးရှိပြီး မူလတန်းမှ တက္ကသိုလ်ဝင်တန်းအထိရှိကြောင်း သိရသည်။
အဆိုပါကျောင်းတွင် ဆရာ၊ ဆရာမ (၃)ဦးသင်ကြားပေးနခြေင်းဖြစ်ရာ စာသင်ကြားသည့်ကလေးများအား မန်ယူ အင်္ကျီ(ဂျာစီ)ဝတ်ဆင်စေကြောင်း သိရသည်။
မန်ယူပရဟိတလူငယ်များအသင်းတွင် တစ်နိုင်ငံလုံးရှိ မန်ယူချစ်ပရိသတ် (၅၀၀) ပတ်ဝန်းကျင်ရှိပြီး အသင်းအား ၂၀၁၄ ခုနှစ် မေလ(၁၁)ရက်နေ့တွင် တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ယခုဖွင့်လှစ်ထားသော "မန်ယူ စာသင်ဝိုင်း"မှာ မန်ယူပရဟိတအသင်းဝင်များ စုပေါင်းထည့်ဝင်ငွဖြေင့် လည်ပတ်နခြေင်းဖြစ်ကြောင်း သိရသည်။
ဆက်သွယ်လှူဒါန်းလိုလျှင်
မန်ယူ စာသင်ဝိုင်း
ကိုစိုးအောင်
09259471922
သတင်း။ ကိုဇက်
ဓာတ်ပုံ။ မန်ယူ စာသင်ဝိုင်း
 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~~ ကြော်ငြာ ~~~~~~~~~