သားသတ္ျခင္းႏွင့္ အသားထုတ္လုပ္ ေရာင္းခ်ျခင္း လုပ္ငန္းလိုင္စင္အတြက္ တာခ်ီလိတ္စည္ပင္မွ ေလွ်ာက္လႊာေခၚ

သားသတ္ျခင္းႏွင့္ အသားထုတ္လုပ္ ေရာင္းခ်ျခင္း လုပ္ငန္းလိုင္စင္အတြက္ တာခ်ီလိတ္စည္ပင္မွ ေလွ်ာက္လႊာေခၚ
မတ် 20, 2016
By Tachileik News Agency

တာခ်ီလိတ္၊ မတ္လ(၂၀)။  ။ တာခ်ီလိတ္ၿမိဳ႕နယ္စည္ပင္သာယာေရးေကာ္မတီ၏ ၂၀၁၆ - ၂၀၁၇ ခုႏွစ္ ဘ႑ာေရးႏွစ္အတြက္ သားသတ္ျခင္း၊ အသားထုတ္လုပ္ေရာင္းခ်ျခင္းႏွင့္ ပတ္သက္၍ လုပ္ငန္းလိုင္စင္မ်ားအား  မတ္လ(၂၅)ရက္ေန႔ ေနာက္ဆံုးထားကာ ေလွ်ာက္ထားႏိုင္မည္ျဖစ္ေၾကာင္း သိရသည္။

သားသတ္လုပ္ငန္း ေဆာင္ရြက္ခြင့္ လက္မွတ္အား မတ္လ(၂၈)ရက္ေန႔ နံနက္(၁၀)နာရီတြင္ ၿမိဳ႕နယ္စည္ပင္သာယာေရးေကာ္မတီရံုး၌ ထုတ္ေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

လုပ္ငန္း လိုင္စင္အတြက္ ေလွ်ာက္လႊာအား မတ္လ (၁၇)ရက္ေန႔က စတင္ကာထုတ္ယူ ေလွ်ာက္ထားႏိုင္ၿပီး မတ္လ(၂၅)ရက္ေန႔ ေနာက္ဆံုးထားကာ လက္ခံမည္ျဖစ္ေၾကာင္းႏွင့္ သတ္မွတ္အခ်ိန္ကာလထက္ ေနာက္က်ေက်ာ္လြန္မွ လာေရာက္တင္သြင္းပါက လက္ခံမည္မဟုတ္ေၾကာင္း သိရသည္။

တာခ်ီလိတ္ၿမိဳ႕နယ္ စည္ပင္သာယာေရးေကာ္မတီမွ ၂၀၁၆ - ၂၀၁၇ ဘ႑ာေရးႏွစ္အတြက္ သားသတ္လုပ္ငန္းေဆာင္ရြက္ခြင့္ႏွင့္ ထုတ္လုပ္ၿပီး အသားမ်ားအား ျဖန္႔ျဖဴးေရာင္းခြင့္ လက္မွတ္မ်ား ထုတ္ေပးသြားမည္ျဖစ္ၿပီး လုပ္ငန္းေဆာင္ရြက္ခြင့္ အာမခံ တင္သြင္းေငြမ်ားအား ေလွ်ာက္လႊာစိစစ္သည့္ေနတြင္ တစ္ပါတည္း ေပးသြားရမည္ျဖစ္ေၾကာင္း သိရသည္။

****************

( unicode )

တာချီလိတ်၊ မတ်လ(၂၀)။ တာချီလိတ်မြို့နယ်စည်ပင်သာယာရေးကော်မတီ၏ ၂၀၁၆ - ၂၀၁၇ ခုနှစ် ဘဏ္ဍာရေးနှစ်အတွက် သားသတ်ခြင်း၊ အသားထုတ်လုပ်ရောင်းချခြင်းနှင့် ပတ်သက်၍ လုပ်ငန်းလိုင်စင်များအား မတ်လ(၂၅)ရက်နေ့ နောက်ဆုံးထားကာ လျှောက်ထားနိုင်မည်ဖြစ်ကြောင်း သိရသည်။

သားသတ်လုပ်ငန်း ဆောင်ရွက်ခွင့် လက်မှတ်အား မတ်လ(၂၈)ရက်နေ့ နံနက်(၁၀)နာရီတွင် မြို့နယ်စည်ပင်သာယာရေးကော်မတီရုံး၌ ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

လုပ်ငန်း လိုင်စင်အတွက် လျှောက်လွှာအား မတ်လ (၁၇)ရက်နေ့က စတင်ကာထုတ်ယူ လျှောက်ထားနိုင်ပြီး မတ်လ(၂၅)ရက်နေ့ နောက်ဆုံးထားကာ လက်ခံမည်ဖြစ်ကြောင်းနှင့် သတ်မှတ်အချိန်ကာလထက် နောက်ကျကျော်လွန်မှ လာရောက်တင်သွင်းပါက လက်ခံမည်မဟုတ်ကြောင်း သိရသည်။

တာချီလိတ်မြို့နယ် စည်ပင်သာယာရေးကော်မတီမှ ၂၀၁၆ - ၂၀၁၇ ဘဏ္ဍာရေးနှစ်အတွက် သားသတ်လုပ်ငန်းဆောင်ရွက်ခွင့်နှင့် ထုတ်လုပ်ပြီး အသားများအား ဖြန့်ဖြူးရောင်းခွင့် လက်မှတ်များ ထုတ်ပေးသွားမည်ဖြစ်ပြီး လုပ်ငန်းဆောင်ရွက်ခွင့် အာမခံ တင်သွင်းငွေများအား လျှောက်လွှာစိစစ်သည့်နေတွင် တစ်ပါတည်း ပေးသွားရမည်ဖြစ်ကြောင်း သိရသည်။

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~