ညောင်ရွှေနှင့် ပင်းတယမြို့နယ်များမှ ကျေးရွာ ၁၆ ရွာ ရေရှားပါးမှု အဆိုးဆုံးကြုံနေ
ညောင်ရွှေနှင့် ပင်းတယမြို့နယ်များမှ ကျေးရွာ ၁၆ ရွာ ရေရှားပါးမှု အဆိုးဆုံးကြုံနေ
မတျ 21, 2016
By Tachileik News Agency
လက်မောင်းကွေးကျေးရွာရှိ ရေတွင်းရေကန်တစ်ခု
ညောင်ရွှေ၊ မတ်လ (၂၁)ရက် ။   ။ ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ်နှင့် ပင်းတယမြို့နယ် အတွင်း ကျေးရွာ(၁၆)ရွာတွင် ရေရှားပါးမှု အဆိုးဆုံးကြုံတွေ့ရနေပြီး ရေလာရောက်လှူဒါန်းမည့် အလှူရှင်များ လိုအပ်လျှက်ရှိကြောင်း ရေရှားပါးသည့်ဒေသကို ကူညီနေသည့် တောင်ရိုးစာပေနှင့်ယဉ်ကျေးမှုအဖွဲ့မှ သိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း ပင်းတယမြို့နယ်အတွင်း တားကုန်းကျေးရွာအုပ်စု၊ ပွေးလှကျေးရွာအုပ်စု၊ သံဘီးကုန်းကျေးရွာအုပ်စု၊ ညောင်ရွှေမြို့နယ်အတွင်း လက်မောင်းကွေးကျေးရွာအုပ်စုအတွင်းမှ ကျောက်ငှက်ရွာ၊ ရေချမ်းစင်ရွာနှင့် ၀ါးကြီးမြောင်ကျေးရွာတို့တွင် သောက်သုံးရေကန်များ ခမ်းခြောက်ခြင်းကြောင့် ကျန်ရှိသည့်သောက်သုံးရေအိုင်များတွင် ကျွဲနွားတိရစ္ဆာန်များသောက်ရေနှင့် သောက်သုံးရေများကို မျှဝေသုံးစွဲနေရကြောင်း သိရသည်။
ညောင်ရွှေမြို့နယ်၊ လက်မောင်းကွေးကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ(၃)ရွာမှာ အိမ်ထောင်စု(၃၇၆)စု၊ လူဦးရေ (၁၇၁၀)ဦးရှိပြီး ယခုလက်ရှိ သောက်သုံးရေအတွက် တောင်ရိုးစာပေနှင့်ယဉ်ကျေးမှုအဖွဲ့မှ အိမ်ထောင်စု တစ်စုလျှင် ရေလီတာ(၂၀)ပါ ဗူးကြီး(၅)ဗူးစီဖြင့် (၃)ရက်စာ ပေးဝေထားကြောင်း သိရသည်။
သတင်း။  ။ ကိုဇက်
*************
ညောင်ရွှေ၊ မတ်လ (၂၁)ရက်။ ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှမြေို့နယ်နှင့် ပင်းတယမြို့နယ် အတွင်း ကျေးရွာ(၁၆)ရွာတွင် ရေရှားပါးမှု အဆိုးဆုံးကြုံတွေ့ရနပြေီး ရေလာရောက်လှူဒါန်းမည့် အလှူရှင်များ လိုအပ်လျှက်ရှိကြောင်း ရေရှားပါးသည့်ဒေသကို ကူညီနေသည့် တောင်ရိုးစာပေနှင့်ယဉ်ကျေးမှုအဖွဲ့မှ သိရသည်။
"ရပြေတ်တောက်သွားတာ (၃)ပတ်ကျော်သွားပြီ။ ပင်းတယမြို့နယ်ထဲမှာဆိုရင် ကျေးရွာအုပ်စု(၃)ခု၊ ညောင်ရွှမြေို့နယ်ထဲမှာဆိုရင် ကျေးရွာအုပ်စု(၁)ခု စုစုပေါင်း(၁၆)ရွာပေါ့။ ကျွန်တော်လည်း သက်ဆိုင်ရာ အစိုးရဌာနတွေကို အကူအညီတောင်းထားပေမဲ့ သူတို့ ဘတ်ဂျက်မတတ်နိုင်တဲ့အတွက် ကျွန်တော်တို့ အလှူရှင်တွေရှာပြီး ကူညီပေးနေပါတယ်။ ဒါပေမဲ့ လုံးဝ လုံလောက်မှုမရှိပါဘူး"ဟု တောင်ရိုးစာပေနှင့် ယဉ်ကျေးမှုအဖွဲ့မှ ဗဟိုကော်မတီဝင် ကိုအောင်ဆန်းက ပြောသည်။
ရှမ်းပြည်နယ်တောင်ပိုင်း ပင်းတယမြို့နယ်အတွင်း တားကုန်းကျေးရွာအုပ်စု၊ ပွေးလှကျေးရွာအုပ်စု၊ သံဘီးကုန်းကျေးရွာအုပ်စု၊ ညောင်ရွှမြေို့နယ်အတွင်း လက်မောင်းကွေးကျေးရွာအုပ်စုအတွင်းမှ ကျောက်ငှက်ရွာ၊ ရေချမ်းစင်ရွာနှင့် ဝါးကြီးမြောင်ကျေးရွာတို့တွင် သောက်သုံးရေကန်များ ခမ်းခြောက်ခြင်းကြောင့် ကျန်ရှိသည့်သောက်သုံးရေအိုင်များတွင် ကျွဲနွားတိရစာ္ဆန်များသောက်ရေနှင့် သောက်သုံးရေများကို မျှဝေသုံးစွဲနေရကြောင်း သိရသည်။
"ကျွန်တော်တို့ကို ရန်ကုန်က အလှူရှင်တစ်ဦး လွန်ခဲ့တဲ့ (၂)ရက်လောက်ကလာလှူပေမဲ့ အားလုံးအတွက် လုံးဝမလုံလောက်ပါဘူး။ ကျွန်တော်ကိုယ်တိုင် ဌာနဆိုင်ရာ အသီးသီးနဲ့ လုပ်ငန်းရှင်တွေဆီလိုက်ပြီး အကူအညီတောင်းပြီးပါပြီ။ ဌာနဆိုင်ရာ ကျေးလက်ဦးစီးဌာနက ကျေးရွာတစ်ရွာပဲလာပြီး ကူညီဖြေရှင်းပေးခဲ့တယ်။ ဧပြီလ မိုးမရွာခင်အချိန်ထိ ကျေးရွာတွေရေရှားပါးမှုကို တောင့်ခံဖို့ တော်တော် ကြိုးစားနေရတယ်"ဟု ကိုအောင်ဆန်းက ဆိုသည်။
ညောင်ရွှမြေို့နယ်၊ လက်မောင်းကွေးကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ(၃)ရွာမှာ အိမ်ထောင်စု(၃၇၆)စု၊ လူဦးရေ (၁၇၁၀)ဦးရှိပြီး ယခုလက်ရှိ သောက်သုံးရေအတွက် တောင်ရိုးစာပေနှင့်ယဉ်ကျေးမှုအဖွဲ့မှ အိမ်ထောင်စု တစ်စုလျှင် ရေလီတာ(၂၀)ပါ ဗူးကြီး(၅)ဗူးစီဖြင့် (၃)ရက်စာ ပေးဝေထားကြောင်း သိရသည်။
သတင်း။ ကိုဇက်
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~