ျမစ္ႀကီးနား၌ ေက်ာင္းတက္ရင္း ေပ်ာက္သြားသည့္ မိန္းကေလး တာခ်ီလိတ္၌ ရွာေတြ႕

ျမစ္ႀကီးနား၌ ေက်ာင္းတက္ရင္း ေပ်ာက္သြားသည့္ မိန္းကေလး တာခ်ီလိတ္၌ ရွာေတြ႕
မတ် 4, 2016
By Tachileik News Agency

တာခ်ီလိတ္၊ မတ္လ(၄) ။   ။ လြန္ခဲ့သည့္ (၁)ႏွစ္ခန္႔က ျမစ္ႀကီးနား တကၠသိုလ္တြင္ ပထမႏွစ္ ဓာတုေဗဒဘာသာရပ္၌ တက္ေရာက္ ပညာသင္ၾကားရာမွ ေပ်ာက္ဆံုးသြားေသာ အမ်ိဳးသမီးငယ္တစ္ဦး လူေပ်ာက္မႈႏွင့္ ျမစ္ႀကီးနားရဲစခန္းမွ အေၾကာင္းၾကား လာျခင္းေၾကာင့္ တာခ်ီလိတ္ လူကုန္ကူးတပ္ဖြဲ႕မွ ရွာေဖြေတြ႕ရွိခဲ့ေၾကာင္း သိရသည္။

"ျမစ္ႀကီးနားက လူေပ်ာက္တိုင္လို႔ ရွာေဖြေတာ့ တာခ်ီလိတ္ ပါလွ်ံ(၃)ဆီပန္႔နားမွာ ေတြ႕တာပါ၊ ေက်ာင္းတက္ရင္း ခိုးရာလိုက္လာတာလို႔ သိရတယ္၊ လြန္ခဲ့တဲ့(၂)လေလာက္က သူ႔အမ်ိဳးသား ဘယ္ထြက္သြားမွန္း မသိလို႔ ျမစ္ႀကီးနားက အေဖဆီဖုန္းဆက္ၿပီး အေၾကာင္းၾကားေတာ့ သူ႔အေဖက လူေပ်ာက္တိုင္ၿပီး အကူအညီေတာင္းလို႔ ရွာေဖြထားတာပါ"ဟု တာခ်ီလိတ္လူကုန္ကူးမႈတားဆီး ႏွိမ္နင္းေရးရဲတပ္ဖြဲ႕မွ ရဲအုပ္ လွဘုန္းက ေျပာသည္။

တကၠသိုလ္ ပညာသင္ၾကားရင္း ျမစ္ႀကီးနားမွ ေပ်ာက္ဆံုးေနေသာ မနန္းရတနာ၀င္းအား တာခ်ီလိတ္ၿမိဳ႕၊ ပါလွ်ံ(၃) ဆီပန္႔အနီး ဦးပေဒါင္ ေနအိမ္လိုင္းခန္းတြင္ မိခင္ျဖစ္သူႏွင့္အတူ ေနေၾကာင္းေတြ႕ရွိရၿပီး၊ တာခ်ီလိတ္ မိခင္ႏွင့္ကေလးေစာင့္ေရွာက္ေရးအသင္းႏွင့္ အမ်ိဳးသမီးေရးရာအဖြဲ႕တို႔ မွ စီစဥ္ေပးခဲ့ရာ ကာယကံရွင္ျဖစ္သူ မနန္းရတနာ၀င္းမွ ေနရပ္ျပန္လိုျခင္း မရွိသျဖင့္ မိခင္ျဖစ္သူထံ ျပန္လည္ အပ္ႏွံထားခဲ့ေၾကာင္း တာခ်ီလိတ္ လူကုန္ကူးတပ္ဖြဲ႕မွ သိရသည္။

***********

တာချီလိတ်၊ မတ်လ(၄)။ လွန်ခဲ့သည့် (၁)နှစ်ခန့်က မြစ်ကြီးနား တက္ကသိုလ်တွင် ပထမနှစ် ဓာတုဗေဒဘာသာရပ်၌ တက်ရောက် ပညာသင်ကြားရာမှ ပျောက်ဆုံးသွားသော အမျိုးသမီးငယ်တစ်ဦး လူပျောက်မှုနှင့် မြစ်ကြီးနားရဲစခန်းမှ အကြောင်းကြား လာခြင်းကြောင့် တာချီလိတ် လူကုန်ကူးတပ်ဖွဲ့မှ ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။

"မြစ်ကြီးနားက လူပျောက်တိုင်လို့ ရှာဖွေတော့ တာချီလိတ် ပါလျှံ(၃)ဆီပန့်နားမှာ တွေ့တာပါ၊ ကျောင်းတက်ရင်း ခိုးရာလိုက်လာတာလို့ သိရတယ်၊ လွန်ခဲ့တဲ့(၂)လလောက်က သူ့အမျိုးသား ဘယ်ထွက်သွားမှန်း မသိလို့ မြစ်ကြီးနားက အဖေဆီဖုန်းဆက်ပြီး အကြောင်းကြားတော့ သူ့အဖေက လူပျောက်တိုင်ပြီး အကူအညီတောင်းလို့ ရှာဖွေထားတာပါ"ဟု တာချီလိတ်လူကုန်ကူးမှုတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့မှ ရဲအုပ် လှဘုန်းက ပြောသည်။

တက္ကသိုလ် ပညာသင်ကြားရင်း မြစ်ကြီးနားမှ ပျောက်ဆုံးနေသော မနန်းရတနာဝင်းအား တာချီလိတ်မြို့၊ ပါလျှံ(၃) ဆီပန့်အနီး ဦးပဒေါင် နေအိမ်လိုင်းခန်းတွင် မိခင်ဖြစ်သူနှင့်အတူ နေကြောင်းတွေ့ရှိရပြီး၊ တာချီလိတ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့တို့ မှ စီစဉ်ပေးခဲ့ရာ ကာယကံရှင်ဖြစ်သူ မနန်းရတနာဝင်းမှ နေရပ်ပြန်လိုခြင်း မရှိသဖြင့် မိခင်ဖြစ်သူထံ ပြန်လည် အပ်နှံထားခဲ့ကြောင်း တာချီလိတ် လူကုန်ကူးတပ်ဖွဲ့မှ သိရသည်။

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~