တာခ်ီလိတ္ၿမိဳ႕တြင္းမွ တရားမဝင္ ေလာင္စာဆီဆိုင္မ်ားအား မီးေဘးအသိေပးလုပ္ငန္း လုပ္ေဆာင္မည္

တာခ်ီလိတ္ၿမိဳ႕တြင္းမွ တရားမဝင္ ေလာင္စာဆီဆိုင္မ်ားအား မီးေဘးအသိေပးလုပ္ငန္း လုပ္ေဆာင္မည္
မတ် 4, 2016
By Tachileik News Agency

တာခ်ီလိတ္၊ မတ္လ (၄) ရက္ ။   ။ ရွမ္းျပည္နယ္အေရွ႕ပိုင္း တာခ်ီလိတ္ၿမိဳ႕တြင္း တရားမ၀င္ေလာင္စာ ဆီေရာင္းခ်ေနသည့္ဆိုင္မ်ားအား မီးေဘးအႏၱရာယ္အသိပညာေပးလုပ္ငန္းကို မတ္လဒုတိယပတ္အတြင္း ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း ၿမိဳ႕နယ္ စည္ပင္သာယာေရးေကာ္မတီမွသိရသည္။

"ဒီလမ္းေဘးမွာ တရားမ၀င္ေရာင္းခ်ေနတဲ့ ဓာတ္ဆီဆိုင္ေတြကို သူတို႔စား၀တ္ေနေရးအတြက္ ငဲ့ညႇာၿပီး ဖမ္းဆီးတာေတြမလုပ္ဘဲ ပထမဆံုး ပညာေပး သတိေပးလုပ္မွာပါ။ ဒါကို မလိုက္နာရင္ေတာ့ လိုက္လံသိမ္းဆည္းတာတို႔ ဖမ္းဆီးတာတို႔လုပ္မွာပါ"ဟု တာခ်ီလိတ္ၿမိဳ႕နယ္စည္ပင္သာယာေရးဌာနမွ အမႈေဆာင္အရာရွိ ဦးေက်ာ္မိုးထြန္းက ေျပာသည္။

ၿမိဳ႕တြင္း တရားမ၀င္ ေလာင္စာဆီေရာင္းခ်ေနသည့္ ဆိုင္မ်ားအား ရပ္ကြက္အလိုက္ အုပ္ခ်ဳပ္ေရးမွဴးမ်ား၊ ရဲတပ္ဖြဲ႕၀င္မ်ား၊ မီးသတ္တပ္ဖြဲ႕၀င္မ်ားႏွင့္ ပူးေပါင္း၍ ပညာေပး၊ သတိေပးမႈမ်ား လုပ္ေဆာင္သြားမည္ ျဖစ္ေၾကာင္း ၎ထံမွ သိရသည္။

"အခုေလာေလာဆယ္ ေႏြရာသီ မီးေဘးအႏၱရာယ္ႀကိဳတင္ကာကြယ္ေရးအတြက္ေတာ့ မယ္ယန္းကုန္စည္ စစ္ေဆးေရးကြင္းမွာ ဇာတ္တိုက္ေလ့က်င့္မႈေတြျပဳလုပ္ေနပါတယ္။ ဒီအပတ္အတြင္းမွာ ျမ၀တီဘဏ္နဲ႔ ျမန္မာ့စီးပြားေရးဘဏ္ေတြမွာ မီးေဘးလံုျခံဳေရးေတြ လုိက္စစ္ေနပါတယ္။

ေနာက္ထပ္ တကၠသိုလ္၀င္တန္းေတြ စာေမးပြဲေျဖဆိုတဲ့ကာလမွာ မီးေလာင္မႈ၊ မီးလန္႔မႈမရွိေအာင္ ေက်ာင္းေတြမွာ စစ္ေဆးမႈေတြလုပ္မွာပါ"ဟု ၿမိဳ႕နယ္မီးသတ္ဦးစီးဌာနမွ တာ၀န္ရွိသူတစ္ဦးက ေျပာသည္။

ယခု မတ္လပထမပတ္အတြင္း တရား၀င္ေလာင္စာဆီအေရာင္းဆိုင္မ်ားတြင္ မီးသတ္ဦးစီးဌာနမွ မီးေဘးအႏၱရာယ္အတြက္ ဇတ္တိုက္ေလ့က်င့္မႈမ်ားႏွင့္ မီးေဘးကာကြယ္ေရးမ်ားအား ပညာေပး လုပ္ေဆာင္ျခင္း၊ အပူခ်ိန္ျမင့္တက္ေနသည့္ ေန႔လယ္အခ်ိန္မ်ားတြင္ ေလာင္စာဆီဖလွယ္ျခင္းမ်ား မျပဳလုပ္ရန္ သတိေပးျခင္းတို႔ကို လုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း မီးသတ္ဦးစီးဌာနမွ သိရသည္။

သတင္း ။  ။ ေဇာင္းညီ
****************

တာချီလိတ်၊ မတ်လ (၄) ရက်။ ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့တွင်း တရားမဝင်လောင်စာ ဆီရောင်းချနေသည့်ဆိုင်များအား မီးဘေးအန္တရာယ်အသိပညာပေးလုပ်ငန်းကို မတ်လဒုတိယပတ်အတွင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ် စည်ပင်သာယာရေးကော်မတီမှသိရသည်။

"ဒီလမ်းဘေးမှာ တရားမဝင်ရောင်းချနေတဲ့ ဓာတ်ဆီဆိုင်တွေကို သူတို့စားဝတ်နေရေးအတွက် ငဲ့ညှာပြီး ဖမ်းဆီးတာတွေမလုပ်ဘဲ ပထမဆုံး ပညာပေး သတိပေးလုပ်မှာပါ။ ဒါကို မလိုက်နာရင်တော့ လိုက်လံသိမ်းဆည်းတာတို့ ဖမ်းဆီးတာတို့လုပ်မှာပါ"ဟု တာချီလိတ်မြို့နယ်စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးကျော်မိုးထွန်းက ပြောသည်။

မြို့တွင်း တရားမဝင် လောင်စာဆီရောင်းချနေသည့် ဆိုင်များအား ရပ်ကွက်အလိုက် အုပ်ချုပ်ရေးမှူးများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်း၍ ပညာပေး၊ သတိပေးမှုများ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း၎င်းထံမှ သိရသည်။

"အခုလောလောဆယ် နွေရာသီ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက်တော့ မယ်ယန်းကုန်စည် စစ်ဆေးရေးကွင်းမှာ ဇာတ်တိုက်လေ့ကျင့်မှုတွပြေုလုပ်နေပါတယ်။ ဒီအပတ်အတွင်းမှာ မြဝတီဘဏ်နဲ့ မြန်မာ့စီးပွားရေးဘဏ်တွေမှာ မီးဘေးလုံခြုံရေးတွေ လိုက်စစ်နေပါတယ်။

နောက်ထပ် တက္ကသိုလ်ဝင်တန်းတွေ စာမေးပွဲဖြေဆိုတဲ့ကာလမှာ မီးလောင်မှု၊ မီးလန့်မှုမရှိအောင် ကျောင်းတွေမှာ စစ်ဆေးမှုတွေလုပ်မှာပါ"ဟု မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယခု မတ်လပထမပတ်အတွင်း တရားဝင်လောင်စာဆီအရောင်းဆိုင်များတွင် မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ်အတွက် ဇတ်တိုက်လေ့ကျင့်မှုများနှင့် မီးဘေးကာကွယ်ရေးများအား ပညာပေး လုပ်ဆောင်ခြင်း၊ အပူချိန်မြင့်တက်နေသည့် နေ့လယ်အချိန်များတွင် လောင်စာဆီဖလှယ်ခြင်းများ မပြုလုပ်ရန် သတိပေးခြင်းတို့ကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း မီးသတ်ဦးစီးဌာနမှ သိရသည်။

သတင်း။ ဇောင်းညီ

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~