က်ိဳင္းတံုၿမိဳ႕တြင္ ကြမ္းယာဆိုင္မ်ားလာၿပီး တစ္ဆိုင္ခ်င္းေရာင္းအားက်လာ

က်ိဳင္းတံုၿမိဳ႕တြင္ ကြမ္းယာဆိုင္မ်ားလာၿပီး တစ္ဆိုင္ခ်င္းေရာင္းအားက်လာ
မတ် 8, 2016
By Tachileik News Agency

က်ဳိင္းတံု၊ မတ္လ (၈) ရက္ ။  ။ ရွမ္းျပည္နယ္အေရွ႕ပိုင္း က်ဳိင္းတံုၿမိဳ႕တြင္ ယခုႏွစ္အတြင္း ကြမ္းယာဆိုင္ေပါမ်ားလာၿပီး တစ္ဆိုင္ခ်င္းစီ၏ ေရာင္းအား က်ဆင္းသြားေၾကာင္း သိရသည္။

"အရင္က ဦးေလးတို႔ ဆိုင္နားတဝိုက္မွာ ကြမ္းယာဆိုင္သံုးဆိုင္ပဲရိွတာ။ အခုဆိုရင္ (၁၀) ဆိုင္ေလာက္ ျဖစ္လာတယ္။ ဒါေၾကာင့္ ေဖာက္သည္ေတြျပန္႔သြားၿပီး ေရာင္းအားသိပ္မရိွေတာ့ဘူး။ "ဟု ျမႇားနတ္ေမာင္၊ ကြမ္းယာႏွင့္ ကြမ္းရြက္အပိုပစၥည္းျဖန္႔ခ်ိေရးဆိုင္မွ ဦးၾကည္ဝင္းက ေျပာသည္။

ကြမ္းယာေရာင္းသူအမ်ားစုမွာ ယခင္ကအျမတ္မ်ားမ်ားရၿပီး အဆင္ေျပၾကေသာ္လည္း ယခုႏွစ္တြင္ ဆိုင္အေရအတြက္ မ်ားလာၿပီး ေရာင္းအားက်လာေၾကာင္း သိရသည္။

" အရင္ကဆို ကြမ္းယာေရာင္းတာ တစ္ရက္ ကြမ္းရြက္တစ္ပိႆာ ပံုမွန္ကုန္ပါတယ္။ ခုေတာ့ မကုန္ေတာ့တဲ့အတြက္ ကြၽန္မအတြက္ အျမတ္သိပ္မရေတာ့ပါဘူး" ဟု ကြမ္းယားဆိုင္ရွင္တစ္ဦးျဖစ္သူ ေဒၚဘူးပိုက ေျပာသည္။

ကြမ္းစားသူ ဦးေရေလ်ာ့က် မသြားေသာ္လည္း ဆိုင္မ်ားလာျခင္းေၾကာင့္ ႏွစ္သက္ရာဆိုင္ကို ေရြးခ်ယ္လာၾကသည့္အတြက္ ေရာင္းအားက်ျခင္းျဖစ္ေၾကာင္း သိရသည္။

"ကြမ္းယာမွာ ထည့္တဲ့ေဆးတူေပမဲ့ လက္ရာကြာတာရိွတယ္။ တခ်ဳိ႕က ကြမ္းသီးေကာင္းတယ္။ အႀကိဳက္ေတာ့တစ္ေယာက္နဲ႔ တစ္ယာက္ မတူဘူးေလ" ဟု ကြမ္းဝယ္စားသူတစ္ဦးက ေျပာသည္။

မႏၲေလးၿမိဳ႕မွ ကြမ္းယာႏွင့္ပတ္သက္သည့္ ပစၥည္းမ်ားကို ေတာင္ႀကီးမွတစ္ဆင့္ က်ိဳင္းတံုၿမိဳ႕သို႔ တင္သြင္းရျခင္းျဖစ္ေၾကာင္း သိရသည္။

" အမ်ားက က်ဳိင္းတံုက ကြမ္းရြက္ေတြကို ေတာင္ႀကီးထြက္ကြမ္းရြက္ပဲ ထင္ေနၾကတာ။ တကယ္တမ္းက်ေတာ့ မႏၲေလးကပါ။ ေတာင္ႀကီးကတစ္ဆင့္ ဝယ္တာပါ။ " ဟု ဦးၾကည္ဝင္းက ဆိုသည္။

ကြမ္းရြက္ေစ်းႏႈန္းမွာ မတ္လအတြင္း တစ္ပိႆာ (၄၅၀၀) က်ပ္ေစ်းေပါက္ေနေသာ္လည္း ဇန္နဝါရီလအတြင္းက ကြမ္းရြက္တစ္ပိႆာ က်ပ္(၁၂၀၀၀)အထိ ေစ်းတက္သြားခဲ့ေၾကာင္း သိရသည္။

သတင္း။  ။ ဇင္ေအာင္

**************
ကျိုင်းတုံ၊ မတ်လ (၈) ရက်။ ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့တွင် ယခုနှစ်အတွင်း ကွမ်းယာဆိုင်ပေါများလာပြီး တစ်ဆိုင်ချင်းစီ၏ ရောင်းအား ကျဆင်းသွားကြောင်း သိရသည်။
"အရင်က ဦးလေးတို့ ဆိုင်နားတဝိုက်မှာ ကွမ်းယာဆိုင်သုံးဆိုင်ပဲရှိတာ။ အခုဆိုရင် (၁၀) ဆိုင်လောက် ဖြစ်လာတယ်။ ဒါကြောင့် ဖောက်သည်တွပြေန့်သွားပြီး ရောင်းအားသိပ်မရှိတော့ဘူး။ "ဟု မြှားနတ်မောင်၊ ကွမ်းယာနှင့် ကွမ်းရွက်အပိုပစ္စည်းဖြန့်ချိရေးဆိုင်မှ ဦးကြည်ဝင်းက ပြောသည်။
ကွမ်းယာရောင်းသူအများစုမှာ ယခင်ကအမြတ်များများရပြီး အဆင်ပြကြေသော်လည်း ယခုနှစ်တွင် ဆိုင်အရေအတွက် များလာပြီး ရောင်းအားကျလာကြောင်း သိရသည်။
" အရင်ကဆို ကွမ်းယာရောင်းတာ တစ်ရက် ကွမ်းရွက်တစ်ပိဿါ ပုံမှန်ကုန်ပါတယ်။ ခုတော့ မကုန်တော့တဲ့အတွက် ကျွန်မအတွက် အမြတ်သိပ်မရတော့ပါဘူး" ဟု ကွမ်းယားဆိုင်ရှင်တစ်ဦးဖြစ်သူ ဒေါ်ဘူးပိုက ပြောသည်။
ကွမ်းစားသူ ဦးရေလျော့ကျ မသွားသော်လည်း ဆိုင်များလာခြင်းကြောင့် နှစ်သက်ရာဆိုင်ကို ရွေးချယ်လာကြသည့်အတွက် ရောင်းအားကျခြင်းဖြစ်ကြောင်း သိရသည်။
"ကွမ်းယာမှာ ထည့်တဲ့ဆေးတူပေမဲ့ လက်ရာကွာတာရှိတယ်။ တချို့က ကွမ်းသီးကောင်းတယ်။ အကြိုက်တော့တစ်ယောက်နဲ့ တစ်ယာက် မတူဘူးလေ" ဟု ကွမ်းဝယ်စားသူတစ်ဦးက ပြောသည်။
မန္တလေးမြို့မှ ကွမ်းယာနှင့်ပတ်သက်သည့် ပစ္စည်းများကို တောင်ကြီးမှတစ်ဆင့် ကျိုင်းတုံမြို့သို့ တင်သွင်းရခြင်းဖြစ်ကြောင်း သိရသည်။
" အများက ကျိုင်းတုံက ကွမ်းရွက်တွေကို တောင်ကြီးထွက်ကွမ်းရွက်ပဲ ထင်နကြေတာ။ တကယ်တမ်းကျတော့ မန္တလေးကပါ။ တောင်ကြီးကတစ်ဆင့် ဝယ်တာပါ။ " ဟု ဦးကြည်ဝင်းက ဆိုသည်။
ကွမ်းရွက်ဈေးနှုန်းမှာ မတ်လအတွင်း တစ်ပိဿါ (၄၅၀၀) ကျပ်ဈေးပေါက်နေသော်လည်း ဇန်နဝါရီလအတွင်းက ကွမ်းရွက်တစ်ပိဿါ ကျပ်(၁၂၀၀၀)အထိ ဈေးတက်သွားခဲ့ကြောင်း သိရသည်။
သတင်း။ ဇင်အောင်
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  

~~~~~~ ေၾကာ္ျငာ ~~~~~~