Update News

မီးေဘးသင့္ မိုင္းခတ္နယ္ အင္လုံရြာသို႔ တစ္ေခါက္

တေန႔က မိုင္းခတ္ၿမိဳ႕နယ္ထဲက အဲန္လူမ်ဳိးေတြေနၾကတဲ႔ အင္လုံရြာေလးကို မီးေလာင္တယ္ဆိုတဲ႔ သတင္းေလး တက္လာလို႔ ဖတ္လိုက္ရတယ္။ အဲဒီ အခ်ိန္မွာပဲ က်ေနာ့္မိတ္ေဆြႀကီး ဦးဝင္းေမာင္က ေျပာလာတယ္။ NLD အဖြဲ႕နဲ႔အတူ မီးေလာင္တဲ႔ရြာကို သြားျပီးလွဴမလို႔ လိုက္မလားလို႔ ေမးပါတယ္။ သူတို႔ရဲ႕ကားနဲ႔ မလိုက္ပဲ ေအးေအးလူလူ (၂)ေယာက္သား ဆိုင္ကယ္နဲ႔သြားဖို႔ အေဖာ္ညႇိလိုက္ပါတယ္။

ဒါနဲ႔ပဲ မနက္(၉)နာရီေလာက္မွာ ျမိဳ႕ကေန ဆိုင္ကယ္ကိုယ္စီနဲ႔ ထြက္ခဲ့ၾကပါတယ္။ အရင္တုန္းက လမ္းေတြ ဆိုးသေလာက္ အခုေတာ့ ေတာ္ေတာ့္ကို ေကာင္းေနပါၿပီ။ ဝမ္တာပုံရြာေလးကို ေရာက္လာေတာ့ ဒီရြာေလးကေန ေနာက္က်တဲ႔ေျခေထာက္ သစၥာေဖာက္ဆိုၿပီး တရုတ္ျဖဴနဲ႔တိုက္ခဲ့တဲ့ တိိုက္ပြဲတစ္ခုမွာ ေျပးခဲ႔ရတယ္ဆိုတဲ့ က်ေနာ့္မိတ္ေဆြႀကီး တစ္ေယာက္ရဲ႕စကားသံကို ျပန္ၿပီး အမွတ္ရမိလာပါတယ္။

ဒီနယ္ေျမေတြကို ျပန္ရေအာင္ အသက္ေပါင္းမ်ားစြာ စေတးၿပီး တိုက္ယူခဲ့ရတယ္လို႔ ေျပာျပခဲ႔ဖူးပါတယ္။ သူေျပာဖူးလို႔ ဗိုလ္မွဴးႀကီးလွဟန္တို႔ ရန္ႀကီးေအာင္စစ္ဆင္ေရးတို႔ ဗိုလ္ပီတာတို႔ အေၾကာင္းေတြကို သိခြင့္ရခဲ့ပါတယ္။

အဲဒီတုန္းက တိုက္ပြဲေတြအေၾကာင္း အေသးစိတ္ကို စာအုပ္ေတြ ဓာတ္ပုံေတြနဲ႔ အေသးစိတ္ မွတ္တမ္းတင္ထားတာကို သူ႔ဆီမွာ ေတြ႕ရပါတယ္။ ေနာင္ တစ္ခ်ိန္မွာ သားသမီး ေျမးျမစ္ေတြရဲ႕ လက္ထက္ၾကရင္ စာအုပ္ထုတ္ခ်င္ ထုတ္နိုင္ေအာင္လို႔ ဆိုၿပီး ျပဳစုထားတာလို႔ ေျပာျပခဲ႔ ဖူးပါတယ္။

အဲဒီတုန္းက တန္ဖိုးမသိေတာ့ အခ်က္အလက္ေတြကို မွတ္မထားလိုက္မိဘူး။ ေနာက္ပိုင္းေတာ့ က်ေနာ့္မိတ္ေဆြအဖိုးႀကီးလည္း သူ႔သမီးရွိတဲ႔ ေအာင္ပန္းမွာ လိုက္ေနရင္း ဆုံးသြားတဲ႔အေၾကာင္းကို သိရပါတယ္။ ဒီမွတ္တမ္းႀကီးဟာ သူ႔ရဲ႕ သားသမီး တစ္ေယာက္ေယာက္ဆီမွာေတာ့ ရွိေနမွာပါ။ စာအုပ္အျဖစ္ ေရာက္လာဖို႔ပဲ ေမ်ွာ္လင့္မိပါတယ္။

ဝမ္တာပုံရြာရဲ႕အလြန္မွာ တံတားရွည္တစ္စင္း ရွိပါတယ္။ တပ္နဲ႔ရဲက လုံၿခံဳေရးယူထားတယ္။ လာသမ်ွ ကားနဲ႔ဆိုင္ကယ္ေတြ ရပ္ၿပီး သတင္းပို႔ရပါတယ္။ (၂၆)မိုင္ရြာေလးကို မေရာက္ခင္ ရြာေလးတစ္ရြာအထိ ကတၱရာလမ္းႀကီး ျဖစ္ေနပါၿပီ။ မိုင္းခတ္နဲ႔က်ဳိင္းတုံက (၅၂)မိုင္ ေဝးတာဆိုေတာ့ တစ္ဝက္ေလာက္နီးပါးက လမ္းေကာင္း ေနပါၿပီ။ အရင္တုန္းက ဒီလမ္းကို ဂ်စ္ဘီလူးေတြနဲ႔ သြားခဲ႔ရတယ္။ မွတ္မွတ္႐ရ ၁၉၉၂ တုန္းက မိုင္းခတ္ကို စၿပီးေရာက္ဖူးတယ္။ အဲဒီတုန္းက (၂၆)မိုင္ရြာေလးမွာ ညအိပ္ခဲ႔ဖူးတယ္။

လမ္းတေလ်ွာက္ ကားလမ္းေတြက တအားေခ်ာ္ေတာ့ တာယာေတြကို သံခ်ိန္းႀကိဳးေတြ ပတ္ျပီးမွ ရုန္းရတယ္။ ကားေတြမွာလည္း ဝင့္ေတြ ဘာေတြ ပါတယ္။ မရုန္းနိုင္ေတာ့ရင္ ေရွ႕ကသစ္ပင္ကို သံႀကိဳးနဲ႔ခ်ည္ျပီး ကားက ဝင့္နဲ႔ ရုန္းရတယ္။ အဲဒီေခတ္တုန္းက လမ္းမွာ သုံးေလးညေလာက္ေတာ့ အိပ္ရတယ္။ မိုင္းခတ္က အျပန္ လမ္းမွာ ကားပ်က္လို႔ စားစရာက မရွိေတာ့ စြယ္ေတာ္ပြင့္ေတြ ျပဳတ္ၿပီး သုတ္စားခဲ့ရတာကို အမွတ္ရမိျပန္တယ္။

တလမ္းလုံးမွာ စြယ္ေတာ္ပြင့္ေတြက တစ္ေတာလုံး တစ္ေတာင္လုံး ေဖြးေနေအာင္ ပြင့္ေနတာပါ။ ဒီလို မတ္လႀကီးထဲမွာပဲ ၊ ဘဝမွာ မွတ္မွတ္႐ရေလးေတြပါ။ ဒီ အျဖစ္အပ်က္ေတြက အခုေတာ့ ပုံျပင္သဖြယ္ ျဖစ္သြားပါျပီ။


(၂၆)မိုင္ရြာေလးရဲ႕ ထိပ္မွာ က်ေနာ္နဲ႔ခင္မင္တဲ႔ ႏြားထိုးႀကီးနယ္ဘက္က လင္မယားရဲ႕ ေစ်းဆိုင္ေလးမွာ ဆီဝင္ထည့္တယ္။ သူတို႔က လမ္းလိုက္လုပ္ရင္း လမ္းျပင္တဲ႔အဖြဲ႕ေတြ ျပန္သြားေတာ့ မလိုက္ပဲ က်န္ေနခဲ႔တာ။ သူတို႔ရဲ႕(၁၀)တန္း ကေလးကိုေတာင္ ျမန္မာျပည္ အလယ္ပိုင္းကိုျပန္ျပီး ေဘာ္ဒါထားတယ္၊ စီးပြားေရးလည္း ေတာ္ေတာ္ အဆင္ေျပေနပုံပဲ။ ဒါပဲေလ လူဆိုတာ စီးပြားေရး လုပ္လို႔အဆင္ေျပမယ့္ ေနရာမွာ ေနရမွာပဲ၊ မိသားစုလိုက္ဆိုေတာ့ ေနတာၾကာရင္ ေပ်ာ္သြားမွာပါ။

ဒီလိုနဲ႔ မိုင္းဟန္ရြာကို ေရာက္လာတယ္။ တစ္လမ္းလုံး ေျမလမ္းဆိုေတာ့ မ်က္နွာမွာလည္း ဖုန္ေတြခ်ည္း ျဖစ္ေနၿပီ။ (၃၉)မိုင္ေရာက္ေတာ့ မေရာက္တာၾကာျပီျဖစ္တဲ႔ က်ေနာ့္ၿခံကို ဝင္ပါတယ္။ ၿခံထဲမွာ ေလ်ွာ္ျဖဴ ၊ေကာ္ဖီ ၊သစ္ေမႊး ၊စႏၵကူး ၊ကြ်န္းေတြ စိုက္ထားတယ္။ ၿခံထဲမွာက ေတာင္ကုန္းေတြ အမ်ားႀကီးပါေတာ့ အကုန္လုံး မစိုက္နိုင္ေသးဘူး။ ၿခံထဲ တစ္ေနရာမွာ တရုတ္ျဖဴေတြ တူးခဲ႔တဲ႔ ေရးတြင္းတစ္တြင္း ရွိတယ္။

အခုေတာ့ အုတ္စီၿပီး ထပ္တူးထားတယ္၊ ေရလည္း ေကာင္းတယ္။ ကုန္းတစ္ခုေပၚကို တက္ၾကည့္လိုက္ရင္ ပတ္ဝန္းက်င္ေနရာ အားလုံးကို စီးျပီးျမင္ရတဲ႔ စိုးမိုးကုန္းတစ္ခု ရွိတယ္၊ မိုင္းဟန္ဘက္က လာတဲ႔ကားေတြ မိုင္းခတ္ဘက္က လာတဲ႔ကားေတြကို ေတာ္ေတာ္ေဝးေဝး ကတည္းကေန ျမင္ေနရပါတယ္။ (၈၈) မိုင္းယန္း တိုက္ပြဲေတြမွာလည္း တပ္ေတြ ေနရာယူခဲ႔ၾကတယ္။ ဒါ႔ေၾကာင့္လည္း ဒီေနရာေတြကို အေရးပါလို႔ စစ္ေရးမွာ သုံးခဲ့တာျဖစ္မယ္။

ေတာင္သုံးလုံးရြာေလးကို ေရာက္ေတာ့ ကိုျမင့္ေဝရဲ႕သမီး ေမြးေန႔နဲ႔ ႀကံဳပါတယ္။ ပတ္ဝန္းက်င္ရြာေတြနဲ႔ မိုင္းခတ္အထိ လူေတြအမ်ားႀကီးကို ဖိတ္ထားတာပဲ။ ေန႔လယ္စာစားရင္း ဆိုင္ကယ္ေတြကို အနားေပးရတယ္။

ဆက္ထြက္လာေတာ့ မိုင္းခတ္နားကို ေရာက္လာပါတယ္။ က်ဳိင္းတုံကေန မိုင္းခတ္ကို မွန္မွန္ေလး စီးလာရင္(၃)နာရီေလာက္ေတာ့ စီးရပါမယ္။ မိုင္းခတ္မေရာက္ခင္ နန္႔(မ္)ေလြေခ်ာင္းကို ျဖတ္ေဖာက္ထားတဲ႔ ေဘလီတံတားတစ္စင္းကို ေတြ႕ရတယ္။ တံတားထိပ္က တာဝန္က် ရဲေဘာ္ကို အလံေတြတပ္ထားတဲ႔ ကားေတြသြားျပီလား ေမးေတာ့ မလာေသးေၾကာင္း သိရတယ္။ ေနာက္က ကားကိုေစာင့္ရင္းနဲ႔ ပတ္ဝန္းက်င္ကို ဓာတ္ပုံရိုက္ျဖစ္တယ္။

မိုးတြင္းတုန္းက ေခ်ာင္းေရ တအားမ်ားေတာ့ တံတားကို ေရေက်ာ္သြားလို႔ အလယ္တိုင္တစ္ဘက္က နိမ္႔သြားတယ္လို႔ သိရတယ္။ တံတားတိုင္ရဲ႕ ဟိုဘက္ ခ်ဳံတစ္ခုဝန္းက်င္မွာ ပိုက္ကြန္အဝိုင္းေလးေတြ ကိုင္ျပီး ဟင္းစားရွာေနတဲ႔ အမ်ဳိးသမီး(၃)ေယာက္ကို ရိုက္ျဖစ္တယ္။ ဟိုးခပ္လွမ္းလွမ္းမွာေတာ့ ဗ်ဴဟာကုန္းကို လွမ္းျမင္ရတယ္။ အရင္တုန္းက တပ္က (၂၂၇) တစ္ခုပဲ ရွိတာ ၊ အခုေတာ့ (၃၂၇) (၂၂၈) နဲ႔ ဗ်ဴဟာတစ္ခု ပါ တိုးလာၿပီ။

ေနာက္ၿပီး ေဆးတပ္လည္း ရွိေသးတယ္ ။ ကားေတြ ေတာ္ေတာ္နဲ႔ မလာနိုင္ေတာ့ ရဲေဘာ္ေလးကို မွာခဲ႔ၿပီး ဆက္ထြက္လာခဲ႔ၾကတယ္။ လမ္းတစ္ဘက္ကို ခြဲသြားရင္ နံမည္ႀကီးတဲ႔ နွီးဘုရားကို ေရာက္ပါတယ္။ သိၾကားမင္းက လူေယာင္ဖန္ဆင္းျပီး ရက္လုပ္သြားတယ္လို႔ ေဒသခံေတြက ယုံၾကည္ၾကပါတယ္။ ဘုရားပြဲခ်ိန္မွာေတာ့ ရပ္နီးရပ္ေဝးက ဘုရားဖူးေတြ လာေရာက္ၾကလို႔ အလြန္ကို စည္ကားပါတယ္။ ထိုင္းေတြကို လာဖူးခြင့္ျပဳရင္ေတာ့ တိုးရစ္ဇင္ လုပ္ငန္း ေကာင္းေကာင္း လုပ္လို႔ရမယ္။

နွီးဘုရားေတြနဲ႔ပတ္သက္ၿပီး ေဒါက္တာသန္းထြန္း အဆိုအရေတာ့ ေခ်ာင္းဦးနယ္တစ္ဝိုက္က လယ္သမားေတြဟာ လယ္ၿပီးခ်ိန္ေတြမွာ သူတို႔ရက္လုပ္ထားတဲ႔ နွီးဘုရားေတြကို တစ္ဆူေပၚတစ္ဆူ ထပ္ျပီး ရွမ္းျပည္တခြင္ကို လည္ေရာင္းခဲ႔တယ္လို႔ သိရပါတယ္။

က်ေနာ့္မိတ္ေဆြရဲ႕ မိန္းမ ပီနန္းက်င္ ေျပာျပဖူးပါတယ္။ သူတို႔အဖိုးေတြ လက္ထက္တုန္းက မႏၲေလးကို လွည္းေတြနဲ႔ ဘုရားသြားဖူးတာ (၂)လေလာက္ ၾကာတယ္လို႔ သိရပါတယ္။ ဘယ္လမ္းကေန ဘယ္လိုသြားၾကတယ္ေတာ့ မသိပါဘူး။ အထူးေဒသနယ္ေတြထဲကေန ျဖတ္သြားလိုက္ရင္ေတာ့ လားရႈိးဘက္ကို ေပါက္တယ္လို႔ ေျပာပါတယ္။

ေနာက္ၿပီး ဒီေဒသ တစ္ဝိုက္မွာ ေရွးေဟာင္းဘုရားပ်က္ေတြ ရွိခဲ႔ေတာ့ သာသနာထြန္းကားခဲ႔မယ္ဆိုတာ ျမင္ရုံနဲ႔ သိနိုင္ပါတယ္။ မိုင္းခတ္ရဲစခန္းထဲမွာေတာင္ ျမိဳ႕ရိုးေဟာင္းေတြ ရွိေနပါေသးတယ္။ ေစတီလို႔ ယူဆရတဲ႔ အုတ္ပုံတစ္ခုထဲကေန ေမာင္းအႀကီးႀကီးတစ္လုံးနဲ႔ အေသးတစ္လုံး ရဖူးလို႔ သက္ဆိုင္ရာကို အပ္ဖူးတယ္ဆိုျပီး ၾကားဖူးတယ္။


မိုင္းညႇင္းသြားတဲ႔ လမ္းအတိုင္း ဆိုင္ကယ္ေတြကို ေမာင္းလာၾကတယ္။ လမ္းမွာ ဆီျပတ္မွာစိုးလို႔ ရြာေလးတစ္ရြာကို ေနာက္ေၾကာင္းျပန္ၿပီး ဆီဝင္ျပီး ထည့္ရေသးတယ္။ တစ္လမ္းလုံး အတက္ခရီးက စပါျပီ ၊ နံပါတ္ဝမ္းဂီယာနဲ႔ပဲ တက္ရတယ္။ တစ္ေနရာေရာက္ေတာ့ လမ္းခြဲတစ္ခုမွာ ရဲေဘာ္တစ္ေယာက္ ေစာင့္ေနတာကို ေတြ႕လို႔ ေမးၾကည့္ေတာ့ ဘယ္ဘက္က လမ္းအတိုင္း သြားရမွာလို႔ ေျပာပါတယ္။

ညာဘက္ လမ္းကေန ဆက္သြားရင္ မိုင္းညႇင္းကို ေရာက္ပါမယ္။ တစ္လမ္းလုံး ေတာက္ေလ်ွာက္ အတက္ခ်ည္း ပါပဲ။ မိုင္းညႇင္းက ရြာေတာ္ေတာ္ေလး ႀကီးပါတယ္။ ရဲစခန္းေတြ ေစ်းေတြလည္း ရွိတယ္။ မိုင္းညႇင္းကေန ဆက္သြားရင္ ေနာင္ခ်ဳိကို ေရာက္ပါတယ္။ ေတာ္ေတာ္ေလးေတာ့ ေဝးပါတယ္။ ေနာင္ခ်ဳိက ေတာင္ႀကီး - က်ဳိင္းတုံလမ္းေပၚမွာပါ။ အရင္တုန္းက သစ္ေတြသယ္တဲ႔လမ္းလို႔ ဆိုၾကပါတယ္။

ဘယ္ဘက္က လမ္းေလးအတိုင္း ဆိုင္ကယ္ေတြကို ဆက္စီးလာၾကေတာ့ လမ္းခြဲတစ္ခုကို ထပ္ေတြ႕တယ္။ ညာဘက္လမ္းအတိုင္း စီးလာေတာ့ အာခါရြာတစ္ရြာကို ေရာက္သြားပါတယ္။ ေမးၾကည့္လိုက္ေတာ့ လမ္းမွားခဲ႔ၿပီဆိုတာ သိလိုက္ရတယ္။ ရြာထဲက အာခါေတြရဲ႕ အဝတ္အစား ေခါင္းေဆာင္းေတြက က်ဳိင္းတုံက အာခါေတြနဲ႔ မတူတာကို ေတြ႕ရတယ္။ အမ်ဳိးသမီးေတြရဲ႕ ေခါင္းေဆာင္းေတြက အခြ်န္ႀကီးေတြနဲ႔ ၊ အေဂ်ာ အာခါလို႔ ေခၚမယ္ထင္တယ္။

ရြာထဲကေန ေကြ႕ပတ္ၿပီး ဆင္းလာေတာ့ က်ေနာ္တို႔သြားခ်င္တဲ႔ အဲန္ရြာကို သြားတဲ႔လမ္း ေရာက္လာတယ္။ ကမ္းပါးယံေတြကို ဖဲ႔ခ်ျပီး လမ္းေတြခ်ဲ႕ေနတာကို တစ္လမ္းလုံး ေတြ႕ရတယ္။ တစ္လမ္းလုံးလည္း သစ္ပင္အႀကီးႀကီးေတြနဲ႔ အုံ႔ဆိုင္းျပီး ေနေျပာက္မထိုးဘူး။ သူတို႔အေခၚ နတ္ေတာလို႔ ဆိုပါတယ္ ၊ ဘယ္သူမွ သစ္ပင္ မခုတ္ရပါဘူး။ ဒီလိုနဲ႔ ရြာေလးကို ေရာက္လာပါျပီ။ ဖိုးဝွီးေတြ ဗီြဂိုးကားေတြ (၃)စီးေတာင္ ေတြ႕ရတယ္။ အရင္ရက္က အထိ ကားလမ္းမရွိဘူး။ ဆိုင္ကယ္နဲ႔ သုံးဘီးဆိုင္ကယ္ ေတြပဲ သြားလို႔ရတယ္ ၊ လမ္းက ကြက္တိ ေဖာက္ထားတာပါ။

ဒီေန႔ေတာ့ ေျမသားေတြကို ဖဲ႔ခ်ၿပီး အေရးေပၚလမ္း လုပ္ထားတာ။ မိုးတြင္းဆိုရင္ေတာ့ ဒီလမ္းက ေခ်ာ္ျပီပဲ။ အခုေတာင္ လမ္းက က်ဥ္းေတာ့ ကားေတြလည္း ကတ္သီးကတ္သတ္ ေမာင္းရတယ္။ ဒီလမ္းကို ေမာင္းရင္ ေတာင္တက္လမ္း ကားေမာင္းကြ်မ္းက်င္မွ ျဖစ္မယ္။ ရိုးရိုးကားထက္ ဖိုးဝွီးပါတဲ႔ကားမွ ပိုျပီး အဆင္ေျပမယ္။

ရြာအဝင္ တစ္ေနရာပဲ ကားရပ္စရာက ရွိတယ္။ ေခ်ာက္ႏွဳတ္ခမ္းဆိုေတာ့ ကားလွည့္ရ  ျပန္ေကြ႕ရတာ ခက္ခက္ခဲခဲ လွည့္ရတာကို ျမင္ေတြ႕ရတယ္။ ဒီအဖြဲ႕က မိုင္းခတ္က ရွမ္းအဖြဲ႕ေတြ။ အဝတ္အစား အစားအေသာက္နဲ႔ အသုံးအေဆာင္ေတြ လာျပီး လွဴၾကတာ။ ေဆးတပ္က ဆရာဝန္ေတြကလည္း ရြာက လူေတြကို ေဆးေတြ ေပးေနၾကတယ္။ လဝက အဖြဲ႕ေတြကလည္း အိမ္ေထာင္စုဇယားေတြ ထုတ္ေပးေနတာကို ျမင္ရတယ္။ မိုင္းခတ္ ရဲၿမိဳ႕နယ္မွဴးနဲ႔လည္း စကားေျပာျဖစ္တယ္။

ေနာက္ရက္ အုပ္ခ်ဳပ္ေရးမွဴး ေျခလ်င္လမ္းေလ်ွာက္ၿပီး ေရာက္လာတယ္တဲ႔။ ကားလမ္းက မေပါက္ေသး ၊ လူက အရမ္းဝၿပီး ခႏၶာကိုယ္ကႀကီးေတာ့ ဆိုင္ကယ္နဲ႔လည္း စီးလို႔မျဖစ္ေတာ့ လမ္းေလ်ွာက္ တက္ရေတာ့တာေပါ႔။ ဒီေန႔လည္း စိုက္ပ်ဳိးေရးနဲ႔ ေထြ/အုပ္က အဖြဲ႕ေတြကို ေတြ႕ရတယ္။ ပုံၾကည့္ရတာ မိုင္းခတ္က ဌာနဆိုင္ရာ အကုန္လုံး လာျပီး ကူၾကပုံပဲ။

တစ္ရြာလုံးနီးပါး မီးေလာင္သြားတာ ဘုန္းႀကီးေက်ာင္း အပါအဝင္ အိမ္ (၅)အိမ္ပဲ က်န္တယ္။ မီးစေလာင္တာက ထမင္းအိုးတည္ထားရင္းကေန ေလာင္တာ ၊ လူႀကီးေတြ အနားမွာ မရွိလို႔ ျဖစ္သြားတာတဲ႔။ ေအာက္ကေန ပင့္ျပီးေတာ့ ေလာင္လိုက္တာ သက္ငယ္(သက္ကယ္)ေတြ မိုးထားေတာ့ တစ္ရြာလုံး ခဏနဲ႔ ေျပာင္သြားတယ္။ ရြာက ေတာင္ထိပ္ ေတာင္ေစာင္းမွာ တည္ထားတာဆိုေတာ့ ရြာထဲမွာ လမ္းရယ္လို႔ သတ္သတ္မွတ္မွတ္ ရွိပုံမရပါဘူး။ မီးေလာင္တာက အရမ္းျမန္ေတာ့ ဘာပစၥည္းမွ ယူခ်ိန္ မရလိုက္ၾကဘူး။ မီးေလာင္ထားတဲ႔ စပါးေတြကလည္း အမ်ားႀကီး။ အမ်ဳိးသမီးေတြက မီးေလာင္ထားတဲ႔ စပါးေတြကို ျပာစင္ျပီး ေကာင္းနိုးရာရာ ျပန္ေရြးျပီး ယူေနတာကို ေတြ႕ရေတာ့ စိတ္မခ်မ္းသာမိဘူး။

ေရကိုေတာ့ အေပၚကေန ငါးမူးပိုက္ေတြနဲ႔ သြယ္ေပးထားေတာ့ ေရေပါတာကို ေတြ႕ရတယ္။
ဆိုင္ကယ္ေတြ သုံးဘီးဆိုင္ကယ္ေတြ စပါးႀကိတ္တဲ႔ ဟာလာစက္ေတြလည္း မီးေလာင္ခံထားရတာ တြန္႔လိမ္လို႔။ တခ်ဳိ႕ကေလးေတြက မီးေလာင္ထားတဲ႔ ဆိုင္ကယ္ေတြကို ေဆာ့လို႔။ ကူညီသူေတြ ဘယ္ေလာက္ပဲ လာလာ ဆိုင္ကယ္ေတြ စက္ေတြကိုေတာ့ ဘယ္သူမွ လာေပးမွာေတာ့ မဟုတ္ဘူးလို႔ ေတြးမိေသးတယ္။

ရြာသားေတြလည္း သူမ်ားေပးထားတာ ထင္တယ္ မီးသတ္အကၤ်ီ ေဘာင္းဘီေတြ နဲ႔။ တခ်ဳိ႕ရြာသားၾကေတာ့ ႀက့ံခိုင္ေရးက ေပးခဲ႔တဲ႔ ဦးထုပ္ေတြနဲ႔။ တခ်ဳိ႕ကေလးေတြက ေပ်ာက္ၾကား ဦးထုပ္ေလးေတြနဲ႔။ ဒီအခ်ိန္မွာေတာ့ သူတို႔လည္း သူမ်ားေပးတာ သုံးရတာပဲေလ။ ထူးျခားတာက အမ်ဳိးသမီးေတြပဲ ၊ သူမ်ားေပးတဲ႔ အကၤ်ီေတြကို ဝတ္တာ မေတြ႕ရဘူး။ သူတို႔လူမ်ဳိးရဲ႕ ဝတ္စုံမဟုတ္လို႔ မဝတ္တာပဲ ထင္ပါတယ္။

က်ဳိင္းတုံနယ္က အဲန္လူမ်ဳိးေတြနဲ႔ အဆင္အျပင္ မတူတာေတြလည္း ေတြ႕ရပါတယ္။ ေခါင္းမွာ ဆံထုံးကို ေငြႀကိဳးေလးေတြ ပတ္တာေတြ ၊ ေငြနဲ႔လုပ္ထားတဲ႔ ထီးပုံစံေလးေတြ ထိုးတာေတြ ၊ ဘီးေတြနဲ႔ ဆံပင္ကို ပတ္တာေတြက မတူပါဘူး။ ေခါင္းေပါင္း ေပါင္းပုံနဲ႔ အဝတ္အစားေတြေတာ့ တူၾကပါတယ္။ တခ်ဳိ႕ၾကေတာ့ သူမ်ားေပးခဲ႔တဲ႔ အက်ၤီကို ေအာက္က ခံဝတ္ျပီး အေပၚကေန သူတို႔ရဲ႕ဝတ္စုံကို ထပ္ျပီး ဝတ္တာကိုလည္း ေတြ႕ခဲ႔ရတယ္။ သူမ်ားေတြ အလကားေပးေပမယ့္ သူတို႔မႀကိဳက္တဲ႔ အေရာင္ဆိုရင္ လုံးဝမယူၾကတာကို ျမင္ရေတာ့ နည္းနည္းေတာ့ အံ႔ၾသမိပါတယ္။

လူေပးသူေပးေတြကို ဝတ္ရင္းနဲ႔ ၾကာရင္ေတာ့ ေခတ္ေပၚ အဝတ္ေတြကို ေျပာင္းဝတ္ကုန္မလား မသိ။ နည္းနည္းေတာ့ စိုးရိမ္စရာပါ။ ျမင္ကြင္းေတြကိုေတာ့ အကုန္လုံးပဲ မွတ္တမ္းတင္မိပါတယ္။

ရဲေဘာ္ေတြ ေတာ္ေတာ္မ်ားမ်ားက သစ္ပင္ေတြ သြားခုတ္ျပီး တိုင္ေတြ သယ္လာၾကတယ္။ တပ္က ရဲေဘာ္ေတြက အိမ္ေတြ ျပန္ေဆာက္ေပးမယ္ဆိုေတာ့ ဝမ္းသာမိတယ္။ အကာကို ပ်ဥ္ကာျပီး သြပ္ျပားေတြလည္း မိုးေပးမယ္ ၊ အခင္းကေတာ့ မတတ္နိုင္လို႔ ဝါးပဲစိတ္ျပီး ခင္းေပးမယ္လို႔ သိရပါတယ္။
( ၂၂၇)က တူးအိုင္စီနဲ႔လည္း အခ်ိန္ေတာ္ေတာ္ၾကာေအာင္ စကားေျပာခဲ႔ရပါတယ္။

သူ႔တပ္က လူ(၅၀)ပါလာတယ္ ၊ ဗ်ဴဟာက ရဲေဘာ္ေတြနဲ႔ဆိုရင္ ရဲေဘာ္ ေတာ္ေတာ္မ်ားတယ္။ မီးေလာင္တဲ႔ အခ်ိန္တုန္းက ရြာသားအမ်ားစုက ေတာင္ယာ အလုပ္ခြင္ေတြမွာ ေရာက္ေနတယ္လို႔ ေျပာပါတယ္။

 အိမ္ေျခ(၅၃) အိမ္ရွိတဲ့ထဲက (၄၈) လုံး မီးထဲကို ပါသြားတယ္။ ဘုန္းႀကီးေက်ာင္းတစ္ေက်ာင္း အပါအဝင္ အိမ္(၅)လုံးပဲ မီးလြတ္တယ္လို႔ သိရတယ္။ ဘုန္းႀကီးေက်ာင္းမွာ ဘုန္းႀကီးေတာ့ မရွိပါဘူးတဲ႔။ ေက်ာင္းထိုင္ခ်င္တဲ႔ ပုဂၢိဳလ္ေတြ လာထိုင္ရင္ ေတာ့ ေကာင္းမွာပဲ။ ဘုန္းႀကီးေတြအတြက္ ေနေရးထိုင္ေရး စားေရးေသာက္ေရးမွာေတာ့ ကသီမယ္ ထင္တယ္။ ဝါဝင္ဆိုရင္ေတာ့ တျခားရြာက ဘုန္းႀကီးကို ငွားရတယ္လို႔ ဆိုပါတယ္။

နည္းနည္း စပ္စုၾကည့္လိုက္ေတာ့ မီးေလာင္တဲ႔ အိမ္ရွင္အမည္က ဦးအိုက္ယိုးလို႔ ေျပာပါတယ္။ ဒီ အင္လုံရြာေလးက ေနာင္လုံးေက်းရြာအုပ္စုထဲမွာပါ။ အိမ္ေထာင္စု (၄၈)စု မွာ အသက္(၁၂)နွစ္အထက္ က်ား(၆၀)ဦး ၊ မ(၉၇)ဦး ၊ ေပါင္း(၁၅၇ဦး ၊ အသက္(၁၂)နွစ္ေအာက္ က်ား(၅၉)ဦး ၊ မ(၄၂)ဦး ၊ ေပါင္း(၁၀၁)ဦး ၊ စုစုေပါင္း က်ား(၁၁၉)ဦး ၊ မ(၁၃၉)ဦး ၊ စုစုေပါင္း လူဦးေရ(၂၅၈)ဦး မီးေဘးသင့္ခဲ့ၾကပါတယ္

မီးေလာင္တဲ႔ အင္လုံ အဲန္ရြာေလးဟာ မိုင္းခတ္ၿမိဳ႕ကေန (၁၅)မိုင္ေလာက္ ေဝးပါတယ္။ ရြာအထိ ကားလမ္းမေပါက္တဲ႔ အတြက္ မီးသတ္ကားေတြ မဝင္ေရာက္နိုင္တာက ရြာအတြက္ ပိုၿပီးဆိုးသြားေစတာပါ။ တစ္အိမ္နဲ႔တစ္အိမ္က နီးကပ္လြန္းၿပီး သက္ငယ္မိုး(သက္ကယ္) ၊ ဝါးကာအိမ္ေတြ ျဖစ္တာေၾကာင့္လည္း မီးကူးလြယ္တာ ျဖစ္ပါတယ္။

ဒီမီးေလာင္မႈက ဆုံးရွဳံးမႈတန္ဖိုး အေတာ္မ်ားပါတယ္။ ဆိုင္ကယ္(၂၅)စီး ၊ လက္တြန္းလယ္ထြန္စက္(၁၂)စီး ၊ သုံးဘီးဆိုင္ကယ္(၃)စီး ၊ ဆန္ႀကိတ္တဲ့ ဟာလာစက္ အေသး(၇)လုံး ၊ စပါးတင္းေပါင္း(၁၅၀၀)ေလာက္နဲ႔ ဝက္(၅)ေကာင္ မီးေလာင္ဆုံးရွဴံး ခဲ့ပါတယ္။ လူအသက္ ဆုံးရွဴံးမႈေတာ့ မရွိခဲ့ပါဘူး။ မီးသတ္တပ္ဖြဲ႕က တြက္ခ်က္တာကေတာ့ (၂၀၄.၈) သိန္း ဖိုးေလာက္ ဆုံးရွဴံးမယ္လို႔ ခန္႔မွန္းတြက္ခ်က္ထားပါတယ္။

အမွန္ေတာ့ အဲဒီပမာဏထက္ ပိုမ်ားနိုင္ပါတယ္။ သူတို႔လူမ်ဳိးေတြဟာ ရသမ်ွ စုတဲ႔လူမ်ဳိးေတြ ျဖစ္ပါတယ္။ အစားအေသာက္မွာလည္း ကရိကထ မမ်ားၾကပဲ ၊ ဆန္နဲ႔ငရုတ္သီး ရွိရင္ အဆင္ေျပေနပါျပီ။ အပိုကုန္ ဘာမွမရွိတဲ႔ လူမ်ဳိးေတြ ဆိုေတာ့ အရင္အေျခအေန ျပန္ေရာက္ေအာင္ မနည္းလုပ္ရဦးမွာပါ။

က်ေနာ္တို႔ ေမ်ွာ္ေနတဲ႔ကားေတြ ေရာက္လာေတာ့ ပါလာတဲ႔ပစၥည္းေတြကို ေပးရင္း မွတ္တမ္းတင္ ဓာတ္ပုံရိုက္ၾကပါတယ္။ ရြာက ကေလးေတြကလည္း ေပ်ာ္လို႔ရႊင္လို႔။ ပါလာတဲ႔ ပူစီေပါင္းနဲ႔ သားေရကြင္းေတြကိုလည္း ကေလးေတြကို ေဝေပးပါတယ္။ ေတာင္ေပၚရြာက ကေလးေတြတိုင္း စီေပါင္းေတြ သားေရကြင္းေတြကို မက္ေမာၾကပါတယ္။ သူတို႔မွာ ကစားစရာဆိုလို႔ ဒါပဲ ရွိတာပါ ၊ ၿမိဳ႕က ကေလးေတြလို ကစားစရာ ဘာမွမရွိပါဘူး။ ဒီရြာေလးက အျမင့္မွာ ရွိလို႔လားမသိ ၊ GSM ဖုန္းလိုင္း ေကာင္းေကာင္းမိတဲ႔အျပင္ အင္တာနက္လိုင္းေတာင္ မိပါတယ္။ လြယ္မီးေတာင္က လိုင္းနဲ႔ မိတာ ျဖစ္မယ္။

မိုင္းခတ္ၿမိဳ႕မွာေတာင္ MPT Tower တိုင္ ေထာင္ထားတာ (၂)နွစ္ေလာက္ ရွိေနေပမယ့္ GSM လိုင္းက မမိပါဘူး ၊ စက္ေတြ မတပ္ရေသးလို႔ သိရတယ္။ CDMA ဖုန္းေတြပဲ မိုင္းခတ္လမ္း တလမ္းလုံး သုံးလို႔ရတာပါ။ ဒီရြာေလးမွာေတာ့ ဖုန္းေတြကို မသုံးတတ္ၾကေသးပါဘူး။

ရြာကေန ေအာက္ကိုဆင္းသြားတဲ႔ တစ္ေနရာမွာ ေစတီပ်က္တစ္ဆူလည္း ရွိပါတယ္။ ေရာင္ျခည္ေတာ္လႊတ္တာ (၃)ႀကိမ္ေလာက္ ရွိေနျပီဆိုလို႔ အဖြဲ႕ေတြ သြားၾကည့္ၾကပါတယ္။

အုတ္ခ်ပ္အႀကီးႀကီးေတြနဲ႔ အုတ္ပုံသာသာပဲ က်န္ပါေတာ့တယ္။ ရြာသူႀကီး ဆႏၵကေတာ့ ျပန္လည္ျပီး ဘုရားတစ္ဆူ တည္ခ်င္ပါသတဲ႔။ အလွဴရွင္ ေပၚရင္ေတာ့ ပစၥည္းေတြ စုျပီး အဲဒီေနရာအေရာက္ လူအားနဲ႔ သယ္ရမွာပါ။ ပါရမီရွင္ေတြ ေရွးေရစက္ရွိတဲ႔သူေတြ ေပၚေပါက္လာရင္ေတာ့ ေတာႀကီးမ်က္မည္းထဲက ေရွးေဟာင္းဘုရားေလးကို ဝိုင္းဝန္းျပီး ျပဳျပင္ေပးခ်င္ပါတယ္။

တစ္ေယာက္တည္း အားနဲ႔ေတာ့ မနိုင္ေလာက္္ပါ။ ေနာက္ျပီး ဒီလူမ်ဳိးစုေတြဟာ ျမန္မာတပ္ေတြ ခ်န္ထားခဲ႔တဲ႔ ေရွး ျမန္မာအႏြယ္ေတြ ျဖစ္နိုင္တယ္လို႔လည္း ဌာနဆိုင္ရာေတြက ခန္႔မွန္းေျပာဆိုတာကို ၾကားခဲ႔ရပါတယ္။ ဟုတ္/မဟုတ္ေတာ့ မသိနိုင္ပါဘူး။ မိုင္းညႇင္းဘက္မွာလည္း အဲန္ရြာ(၃)ရြာေလာက္ ရွိပါေသးတယ္။

က်ဳိင္းတုံမွာေတာ့ ပင္းေတာက္ဘက္မွာ(၃)ရြာေလာက္နဲ႔ ၊ ကမၻာေအးဘုရားဘက္မွာ(၁)ရြာ ေလာက္ပဲ အဲန္လူမ်ဳိးေတြက ရွိၾကတာပါ။ သူတို႔ လူမ်ဳိးအခ်င္းခ်င္းပဲ အိမ္ေထာင္ျပဳတာဆိုေတာ့ လူဦးေရက သိပ္မတိုးပါဘူး။ စုစုေပါင္းမွ တစ္ေသာင္းဂဏန္းေတာင္ မရွိတဲ႔ လူမ်ဳိးစုငယ္ေတြ ျဖစ္ပါတယ္။

ျမန္မာျပည္တြင္းမွာပဲ ရွိတဲ႔ လူမ်ဳိးစုပါ။ တျခား လားဟူေတြ အာခါေတြ ဆိုရင္ တရုတ္နဲ႔ ထိုင္းမွာလည္း ရွိပါတယ္ ၊ လာအိုဘက္မွာလည္း တခ်ဳိ႕ ရွိပါတယ္။ အဲန္လူမ်ဳိးကေတာ့ ျမန္မာျပည္အတြင္း ရွမ္း/အေရွ႕မွာပဲ ေတြ႕နိုင္တာပါ။

ရြာေလးကေန ထြက္လာေတာ့ မိုးခ်ဳပ္ခါ နီးေနပါျပီ။ ခပ္သြက္သြက္ေလး စီးလာေပမယ့္ မိုင္းခတ္ကို ေရာက္ေတာ့ အေတာ္ေလးကို ေမွာင္ေနပါျပီ။ ရြာေလးကေန မိုင္းခတ္ကို တစ္နာရီေက်ာ္ ေက်ာ္ေလာက္ စီးရပါတယ္။ က်ဳိင္းတုံကို ျပန္ဖို႔ အခ်ိန္မရွိေတာ့တာေၾကာင့္ မိုင္းခတ္က က်ေနာ့္မိတ္ေဆြ ဦးေက်ာ္ဆန္းရဲ႕ အိမ္မွာပဲ အိပ္လိုက္ရပါေတာ့တယ္။

သတင္းေဆာင္းပါး။  ။ ရဲျမင့္ေအာင္
ဓာတ္ပံု။  ။ ကိုရဲျမင့္ေအာင္

************

( unicode )

တနေ့က မိုင်းခတ်မြို့နယ်ထဲက အဲန်လူမျိုးတွေနကြေတဲ့ အင်လုံရွာလေးကို မီးလောင်တယ်ဆိုတဲ့ သတင်းလေး တက်လာလို့ ဖတ်လိုက်ရတယ်။ အဲဒီ အချိန်မှာပဲ ကျနော့်မိတ်ဆွကြေီး ဦးဝင်းမောင်က ပြောလာတယ်။ NLD အဖွဲ့နဲ့အတူ မီးလောင်တဲ့ရွာကို သွားပြီးလှူမလို့ လိုက်မလားလို့ မေးပါတယ်။ သူတို့ရဲ့ကားနဲ့ မလိုက်ပဲ အေးအေးလူလူ (၂)ယောက်သား ဆိုင်ကယ်နဲ့သွားဖို့ အဖော်ညှိလိုက်ပါတယ်။

ဒါနဲ့ပဲ မနက်(၉)နာရီလောက်မှာ မြို့ကနေ ဆိုင်ကယ်ကိုယ်စီနဲ့ ထွက်ခဲ့ကြပါတယ်။ အရင်တုန်းက လမ်းတွေ ဆိုးသလောက် အခုတော့ တော်တော့်ကို ကောင်းနေပါပြီ။ ဝမ်တာပုံရွာလေးကို ရောက်လာတော့ ဒီရွာလေးကနေ နောက်ကျတဲ့ခြေထောက် သစ္စာဖောက်ဆိုပြီး တရုတ်ဖြူနဲ့တိုက်ခဲ့တဲ့ တိုက်ပွဲတစ်ခုမှာ ပြေးခဲ့ရတယ်ဆိုတဲ့ ကျနော့်မိတ်ဆွကြေီး တစ်ယောက်ရဲ့စကားသံကို ပြန်ပြီး အမှတ်ရမိလာပါတယ်။

ဒီနယ်မြေတွေကို ပြန်ရအောင် အသက်ပေါင်းများစွာ စတေးပြီး တိုက်ယူခဲ့ရတယ်လို့ ပြောပြခဲ့ဖူးပါတယ်။ သူပြောဖူးလို့ ဗိုလ်မှူးကြီးလှဟန်တို့ ရန်ကြီးအောင်စစ်ဆင်ရေးတို့ ဗိုလ်ပီတာတို့ အကြောင်းတွေကို သိခွင့်ရခဲ့ပါတယ်။

အဲဒီတုန်းက တိုက်ပွဲတွေအကြောင်း အသေးစိတ်ကို စာအုပ်တွေ ဓာတ်ပုံတွေနဲ့ အသေးစိတ် မှတ်တမ်းတင်ထားတာကို သူ့ဆီမှာ တွေ့ရပါတယ်။ နောင် တစ်ချိန်မှာ သားသမီး မြေးမြစ်တွေရဲ့ လက်ထက်ကြရင် စာအုပ်ထုတ်ချင် ထုတ်နိုင်အောင်လို့ ဆိုပြီး ပြုစုထားတာလို့ ပြောပြခဲ့ ဖူးပါတယ်။

အဲဒီတုန်းက တန်ဖိုးမသိတော့ အချက်အလက်တွေကို မှတ်မထားလိုက်မိဘူး။ နောက်ပိုင်းတော့ ကျနော့်မိတ်ဆွေအဖိုးကြီးလည်း သူ့သမီးရှိတဲ့ အောင်ပန်းမှာ လိုက်နေရင်း ဆုံးသွားတဲ့အကြောင်းကို သိရပါတယ်။ ဒီမှတ်တမ်းကြီးဟာ သူ့ရဲ့ သားသမီး တစ်ယောက်ယောက်ဆီမှာတော့ ရှိနေမှာပါ။ စာအုပ်အဖြစ် ရောက်လာဖို့ပဲ မျှော်လင့်မိပါတယ်။

ဝမ်တာပုံရွာရဲ့အလွန်မှာ တံတားရှည်တစ်စင်း ရှိပါတယ်။ တပ်နဲ့ရဲက လုံခြုံရေးယူထားတယ်။ လာသမျှ ကားနဲ့ဆိုင်ကယ်တွေ ရပ်ပြီး သတင်းပို့ရပါတယ်။ (၂၆)မိုင်ရွာလေးကို မရောက်ခင် ရွာလေးတစ်ရွာအထိ ကတ္တရာလမ်းကြီး ဖြစ်နေပါပြီ။ မိုင်းခတ်နဲ့ကျိုင်းတုံက (၅၂)မိုင် ဝေးတာဆိုတော့ တစ်ဝက်လောက်နီးပါးက လမ်းကောင်း နေပါပြီ။ အရင်တုန်းက ဒီလမ်းကို ဂျစ်ဘီလူးတွေနဲ့ သွားခဲ့ရတယ်။ မှတ်မှတ်ရရ ၁၉၉၂ တုန်းက မိုင်းခတ်ကို စပြီးရောက်ဖူးတယ်။ အဲဒီတုန်းက (၂၆)မိုင်ရွာလေးမှာ ညအိပ်ခဲ့ဖူးတယ်။

လမ်းတလျှောက် ကားလမ်းတွေက တအားချော်တော့ တာယာတွေကို သံချိန်းကြိုးတွေ ပတ်ပြီးမှ ရုန်းရတယ်။ ကားတွေမှာလည်း ဝင့်တွေ ဘာတွေ ပါတယ်။ မရုန်းနိုင်တော့ရင် ရှေ့ကသစ်ပင်ကို သံကြိုးနဲ့ချည်ပြီး ကားက ဝင့်နဲ့ ရုန်းရတယ်။ အဲဒီခေတ်တုန်းက လမ်းမှာ သုံးလေးညလောက်တော့ အိပ်ရတယ်။ မိုင်းခတ်က အပြန် လမ်းမှာ ကားပျက်လို့ စားစရာက မရှိတော့ စွယ်တော်ပွင့်တွေ ပြုတ်ပြီး သုတ်စားခဲ့ရတာကို အမှတ်ရမိပြန်တယ်။

တလမ်းလုံးမှာ စွယ်တော်ပွင့်တွေက တစ်တောလုံး တစ်တောင်လုံး ဖွေးနေအောင် ပွင့်နေတာပါ။ ဒီလို မတ်လကြီးထဲမှာပဲ၊ ဘဝမှာ မှတ်မှတ်ရရလေးတွေပါ။ ဒီ အဖြစ်အပျက်တွေက အခုတော့ ပုံပြင်သဖွယ် ဖြစ်သွားပါပြီ။


(၂၆)မိုင်ရွာလေးရဲ့ ထိပ်မှာ ကျနော်နဲ့ခင်မင်တဲ့ နွားထိုးကြီးနယ်ဘက်က လင်မယားရဲ့ ဈေးဆိုင်လေးမှာ ဆီဝင်ထည့်တယ်။ သူတို့က လမ်းလိုက်လုပ်ရင်း လမ်းပြင်တဲ့အဖွဲ့တွေ ပြန်သွားတော့ မလိုက်ပဲ ကျန်နေခဲ့တာ။ သူတို့ရဲ့(၁၀)တန်း ကလေးကိုတောင် မြန်မာပြည် အလယ်ပိုင်းကိုပြန်ပြီး ဘော်ဒါထားတယ်၊ စီးပွားရေးလည်း တော်တော် အဆင်ပြေနေပုံပဲ။ ဒါပဲလေ လူဆိုတာ စီးပွားရေး လုပ်လို့အဆင်ပြေမယ့် နေရာမှာ နေရမှာပဲ၊ မိသားစုလိုက်ဆိုတော့ နေတာကြာရင် ပျော်သွားမှာပါ။

ဒီလိုနဲ့ မိုင်းဟန်ရွာကို ရောက်လာတယ်။ တစ်လမ်းလုံး မြေလမ်းဆိုတော့ မျက်နှာမှာလည်း ဖုန်တွေချည်း ဖြစ်နပြေီ။ (၃၉)မိုင်ရောက်တော့ မရောက်တာကြာပြီဖြစ်တဲ့ ကျနော့်ခြံကို ဝင်ပါတယ်။ ခြံထဲမှာ လျှော်ဖြူ၊ကော်ဖီ၊သစ်မွှေး၊စန္ဒကူး၊ကျွန်းတွေ စိုက်ထားတယ်။ ခြံထဲမှာက တောင်ကုန်းတွေ အများကြီးပါတော့ အကုန်လုံး မစိုက်နိုင်သေးဘူး။ ခြံထဲ တစ်နေရာမှာ တရုတ်ဖြူတွေ တူးခဲ့တဲ့ ရေးတွင်းတစ်တွင်း ရှိတယ်။

အခုတော့ အုတ်စီပြီး ထပ်တူးထားတယ်၊ ရေလည်း ကောင်းတယ်။ ကုန်းတစ်ခုပေါ်ကို တက်ကြည့်လိုက်ရင် ပတ်ဝန်းကျင်နေရာ အားလုံးကို စီးပြီးမြင်ရတဲ့ စိုးမိုးကုန်းတစ်ခု ရှိတယ်၊ မိုင်းဟန်ဘက်က လာတဲ့ကားတွေ မိုင်းခတ်ဘက်က လာတဲ့ကားတွေကို တော်တော်ဝေးဝေး ကတည်းကနေ မြင်နေရပါတယ်။ (၈၈) မိုင်းယန်း တိုက်ပွဲတွေမှာလည်း တပ်တွေ နေရာယူခဲ့ကြတယ်။ ဒါ့ကြောင့်လည်း ဒီနေရာတွေကို အရေးပါလို့ စစ်ရေးမှာ သုံးခဲ့တာဖြစ်မယ်။

တောင်သုံးလုံးရွာလေးကို ရောက်တော့ ကိုမြင့်ဝေရဲ့သမီး မွေးနေ့နဲ့ ကြုံပါတယ်။ ပတ်ဝန်းကျင်ရွာတွေနဲ့ မိုင်းခတ်အထိ လူတွေအများကြီးကို ဖိတ်ထားတာပဲ။ နေ့လယ်စာစားရင်း ဆိုင်ကယ်တွေကို အနားပေးရတယ်။

ဆက်ထွက်လာတော့ မိုင်းခတ်နားကို ရောက်လာပါတယ်။ ကျိုင်းတုံကနေ မိုင်းခတ်ကို မှန်မှန်လေး စီးလာရင်(၃)နာရီလောက်တော့ စီးရပါမယ်။ မိုင်းခတ်မရောက်ခင် နန့်(မ်)လွေချောင်းကို ဖြတ်ဖောက်ထားတဲ့ ဘေလီတံတားတစ်စင်းကို တွေ့ရတယ်။ တံတားထိပ်က တာဝန်ကျ ရဲဘော်ကို အလံတွေတပ်ထားတဲ့ ကားတွေသွားပြီလား မေးတော့ မလာသေးကြောင်း သိရတယ်။ နောက်က ကားကိုစောင့်ရင်းနဲ့ ပတ်ဝန်းကျင်ကို ဓာတ်ပုံရိုက်ဖြစ်တယ်။

မိုးတွင်းတုန်းက ချောင်းရေ တအားများတော့ တံတားကို ရေကျော်သွားလို့ အလယ်တိုင်တစ်ဘက်က နိမ့်သွားတယ်လို့ သိရတယ်။ တံတားတိုင်ရဲ့ ဟိုဘက် ချုံတစ်ခုဝန်းကျင်မှာ ပိုက်ကွန်အဝိုင်းလေးတွေ ကိုင်ပြီး ဟင်းစားရှာနေတဲ့ အမျိုးသမီး(၃)ယောက်ကို ရိုက်ဖြစ်တယ်။ ဟိုးခပ်လှမ်းလှမ်းမှာတော့ ဗျူဟာကုန်းကို လှမ်းမြင်ရတယ်။ အရင်တုန်းက တပ်က (၂၂၇) တစ်ခုပဲ ရှိတာ၊ အခုတော့ (၃၂၇) (၂၂၈) နဲ့ ဗျူဟာတစ်ခု ပါ တိုးလာပြီ။

နောက်ပြီး ဆေးတပ်လည်း ရှိသေးတယ်။ ကားတွေ တော်တော်နဲ့ မလာနိုင်တော့ ရဲဘော်လေးကို မှာခဲ့ပြီး ဆက်ထွက်လာခဲ့ကြတယ်။ လမ်းတစ်ဘက်ကို ခွဲသွားရင် နံမည်ကြီးတဲ့ နှီးဘုရားကို ရောက်ပါတယ်။ သိကြားမင်းက လူယောင်ဖန်ဆင်းပြီး ရက်လုပ်သွားတယ်လို့ ဒေသခံတွေက ယုံကြည်ကြပါတယ်။ ဘုရားပွဲချိန်မှာတော့ ရပ်နီးရပ်ဝေးက ဘုရားဖူးတွေ လာရောက်ကြလို့ အလွန်ကို စည်ကားပါတယ်။ ထိုင်းတွေကို လာဖူးခွင့်ပြုရင်တော့ တိုးရစ်ဇင် လုပ်ငန်း ကောင်းကောင်း လုပ်လို့ရမယ်။

နှီးဘုရားတွေနဲ့ပတ်သက်ပြီး ဒေါက်တာသန်းထွန်း အဆိုအရတော့ ချောင်းဦးနယ်တစ်ဝိုက်က လယ်သမားတွေဟာ လယ်ပြီးချိန်တွေမှာ သူတို့ရက်လုပ်ထားတဲ့ နှီးဘုရားတွေကို တစ်ဆူပေါ်တစ်ဆူ ထပ်ပြီး ရှမ်းပြည်တခွင်ကို လည်ရောင်းခဲ့တယ်လို့ သိရပါတယ်။

ကျနော့်မိတ်ဆွေရဲ့ မိန်းမ ပီနန်းကျင် ပြောပြဖူးပါတယ်။ သူတို့အဖိုးတွေ လက်ထက်တုန်းက မန္တလေးကို လှည်းတွေနဲ့ ဘုရားသွားဖူးတာ (၂)လလောက် ကြာတယ်လို့ သိရပါတယ်။ ဘယ်လမ်းကနေ ဘယ်လိုသွားကြတယ်တော့ မသိပါဘူး။ အထူးဒေသနယ်တွေထဲကနေ ဖြတ်သွားလိုက်ရင်တော့ လားရှိုးဘက်ကို ပေါက်တယ်လို့ ပြောပါတယ်။

နောက်ပြီး ဒီဒေသ တစ်ဝိုက်မှာ ရှေးဟောင်းဘုရားပျက်တွေ ရှိခဲ့တော့ သာသနာထွန်းကားခဲ့မယ်ဆိုတာ မြင်ရုံနဲ့ သိနိုင်ပါတယ်။ မိုင်းခတ်ရဲစခန်းထဲမှာတောင် မြို့ရိုးဟောင်းတွေ ရှိနေပါသေးတယ်။ စေတီလို့ ယူဆရတဲ့ အုတ်ပုံတစ်ခုထဲကနေ မောင်းအကြီးကြီးတစ်လုံးနဲ့ အသေးတစ်လုံး ရဖူးလို့ သက်ဆိုင်ရာကို အပ်ဖူးတယ်ဆိုပြီး ကြားဖူးတယ်။


မိုင်းညှင်းသွားတဲ့ လမ်းအတိုင်း ဆိုင်ကယ်တွေကို မောင်းလာကြတယ်။ လမ်းမှာ ဆီပြတ်မှာစိုးလို့ ရွာလေးတစ်ရွာကို နောက်ကြောင်းပြန်ပြီး ဆီဝင်ပြီး ထည့်ရသေးတယ်။ တစ်လမ်းလုံး အတက်ခရီးက စပါပြီ၊ နံပါတ်ဝမ်းဂီယာနဲ့ပဲ တက်ရတယ်။ တစ်နေရာရောက်တော့ လမ်းခွဲတစ်ခုမှာ ရဲဘော်တစ်ယောက် စောင့်နေတာကို တွေ့လို့ မေးကြည့်တော့ ဘယ်ဘက်က လမ်းအတိုင်း သွားရမှာလို့ ပြောပါတယ်။

ညာဘက် လမ်းကနေ ဆက်သွားရင် မိုင်းညှင်းကို ရောက်ပါမယ်။ တစ်လမ်းလုံး တောက်လျှောက် အတက်ချည်း ပါပဲ။ မိုင်းညှင်းက ရွာတော်တော်လေး ကြီးပါတယ်။ ရဲစခန်းတွေ ဈေးတွေလည်း ရှိတယ်။ မိုင်းညှင်းကနေ ဆက်သွားရင် နောင်ချိုကို ရောက်ပါတယ်။ တော်တော်လေးတော့ ဝေးပါတယ်။ နောင်ချိုက တောင်ကြီး - ကျိုင်းတုံလမ်းပေါ်မှာပါ။ အရင်တုန်းက သစ်တွေသယ်တဲ့လမ်းလို့ ဆိုကြပါတယ်။

ဘယ်ဘက်က လမ်းလေးအတိုင်း ဆိုင်ကယ်တွေကို ဆက်စီးလာကြတော့ လမ်းခွဲတစ်ခုကို ထပ်တွေ့တယ်။ ညာဘက်လမ်းအတိုင်း စီးလာတော့ အာခါရွာတစ်ရွာကို ရောက်သွားပါတယ်။ မေးကြည့်လိုက်တော့ လမ်းမှားခဲ့ပြီဆိုတာ သိလိုက်ရတယ်။ ရွာထဲက အာခါတွေရဲ့ အဝတ်အစား ခေါင်းဆောင်းတွေက ကျိုင်းတုံက အာခါတွေနဲ့ မတူတာကို တွေ့ရတယ်။ အမျိုးသမီးတွေရဲ့ ခေါင်းဆောင်းတွေက အချွန်ကြီးတွေနဲ့၊ အဂျော အာခါလို့ ခေါ်မယ်ထင်တယ်။

ရွာထဲကနေ ကွေ့ပတ်ပြီး ဆင်းလာတော့ ကျနော်တို့သွားချင်တဲ့ အဲန်ရွာကို သွားတဲ့လမ်း ရောက်လာတယ်။ ကမ်းပါးယံတွေကို ဖဲ့ချပြီး လမ်းတွေချဲ့နေတာကို တစ်လမ်းလုံး တွေ့ရတယ်။ တစ်လမ်းလုံးလည်း သစ်ပင်အကြီးကြီးတွေနဲ့ အုံ့ဆိုင်းပြီး နေပြောက်မထိုးဘူး။ သူတို့အခေါ် နတ်တောလို့ ဆိုပါတယ်၊ ဘယ်သူမှ သစ်ပင် မခုတ်ရပါဘူး။ ဒီလိုနဲ့ ရွာလေးကို ရောက်လာပါပြီ။ ဖိုးဝှီးတွေ ဗွီဂိုးကားတွေ (၃)စီးတောင် တွေ့ရတယ်။ အရင်ရက်က အထိ ကားလမ်းမရှိဘူး။ ဆိုင်ကယ်နဲ့ သုံးဘီးဆိုင်ကယ် တွေပဲ သွားလို့ရတယ်၊ လမ်းက ကွက်တိ ဖောက်ထားတာပါ။

ဒီနေ့တော့ မြေသားတွေကို ဖဲ့ချပြီး အရေးပေါ်လမ်း လုပ်ထားတာ။ မိုးတွင်းဆိုရင်တော့ ဒီလမ်းက ချော်ပြီပဲ။ အခုတောင် လမ်းက ကျဉ်းတော့ ကားတွေလည်း ကတ်သီးကတ်သတ် မောင်းရတယ်။ ဒီလမ်းကို မောင်းရင် တောင်တက်လမ်း ကားမောင်းကျွမ်းကျင်မှ ဖြစ်မယ်။ ရိုးရိုးကားထက် ဖိုးဝှီးပါတဲ့ကားမှ ပိုပြီး အဆင်ပြေမယ်။

ရွာအဝင် တစ်နေရာပဲ ကားရပ်စရာက ရှိတယ်။ ချောက်နှုတ်ခမ်းဆိုတော့ ကားလှည့်ရ ပြန်ကွေ့ရတာ ခက်ခက်ခဲခဲ လှည့်ရတာကို မြင်တွေ့ရတယ်။ ဒီအဖွဲ့က မိုင်းခတ်က ရှမ်းအဖွဲ့တွေ။ အဝတ်အစား အစားအသောက်နဲ့ အသုံးအဆောင်တွေ လာပြီး လှူကြတာ။ ဆေးတပ်က ဆရာဝန်တွေကလည်း ရွာက လူတွေကို ဆေးတွေ ပေးနကြေတယ်။ လဝက အဖွဲ့တွေကလည်း အိမ်ထောင်စုဇယားတွေ ထုတ်ပေးနေတာကို မြင်ရတယ်။ မိုင်းခတ် ရဲမြို့နယ်မှူးနဲ့လည်း စကားပြောဖြစ်တယ်။

နောက်ရက် အုပ်ချုပ်ရေးမှူး ခြေလျင်လမ်းလျှောက်ပြီး ရောက်လာတယ်တဲ့။ ကားလမ်းက မပေါက်သေး၊ လူက အရမ်းဝပြီး ခန္ဓာကိုယ်ကကြီးတော့ ဆိုင်ကယ်နဲ့လည်း စီးလို့မဖြစ်တော့ လမ်းလျှောက် တက်ရတော့တာပေါ့။ ဒီနေ့လည်း စိုက်ပျိုးရေးနဲ့ ထွေ/အုပ်က အဖွဲ့တွေကို တွေ့ရတယ်။ ပုံကြည့်ရတာ မိုင်းခတ်က ဌာနဆိုင်ရာ အကုန်လုံး လာပြီး ကူကြပုံပဲ။

တစ်ရွာလုံးနီးပါး မီးလောင်သွားတာ ဘုန်းကြီးကျောင်း အပါအဝင် အိမ် (၅)အိမ်ပဲ ကျန်တယ်။ မီးစလောင်တာက ထမင်းအိုးတည်ထားရင်းကနေ လောင်တာ၊ လူကြီးတွေ အနားမှာ မရှိလို့ ဖြစ်သွားတာတဲ့။ အောက်ကနေ ပင့်ပြီးတော့ လောင်လိုက်တာ သက်ငယ်(သက်ကယ်)တွေ မိုးထားတော့ တစ်ရွာလုံး ခဏနဲ့ ပြောင်သွားတယ်။ ရွာက တောင်ထိပ် တောင်စောင်းမှာ တည်ထားတာဆိုတော့ ရွာထဲမှာ လမ်းရယ်လို့ သတ်သတ်မှတ်မှတ် ရှိပုံမရပါဘူး။ မီးလောင်တာက အရမ်းမြန်တော့ ဘာပစ္စည်းမှ ယူချိန် မရလိုက်ကြဘူး။ မီးလောင်ထားတဲ့ စပါးတွေကလည်း အများကြီး။ အမျိုးသမီးတွေက မီးလောင်ထားတဲ့ စပါးတွေကို ပြာစင်ပြီး ကောင်းနိုးရာရာ ပြန်ရွေးပြီး ယူနေတာကို တွေ့ရတော့ စိတ်မချမ်းသာမိဘူး။

ရေကိုတော့ အပေါ်ကနေ ငါးမူးပိုက်တွေနဲ့ သွယ်ပေးထားတော့ ရေပေါတာကို တွေ့ရတယ်။
ဆိုင်ကယ်တွေ သုံးဘီးဆိုင်ကယ်တွေ စပါးကြိတ်တဲ့ ဟာလာစက်တွေလည်း မီးလောင်ခံထားရတာ တွန့်လိမ်လို့။ တချို့ကလေးတွေက မီးလောင်ထားတဲ့ ဆိုင်ကယ်တွေကို ဆော့လို့။ ကူညီသူတွေ ဘယ်လောက်ပဲ လာလာ ဆိုင်ကယ်တွေ စက်တွေကိုတော့ ဘယ်သူမှ လာပေးမှာတော့ မဟုတ်ဘူးလို့ တွေးမိသေးတယ်။

ရွာသားတွေလည်း သူများပေးထားတာ ထင်တယ် မီးသတ်အင်္ကျီ ဘောင်းဘီတွေ နဲ့။ တချို့ရွာသားကြတော့ ကြံ့ခိုင်ရေးက ပေးခဲ့တဲ့ ဦးထုပ်တွေနဲ့။ တချို့ကလေးတွေက ပျောက်ကြား ဦးထုပ်လေးတွေနဲ့။ ဒီအချိန်မှာတော့ သူတို့လည်း သူများပေးတာ သုံးရတာပဲလေ။ ထူးခြားတာက အမျိုးသမီးတွေပဲ၊ သူများပေးတဲ့ အင်္ကျီတွေကို ဝတ်တာ မတွေ့ရဘူး။ သူတို့လူမျိုးရဲ့ ဝတ်စုံမဟုတ်လို့ မဝတ်တာပဲ ထင်ပါတယ်။

ကျိုင်းတုံနယ်က အဲန်လူမျိုးတွေနဲ့ အဆင်အပြင် မတူတာတွေလည်း တွေ့ရပါတယ်။ ခေါင်းမှာ ဆံထုံးကို ငွကြေိုးလေးတွေ ပတ်တာတွေ၊ ငွေနဲ့လုပ်ထားတဲ့ ထီးပုံစံလေးတွေ ထိုးတာတွေ၊ ဘီးတွေနဲ့ ဆံပင်ကို ပတ်တာတွေက မတူပါဘူး။ ခေါင်းပေါင်း ပေါင်းပုံနဲ့ အဝတ်အစားတွေတော့ တူကြပါတယ်။ တချို့ကြတော့ သူများပေးခဲ့တဲ့ အင်္ကျီကို အောက်က ခံဝတ်ပြီး အပေါ်ကနေ သူတို့ရဲ့ဝတ်စုံကို ထပ်ပြီး ဝတ်တာကိုလည်း တွေ့ခဲ့ရတယ်။ သူများတွေ အလကားပေးပေမယ့် သူတို့မကြိုက်တဲ့ အရောင်ဆိုရင် လုံးဝမယူကြတာကို မြင်ရတော့ နည်းနည်းတော့ အံ့သြမိပါတယ်။

လူပေးသူပေးတွေကို ဝတ်ရင်းနဲ့ ကြာရင်တော့ ခေတ်ပေါ် အဝတ်တွေကို ပြောင်းဝတ်ကုန်မလား မသိ။ နည်းနည်းတော့ စိုးရိမ်စရာပါ။ မြင်ကွင်းတွေကိုတော့ အကုန်လုံးပဲ မှတ်တမ်းတင်မိပါတယ်။

ရဲဘော်တွေ တော်တော်များများက သစ်ပင်တွေ သွားခုတ်ပြီး တိုင်တွေ သယ်လာကြတယ်။ တပ်က ရဲဘော်တွေက အိမ်တွေ ပြန်ဆောက်ပေးမယ်ဆိုတော့ ဝမ်းသာမိတယ်။ အကာကို ပျဉ်ကာပြီး သွပ်ပြားတွေလည်း မိုးပေးမယ်၊ အခင်းကတော့ မတတ်နိုင်လို့ ဝါးပဲစိတ်ပြီး ခင်းပေးမယ်လို့ သိရပါတယ်။
( ၂၂၇)က တူးအိုင်စီနဲ့လည်း အချိန်တော်တော်ကြာအောင် စကားပြောခဲ့ရပါတယ်။

သူ့တပ်က လူ(၅၀)ပါလာတယ်၊ ဗျူဟာက ရဲဘော်တွေနဲ့ဆိုရင် ရဲဘော် တော်တော်များတယ်။ မီးလောင်တဲ့ အချိန်တုန်းက ရွာသားအများစုက တောင်ယာ အလုပ်ခွင်တွေမှာ ရောက်နေတယ်လို့ ပြောပါတယ်။

 အိမ်ခြေ(၅၃) အိမ်ရှိတဲ့ထဲက (၄၈) လုံး မီးထဲကို ပါသွားတယ်။ ဘုန်းကြီးကျောင်းတစ်ကျောင်း အပါအဝင် အိမ်(၅)လုံးပဲ မီးလွတ်တယ်လို့ သိရတယ်။ ဘုန်းကြီးကျောင်းမှာ ဘုန်းကြီးတော့ မရှိပါဘူးတဲ့။ ကျောင်းထိုင်ချင်တဲ့ ပုဂ္ဂိုလ်တွေ လာထိုင်ရင် တော့ ကောင်းမှာပဲ။ ဘုန်းကြီးတွေအတွက် နေရေးထိုင်ရေး စားရေးသောက်ရေးမှာတော့ ကသီမယ် ထင်တယ်။ ဝါဝင်ဆိုရင်တော့ တခြားရွာက ဘုန်းကြီးကို ငှါးရတယ်လို့ ဆိုပါတယ်။

နည်းနည်း စပ်စုကြည့်လိုက်တော့ မီးလောင်တဲ့ အိမ်ရှင်အမည်က ဦးအိုက်ယိုးလို့ ပြောပါတယ်။ ဒီ အင်လုံရွာလေးက နောင်လုံးကျေးရွာအုပ်စုထဲမှာပါ။ အိမ်ထောင်စု (၄၈)စု မှာ အသက်(၁၂)နှစ်အထက် ကျား(၆၀)ဦး၊ မ(၉၇)ဦး၊ ပေါင်း(၁၅၇ဦး၊ အသက်(၁၂)နှစ်အောက် ကျား(၅၉)ဦး၊ မ(၄၂)ဦး၊ ပေါင်း(၁၀၁)ဦး၊ စုစုပေါင်း ကျား(၁၁၉)ဦး၊ မ(၁၃၉)ဦး၊ စုစုပေါင်း လူဦးရေ(၂၅၈)ဦး မီးဘေးသင့်ခဲ့ကြပါတယ်။

မီးလောင်တဲ့ အင်လုံ အဲန်ရွာလေးဟာ မိုင်းခတ်မြို့ကနေ (၁၅)မိုင်လောက် ဝေးပါတယ်။ ရွာအထိ ကားလမ်းမပေါက်တဲ့ အတွက် မီးသတ်ကားတွေ မဝင်ရောက်နိုင်တာက ရွာအတွက် ပိုပြီးဆိုးသွားစေတာပါ။ တစ်အိမ်နဲ့တစ်အိမ်က နီးကပ်လွန်းပြီး သက်ငယ်မိုး(သက်ကယ်)၊ ဝါးကာအိမ်တွေ ဖြစ်တာကြောင့်လည်း မီးကူးလွယ်တာ ဖြစ်ပါတယ်။

ဒီမီးလောင်မှုက ဆုံးရှုံးမှုတန်ဖိုး အတော်များပါတယ်။ ဆိုင်ကယ်(၂၅)စီး၊ လက်တွန်းလယ်ထွန်စက်(၁၂)စီး၊ သုံးဘီးဆိုင်ကယ်(၃)စီး၊ ဆန်ကြိတ်တဲ့ ဟာလာစက် အသေး(၇)လုံး၊ စပါးတင်းပေါင်း(၁၅၀၀)လောက်နဲ့ ဝက်(၅)ကောင် မီးလောင်ဆုံးရှူံး ခဲ့ပါတယ်။ လူအသက် ဆုံးရှူံးမှုတော့ မရှိခဲ့ပါဘူး။ မီးသတ်တပ်ဖွဲ့က တွက်ချက်တာကတော့ (၂၀၄.၈) သိန်း ဖိုးလောက် ဆုံးရှူံးမယ်လို့ ခန့်မှန်းတွက်ချက်ထားပါတယ်။

အမှန်တော့ အဲဒီပမာဏထက် ပိုများနိုင်ပါတယ်။ သူတို့လူမျိုးတွေဟာ ရသမျှ စုတဲ့လူမျိုးတွေ ဖြစ်ပါတယ်။ အစားအသောက်မှာလည်း ကရိကထ မများကြပဲ၊ ဆန်နဲ့ငရုတ်သီး ရှိရင် အဆင်ပြေနေပါပြီ။ အပိုကုန် ဘာမှမရှိတဲ့ လူမျိုးတွေ ဆိုတော့ အရင်အခြေအနေ ပြန်ရောက်အောင် မနည်းလုပ်ရဦးမှာပါ။

ကျနော်တို့ မျှော်နေတဲ့ကားတွေ ရောက်လာတော့ ပါလာတဲ့ပစ္စည်းတွေကို ပေးရင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြပါတယ်။ ရွာက ကလေးတွေကလည်း ပျော်လို့ရွှင်လို့။ ပါလာတဲ့ ပူစီပေါင်းနဲ့ သားရေကွင်းတွေကိုလည်း ကလေးတွေကို ဝေပေးပါတယ်။ တောင်ပေါ်ရွာက ကလေးတွေတိုင်း စီပေါင်းတွေ သားရေကွင်းတွေကို မက်မောကြပါတယ်။ သူတို့မှာ ကစားစရာဆိုလို့ ဒါပဲ ရှိတာပါ၊ မြို့က ကလေးတွေလို ကစားစရာ ဘာမှမရှိပါဘူး။ ဒီရွာလေးက အမြင့်မှာ ရှိလို့လားမသိ၊ GSM ဖုန်းလိုင်း ကောင်းကောင်းမိတဲ့အပြင် အင်တာနက်လိုင်းတောင် မိပါတယ်။ လွယ်မီးတောင်က လိုင်းနဲ့ မိတာ ဖြစ်မယ်။

မိုင်းခတ်မြို့မှာတောင် MPT Tower တိုင် ထောင်ထားတာ (၂)နှစ်လောက် ရှိနေပေမယ့် GSM လိုင်းက မမိပါဘူး၊ စက်တွေ မတပ်ရသေးလို့ သိရတယ်။ CDMA ဖုန်းတွေပဲ မိုင်းခတ်လမ်း တလမ်းလုံး သုံးလို့ရတာပါ။ ဒီရွာလေးမှာတော့ ဖုန်းတွေကို မသုံးတတ်ကြသေးပါဘူး။

ရွာကနေ အောက်ကိုဆင်းသွားတဲ့ တစ်နေရာမှာ စေတီပျက်တစ်ဆူလည်း ရှိပါတယ်။ ရောင်ခြည်တော်လွှတ်တာ (၃)ကြိမ်လောက် ရှိနပြေီဆိုလို့ အဖွဲ့တွေ သွားကြည့်ကြပါတယ်။

အုတ်ချပ်အကြီးကြီးတွေနဲ့ အုတ်ပုံသာသာပဲ ကျန်ပါတော့တယ်။ ရွာသူကြီး ဆန္ဒကတော့ ပြန်လည်ပြီး ဘုရားတစ်ဆူ တည်ချင်ပါသတဲ့။ အလှူရှင် ပေါ်ရင်တော့ ပစ္စည်းတွေ စုပြီး အဲဒီနေရာအရောက် လူအားနဲ့ သယ်ရမှာပါ။ ပါရမီရှင်တွေ ရှေးရေစက်ရှိတဲ့သူတွေ ပေါ်ပေါက်လာရင်တော့ တောကြီးမျက်မည်းထဲက ရှေးဟောင်းဘုရားလေးကို ဝိုင်းဝန်းပြီး ပြုပြင်ပေးချင်ပါတယ်။

တစ်ယောက်တည်း အားနဲ့တော့ မနိုင်လောက်ပါ။ နောက်ပြီး ဒီလူမျိုးစုတွေဟာ မြန်မာတပ်တွေ ချန်ထားခဲ့တဲ့ ရှေး မြန်မာအနွယ်တွေ ဖြစ်နိုင်တယ်လို့လည်း ဌာနဆိုင်ရာတွေက ခန့်မှန်းပြောဆိုတာကို ကြားခဲ့ရပါတယ်။ ဟုတ်/မဟုတ်တော့ မသိနိုင်ပါဘူး။ မိုင်းညှင်းဘက်မှာလည်း အဲန်ရွာ(၃)ရွာလောက် ရှိပါသေးတယ်။

ကျိုင်းတုံမှာတော့ ပင်းတောက်ဘက်မှာ(၃)ရွာလောက်နဲ့၊ ကမ္ဘာအေးဘုရားဘက်မှာ(၁)ရွာ လောက်ပဲ အဲန်လူမျိုးတွေက ရှိကြတာပါ။ သူတို့ လူမျိုးအချင်းချင်းပဲ အိမ်ထောင်ပြုတာဆိုတော့ လူဦးရေက သိပ်မတိုးပါဘူး။ စုစုပေါင်းမှ တစ်သောင်းဂဏန်းတောင် မရှိတဲ့ လူမျိုးစုငယ်တွေ ဖြစ်ပါတယ်။

မြန်မာပြည်တွင်းမှာပဲ ရှိတဲ့ လူမျိုးစုပါ။ တခြား လားဟူတွေ အာခါတွေ ဆိုရင် တရုတ်နဲ့ ထိုင်းမှာလည်း ရှိပါတယ်၊ လာအိုဘက်မှာလည်း တချို့ ရှိပါတယ်။ အဲန်လူမျိုးကတော့ မြန်မာပြည်အတွင်း ရှမ်း/အရှေ့မှာပဲ တွေ့နိုင်တာပါ။

ရွာလေးကနေ ထွက်လာတော့ မိုးချုပ်ခါ နီးနေပါပြီ။ ခပ်သွက်သွက်လေး စီးလာပေမယ့် မိုင်းခတ်ကို ရောက်တော့ အတော်လေးကို မှောင်နေပါပြီ။ ရွာလေးကနေ မိုင်းခတ်ကို တစ်နာရီကျော် ကျော်လောက် စီးရပါတယ်။ ကျိုင်းတုံကို ပြန်ဖို့ အချိန်မရှိတော့တာကြောင့် မိုင်းခတ်က ကျနော့်မိတ်ဆွေ ဦးကျော်ဆန်းရဲ့ အိမ်မှာပဲ အိပ်လိုက်ရပါတော့တယ်။

သတင်းဆောင်းပါး။ ရဲမြင့်အောင်
ဓာတ်ပုံ။ ကိုရဲမြင့်အောင်











 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
« PREV
NEXT »