ထိုင္းဘတ္ေငြေစ်းႏႈန္းအတက္အက်မ်ားသည့္အတြက္ က်ိဳင္းတံုႏြားႏို႔ဒိန္ခ်ဥ္လုပ္ငန္းမ်ား အျမတ္နည္းလာ

ထိုင္းဘတ္ေငြေစ်းႏႈန္းအတက္အက်မ်ားသည့္အတြက္ က်ိဳင္းတံုႏြားႏို႔ဒိန္ခ်ဥ္လုပ္ငန္းမ်ား အျမတ္နည္းလာ
မတ် 7, 2016
By Tachileik News Agency

က်ဳိင္းတံု၊ မတ္လ(၇) ။   ။ ထိုင္းဘတ္ေငြ အတက္အက်ေၾကာင့္ တာခ်ီလိတ္ၿမိဳ႕မွ ႏြားႏို႔ကို ဘတ္ေငြျဖင့္ ဝယ္ယူေနရသည့္ ရွမ္းျပည္နယ္ အေရွ႕ပိုင္း က်ိဳင္းတံုၿမိဳ႕၏ ႏြားႏို႔၊ ဒိန္ခ်ဥ္လုပ္ငန္းမ်ား အျမတ္ရရိွမႈ နည္းလာေၾကာင္း သိရသည္။

"ကြ်န္ေတာ္က ႏြားႏို႔၊ ဒိန္ခ်ဥ္ကို တာခ်ီလိတ္ကေနမွာတဲ့ အတြက္ ဘတ္နဲ႔၀ယ္ၿပီး က်ပ္နဲ႔ျပန္ေရာင္းရေတာ့ အရမ္းမျမတ္ဘူး။ ဘတ္ေစ်း အတက္၊အက်အေပၚ မူတည္ၿပီး ေစ်းကစားေနရတဲ့ သေဘာေပါ့။ ဒီမွာ ျပန္ေရာင္းရင္လည္း ေစ်းကအရမ္းႀကီး မတက္ႏိုင္ဘူး။ ပုံမွန္ေစ်းနဲ႔ပဲ ျပန္ေ႐ာင္းပါတယ္"ဟု ယမုံနာ ႏြားႏို႔၊ဒိန္ခ်ဥ္ဆိုင္မွ ဦးေမာင္၀င္းက ေျပာသည္။

ႏြားႏို႔၊ဒိန္ခ်ဥ္ကို က်ိဳင္းတုံၿမိဳ႕တြင္ ထုတ္လုပ္ေသာ ႏြားႏို႔ျခံ႐ိွေသာ္လည္း တာခ်ီလိတ္မွတင္သြင္းေသာ ႏြားႏို႔၊ဒိန္ခ်ဥ္၏ အရည္အေသြးကို မမီေသာေၾကာင့္ ႏြားႏို႔ဆိုင္အမ်ားစုက တာခ်ီလိတ္မွ ႏြားႏို႔၊ ဒိန္ခ်ဥ္မ်ားကိုသာ မွာယူေရာင္းခ်လွ်က္႐ိွေၾကာင္း သိရသည္။

"အစ္မတို႔ၿခံက ထြက္တဲ့ႏြားႏို႔ကို အစ္မတို႔ဖြင့္ထားတဲ့ဆိုင္နဲ႔ တခ်ိဳ႕ေဖာက္သည္အိမ္ေတြကို ပို႔ၿပီးေရာင္းခ်ေပး ေနပါတယ္။ က်ိဳင္းတုံၿမိဳ႕ကက်ဥ္းေတာ့ ႏြားႏို႔ေရာင္းအားက ေအးတယ္။ ၿပီးရင္ ရာသီဥတုမေကာင္းတဲ့ေန႔ ေတြမွာဆို ပ်က္စီးဆုံး႐ႈံးမႈနည္းနည္း႐ိွတယ္။ တခ်ိဳ႕ ႏြားႏို႔၊ဒိန္ခ်ဥ္ဆိုင္ေတြက တာခ်ီလိတ္က သူတို႔ ေဖာက္သည္ေတြဆီကေန မွာၿပီးေရာင္းၾကတယ္။"ဟု ေဟာ္လန္ႏြားႏို႔ႏွင့္ဒိန္ခ်ဥ္ဆိုင္မွ မဆြိက ေျပာသည္။

က်ိဳင္းတံုၿမိဳ႕တြင္ ႏြားႏို႔ေရာင္းအားမွာ တစ္ေန႔လွ်င္ ကီလို(၆၀)ခန္႔ေရာင္းခ်ရၿပီး ႏြားႏို႔ကို တာခ်ီလိတ္မွ မွာယူေနေသာေစ်းမွာ (၁)ကီလိုလွ်င္ (၃၉)ဘတ္ျဖစ္ၿပီး က်ိဳင္းတုံ႐ိွ ေဟာ္လန္ႏြားႏို႔ျခံတြင္မူ (၁)ပိႆာလွ်င္ (၂၀၀၀)က်ပ္႐ိွေၾကာင္း သိရသည္။

သတင္း။  ။ ဇြဲျမတ္

*********
( unicode )
ကျိုင်းတုံ၊ မတ်လ(၄)
ထိုင်းဘတ်ငွေ အတက်အကျကြောင့် တာချီလိတ်မြို့မှ နွားနို့ကို ဘတ်ငွဖြေင့်ဝယ်ယူနေရသည့် ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံမြို့၏ နွားနို့၊ဒိန်ချဉ်လုပ်ငန်းများ အမြတ်ရရှိမှု နည်းလာကြောင်း သိရသည်။
"ကျွန်တော်က နွားနို့၊ ဒိန်ချဉ်ကို တာချီလိတ်ကနေမှာတဲ့အတွက် ဘတ်နဲ့ဝယ်ပြီး ကျပ်နဲ့ပြန်ရောင်းရတော့ အရမ်းမမြတ်ဘူး။ ဘတ်ဈေး အတက်၊အကျအပေါ် မူတည်ပြီး ဈေးကစားနေရတဲ့ သဘောပေါ့။ ဒီမှာ ပြန်ရောင်းရင်လည်း ဈေးကအရမ်းကြီး မတက်နိုင်ဘူး။ ပုံမှန်ဈေးနဲ့ပဲ ပြန်ရောင်းပါတယ်"ဟု ယမုံနာ နွားနို့၊ဒိန်ချဉ်ဆိုင်မှ ဦးမောင်ဝင်းက ပြောသည်။
နွားနို့၊ဒိန်ချဉ်ကို ကျိုင်းတုံမြို့တွင် ထုတ်လုပ်သော နွားနို့ခြံရှိသော်လည်း တာချီလိတ်မှတင်သွင်းသော နွားနို့၊ဒိန်ချဉ်၏ အရည်အသွေးကို မမီသောကြောင့် နွားနို့ဆိုင်အများစုက တာချီလိတ်မှ နွားနို့၊ ဒိန်ချဉ်များကိုသာ မှာယူရောင်းချလျှက်ရှိကြောင်း သိရသည်။
"အစ်မတို့ခြံက ထွက်တဲ့နွားနို့ကို အစ်မတို့ဖွင့်ထားတဲ့ဆိုင်နဲ့ တချို့ဖောက်သည်အိမ်တွေကို ပို့ပြီးရောင်းချပေး နေပါတယ်။ ကျိုင်းတုံမြို့ကကျဉ်းတော့ နွားနို့ရောင်းအားက အေးတယ်။ ပြီးရင် ရာသီဥတုမကောင်းတဲ့နေ့ တွေမှာဆို ပျက်စီးဆုံးရှုံးမှုနည်းနည်းရှိတယ်။ တချို့ နွားနို့၊ဒိန်ချဉ်ဆိုင်တွေက တာချီလိတ်က သူတို့ ဖောက်သည်တွေဆီကနေ မှာပြီးရောင်းကြတယ်။"ဟု ဟော်လန်နွားနို့နှင့်ဒိန်ချဉ်ဆိုင်မှ မဆွိက ပြောသည်။
ကျိုင်းတုံမြို့တွင် နွားနို့ရောင်းအားမှာ တစ်နေ့လျှင် ကီလို(၆၀)ခန့်ရောင်းချရပြီး နွားနို့ကို တာချီလိတ်မှ မှာယူနေသောဈေးမှာ (၁)ကီလိုလျှင် (၃၉)ဘတ်ဖြစ်ပြီး ကျိုင်းတုံရှိ ဟော်လန်နွားနို့ခြံတွင်မူ (၁)ပိဿါလျှင် (၂၀၀၀)ကျပ်ရှိကြောင်း သိရသည်။
သတင်း။ ဇွဲမြတ်
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~