ယာဥ္တိုက္မႈ ျဖစ္ပြားၿပီး ထြက္ေျပးတိမ္းေရွာင္ေနသူကို မိုင္းျဖတ္ ရဲစခန္းမွ အမႈဖြင့္ထား

ယာဥ္တိုက္မႈ ျဖစ္ပြားၿပီး ထြက္ေျပးတိမ္းေရွာင္ေနသူကို မိုင္းျဖတ္ ရဲစခန္းမွ အမႈဖြင့္ထား
မတ် 26, 2016
By Tachileik News Agency

မိုင္းျဖတ္၊ မတ္လ(၂၆) ။  ။ ရွမ္းျပည္နယ္ (အေရွ႕ပိုင္း)၊ တာခ်ီလိတ္ခရိုင္၊ မိုင္းျဖတ္ၿမိဳ႕နယ္တြင္ ေမာ္ေတာ္ကားႏွင့္ ဆိုင္ကယ္ မ်က္ႏွာခ်င္းဆိုင္ တိုက္မႈ ျဖစ္ပြားၿပီး ေမာ္ေတာ္ကားမွာ ထြက္ေျပးသြားသည့္ အတြက္ မိုင္းျဖတ္ၿမိဳ႕မရဲစခန္းတြင္ အမႈဖြင့္လွစ္ထားရွိေၾကာင္း သိရသည္။

မိုင္းျဖတ္ၿမိဳ႕နယ္၊ ပါဆန္းေက်းရြာအနီး၊ မိုင္းျဖတ္ - မိုင္းေယာင္း လမ္းေပၚတြင္ မတ္လ(၂၅)ရက္ေန႔၊ ည(၇)နာရီ (၂၀)မိနစ္အခ်ိန္က ယာဥ္တိုက္မႈ ျဖစ္ပြားခဲ့ျခင္း ျဖစ္သည္။

ျဖစ္စဥ္မွာ VIGO အမ်ဳိးအစား ေမာ္ေတာ္ကား ႏွင့္ ေမာ္ေတာ္ဆိုင္ကယ္တို႔ မ်က္ႏွာခ်င္းဆိုင္ တိုက္မိရာမွ ဆိုင္ကယ္ေမာင္းသူ ေတာညဳေက်းရြာေန အသက္(၃၀)ရွိ လီရွီး သည္ ၀ဲ/ယာ လက္က်ဳိးသြားၿပီး ၀မ္းဗိုက္နာက်င္သည့္ ဒဏ္ရာမ်ားရရွိခဲ့ကာ ဆိုင္ကယ္၏ အေနာက္တြင္ လိုက္ပါစီးနင္းလာသူ ဦးေခါင္ဟိုမွာ နဖူးေပါက္ၿပဲဒဏ္ရာ ရရွိခဲ့သည္။

အဆိုပါ ယာဥ္တိုက္မႈႏွင့္ ပတ္သက္၍ VIGO အမ်ဳိးအစား ေမာ္ေတာ္ကားကို ေမာင္းႏွင္ၿပီး ထြက္ေျပးတိမ္းေရွာင္ေနသူအား အျမန္ဆံုး ဖမ္းဆီးရမိေရးအတြက္ မိုင္းျဖတ္ၿမိဳ႕မရဲစခန္းတြင္ (ပ)၂/၂၀၁၆၊ ျပစ္မႈပုဒ္မ ၃၃၇/၃၃၈ျဖင့္ အမႈဖြင့္လွစ္ထားရွိေၾကာင္း သိရွိရသည္။

သတင္း။  ။ ကိုသာ
***************

မိုင်းဖြတ်၊ မတ်လ(၂၆)။ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မော်တော်ကားနှင့် ဆိုင်ကယ် မျက်နှာချင်းဆိုင် တိုက်မှု ဖြစ်ပွားပြီး မော်တော်ကားမှာ ထွက်ပြေးသွားသည့် အတွက် မိုင်းဖြတ်မြို့မရဲစခန်းတွင် အမှုဖွင့်လှစ်ထားရှိကြောင်း သိရသည်။

မိုင်းဖြတ်မြို့နယ်၊ ပါဆန်းကျေးရွာအနီး၊ မိုင်းဖြတ် - မိုင်းယောင်း လမ်းပေါ်တွင် မတ်လ(၂၅)ရက်နေ့၊ ည(၇)နာရီ (၂၀)မိနစ်အချိန်က ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ဖြစ်စဉ်မှာ VIGO အမျိုးအစား မော်တော်ကား နှင့် မော်တော်ဆိုင်ကယ်တို့ မျက်နှာချင်းဆိုင် တိုက်မိရာမှ ဆိုင်ကယ်မောင်းသူ တောညုကျေးရွာနေ အသက်(၃၀)ရှိ လီရှီး သည် ဝဲ/ယာ လက်ကျိုးသွားပြီး ဝမ်းဗိုက်နာကျင်သည့် ဒဏ်ရာများရရှိခဲ့ကာ ဆိုင်ကယ်၏ အနောက်တွင် လိုက်ပါစီးနင်းလာသူ ဦးခေါင်ဟိုမှာ နဖူးပေါက်ပြဲဒဏ်ရာ ရရှိခဲ့သည်။

အဆိုပါ ယာဉ်တိုက်မှုနှင့် ပတ်သက်၍ VIGO အမျိုးအစား မော်တော်ကားကို မောင်းနှင်ပြီး ထွက်ပြေးတိမ်းရှောင်နေသူအား အမြန်ဆုံး ဖမ်းဆီးရမိရေးအတွက် မိုင်းဖြတ်မြို့မရဲစခန်းတွင် (ပ)၂/၂၀၁၆၊ ပြစ်မှုပုဒ်မ ၃၃၇/၃၃၈ဖြင့် အမှုဖွင့်လှစ်ထားရှိကြောင်း သိရှိရသည်။

သတင်း။ ကိုသာ

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~