တာချီလိတ် ကမ္ဘာဇဘဏ်ခွဲ(၁)မှ သန့်ရှင်းရေး ၀န်ထမ်းတစ်ဦး ကျပ်သိန်း(၄၀) ကံထူး

တာချီလိတ် ကမ္ဘာဇဘဏ်ခွဲ(၁)မှ သန့်ရှင်းရေး ၀န်ထမ်းတစ်ဦး ကျပ်သိန်း(၄၀) ကံထူး
မတျ 1, 2016
By Tachileik News Agency

ကမ္ဘာဇဘဏ်မှ လစဉ်လတိုင်း ၎င်းတို့၏ ၀န်ထမ်းများအား ကံစမ်းမဲများ ဖောက်ပေးလျှက်ရှိရာ တာချီလိတ်မြို့ရှိ KBZ ဘဏ်ခွဲ(၁)မှ သန့်ရှင်းရေးဝန်ထမ်း တစ်ဦးမှ ကျပ်သိန်းလေးဆယ်တိတိအား ကံစမ်းမဲအဖြစ် ပေါက်သွားကြောင်း သိရသည်။

တာချီလိတ်မြို့ ကမ္ဘာဇဘဏ်ခွဲ(၁)မှ သန့်ရှင်းရေးဝန်ထမ်း မပိုပိုမှ ဖေဖော်ဝါရီလ၏ ကျပ်သိန်း(၄၀)ကံထူးရှင်အဖြစ် ဆုမဲပေါက်သွားခြင်း ဖြစ်သည်။

"ရုံးချုပ်က လစဉ်လတိုင်း ၀န်ထမ်းတွေကို ကံစမ်းမဲဖောက်ပေးတာပါ၊ တာချီလိတ် ဘဏ်ခွဲ(၁)က (၃)သိန်းဆု တစ်ကြိမ်၊ သိန်း(၃၀)ဆု တစ်ကြိမ် နဲ့ အခု သိန်း(၄၀)ဆု တစ်ကြိမ် စုစုပေါင်း (၃)ကြိမ် ပေါက်ဖူးပါပြီ၊ လစဉ် လတိုင်း မဲဖောက်ပေးတာဆိုတော့ တစ်ခါမှ မပေါက်ဖူးသေးတဲ့ ဘဏ်တွေလည်း အများကြီး ရှိပါတယ်၊"ဟု တာချီလိတ် ကမ္ဘာဇဘဏ်ခွဲ(၁)မှ မန်နေဂျာ ဒေါ်ဇင်မင်းသန့်က ပြောသည်။

ကမ္ဘာဇဘဏ်၏ (၂၄)ကြိမ်မြောက် ၂၀၁၆ခုနှစ် ဖေဖော်ဝါရီလ ကံထူးရှင်များစာရင်းတွင် လုပ်သက်(၃)နှစ် အထက်အဖြစ် (၁၀)ဦး အမည်စာရင်း၌ တာချီလိတ်မြို့ ကမ္ဘာဇဘဏ်ခွဲ(၁)မှ သန့်ရှင်းရေးဝန်ထမ်း မပိုပို ပါရှိသွားတာဖြစ်ပြီး လုပ်သက်(၃)နှစ် အထက် ကံစမ်းမဲများတွင် ဆုငွေများမှ ကျပ်သိန်း(၁၀၀)မှ (၅)သိန်းကျပ်အထိ  ချီးမြှင့်ရာ မပိုပိုမှ ကျပ်သိန်း(၄၀)တိတိကို ကံထူးသွားခြင်း ဖြစ်ကြောင်း သိရသည်။
------------------

( unicode )

ကမာ္ဘဇဘဏ်မှ လစဉ်လတိုင်း၎င်းတို့၏ ဝန်ထမ်းများအား ကံစမ်းမဲများ ဖောက်ပေးလျှက်ရှိရာ တာချီလိတ်မြို့ရှိ KBZ ဘဏ်ခွဲ(၁)မှ သန့်ရှင်းရေးဝန်ထမ်း တစ်ဦးမှ ကျပ်သိန်းလေးဆယ်တိတိအား ကံစမ်းမဲအဖြစ် ပေါက်သွားကြောင်း သိရသည်။

တာချီလိတ်မြို့ ကမာ္ဘဇဘဏ်ခွဲ(၁)မှ သန့်ရှင်းရေးဝန်ထမ်း မပိုပိုမှ ဖေဖော်ဝါရီလ၏ ကျပ်သိန်း(၄၀)ကံထူးရှင်အဖြစ် ဆုမဲပေါက်သွားခြင်း ဖြစ်သည်။

"ရုံးချုပ်က လစဉ်လတိုင်း ဝန်ထမ်းတွေကို ကံစမ်းမဲဖောက်ပေးတာပါ၊ တာချီလိတ် ဘဏ်ခွဲ(၁)က (၃)သိန်းဆု တစ်ကြိမ်၊ သိန်း(၃၀)ဆု တစ်ကြိမ် နဲ့ အခု သိန်း(၄၀)ဆု တစ်ကြိမ် စုစုပေါင်း (၃)ကြိမ် ပေါက်ဖူးပါပြီ၊ လစဉ် လတိုင်း မဲဖောက်ပေးတာဆိုတော့ တစ်ခါမှ မပေါက်ဖူးသေးတဲ့ ဘဏ်တွေလည်း အများကြီး ရှိပါတယ်၊"ဟု တာချီလိတ် ကမာ္ဘဇဘဏ်ခွဲ(၁)မှ မန်နေဂျာ ဒေါ်ဇင်မင်းသန့်က ပြောသည်။

ကမာ္ဘဇဘဏ်၏ (၂၄)ကြိမ်မြောက် ၂၀၁၆ခုနှစ် ဖေဖော်ဝါရီလ ကံထူးရှင်များစာရင်းတွင် လုပ်သက်(၃)နှစ် အထက်အဖြစ် (၁၀)ဦး အမည်စာရင်း၌ တာချီလိတ်မြို့ ကမာ္ဘဇဘဏ်ခွဲ(၁)မှ သန့်ရှင်းရေးဝန်ထမ်း မပိုပို ပါရှိသွားတာဖြစ်ပြီး လုပ်သက်(၃)နှစ် အထက် ကံစမ်းမဲများတွင် ဆုငွေများမှ ကျပ်သိန်း(၁၀၀)မှ (၅)သိန်းကျပ်အထိ ချီးမြှင့်ရာ မပိုပိုမှ ကျပ်သိန်း(၄၀)တိတိကို ကံထူးသွားခြင်း ဖြစ်ကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~