သၾကၤန္ကာလအတြင္း ပတ္၀န္းက်င္ ဆူညံေစေသာ အိပ္ေဇာမ်ား တပ္ဆင္ထားပါက ထိေရာက္စြာ အေရးယူမည္

သၾကၤန္ကာလအတြင္း ပတ္၀န္းက်င္ ဆူညံေစေသာ အိပ္ေဇာမ်ား တပ္ဆင္ထားပါက ထိေရာက္စြာ အေရးယူမည္
မတ် 23, 2016
By Tachileik News Agency

တာခ်ီလိတ္၊ မတ္လ(၂၃) ။   ။ သၾကၤန္ကာလအတြင္း ပတ္၀န္းက်င္ ဆူညံေစႏိုင္ေသာ ပါ၀ါအိပ္ေဇာမ်ား တပ္ဆင္၍ စည္းကမ္းမဲ့ ေမာင္းႏွင္ေသာ ေမာ္ေတာ္ယာဥ္မ်ားအား ထိေရာက္စြာအေရး ယူရန္ ေဆာင္ရြက္လ်ွက္ရွိေၾကာင္း တာခ်ီလိတ္ယာဥ္ထိန္းရဲတပ္ဖြဲ႕ရုံးမွ သိရသည္။

“သၾကၤန္အတြင္းမွာ အသံက်ယ္တဲ့ အိပ္္ေဇာေတြ တပ္ၿပီးေမာင္းတဲ့ ယာဥ္ေတြကို ထိေရာက္စြာအေရးယူသြား မွာပါ။ အခုလဲ သၾကၤန္မတိုင္ခင္ ဖမ္းထားတာေတြရွိပါတယ္၊ ဖမ္းမိရင္ေတာ့ ေမာ္ေတာ္ယာဥ္ ဥပေဒအသစ္နဲ႔ ဒဏ္ေငြ က်ပ္(၃၀,၀၀၀) ေဆာင္ရမွာပါ။ ေနာက္ၿပီး ေနာက္တစ္ခါထပ္မလုပ္ေအာင္ အသိပညာေပးၿပီး အိပ္ေဇာကိုလည္း ယာဥ္ထိန္းရဲရုံးမွာ ျဖဳတ္သိမ္းထားမွာပါ။”ဟု အမွတ္(၁၁၇)ယာဥ္ထိန္းရဲ တပ္ဖြဲ႔စု(တာခ်ီလိတ္)မွ ရဲအုပ္ေဇာ္ေဇာ္ညြန္႔က ေျပာသည္။
တာခ်ီလိတ္ၿမိဳ႕တြင္ သၾကၤန္မေရာက္မီ မတ္ လအတြင္၌ ပါ၀ါအိပ္ေဇာတပ္ဆင္ၿပီးေမာင္းႏွင္ေသာ ယာဥ္(၂၀)စီးေက်ာ္အား အေရးယူၿပီးထားရွိၿပီး၊ ထိုသို႔အေရးယူ ေဆာင္ရြက္ျခင္းေၾကာင့္ ပါ၀ါအိပ္ေဇာတပ္ ေမာင္းႏွင္ျခင္း ေတြ႕ရွိမႈ နည္းပါးလာေၾကာင္း၊ ပါ၀ါအိပ္ေဇာတပ္ဆင္ထားသည္ကို ေတြ႕ရွိပါက တရားရံုးတြင္ ဒဏ္ေငြေဆာင္ခိုင္းေစၿပီး ပံုမွန္အိပ္ေဇာႏွင့္ လဲလွယ္တပ္ဆင္ၿပီးမွသာ ေမာ္ေတာ္ဆိုင္ကယ္မ်ား ျပန္လည္ေပးအပ္ျခင္းျဖစ္ေၾကာင္း သိရသည္။

ယာဥ္ထိန္းရဲ ရဲအုပ္ေဇာ္ေဇာ္ညြန္႔မွ ဆက္လက္၍ “ရုတ္တရက္ဖမ္းဆီးမွာ မဟုတ္ပါဘူး ။ အရင္ဆုံး ေဒသခံျပည္သူေတြကို အသိပညာေပး ေဟာေျပာပြဲေတြ ေဆာင္ရြက္ပါတယ္။ ေဟာေျပာပြဲေတြ ျပဳလုပ္ၿပီးမွ ဖမ္းဆီးအေရးယူတာေတြကို ေဆာင္ရြက္မွာျဖစ္ပါတယ္။ အခုလိုပဲ ေနျပည္ေတာ္တို႔ မႏၱေလးတို႔မွာလည္း ေဆာင္ရြက္ေနလ်ွက္ရွိပါတယ္။ ”ဟု ေျပာသည္။

သတင္း။  ။ ေဇာင္းညီ
*************
တာချီလိတ်၊ မတ်လ(၂၃)။ သင်္ကြန်ကာလအတွင်း ပတ်ဝန်းကျင် ဆူညံစေနိုင်သော ပါဝါအိပ်ဇောများ တပ်ဆင်၍ စည်းကမ်းမဲ့ မောင်းနှင်သော မော်တော်ယာဉ်များအား ထိရောက်စွာအရေး ယူရန် ဆောင်ရွက်လျှက်ရှိကြောင်း တာချီလိတ်ယာဉ်ထိန်းရဲတပ်ဖွဲ့ရုံးမှ သိရသည်။
“သင်္ကြန်အတွင်းမှာ အသံကျယ်တဲ့ အိပ်ဇောတွေ တပ်ပြီးမောင်းတဲ့ ယာဉ်တွေကို ထိရောက်စွာအရေးယူသွား မှာပါ။ အခုလဲ သင်္ကြန်မတိုင်ခင် ဖမ်းထားတာတွေရှိပါတယ်၊ ဖမ်းမိရင်တော့ မော်တော်ယာဉ် ဥပဒေအသစ်နဲ့ ဒဏ်ငွေ ကျပ်(၃၀,ဝဝဝ) ဆောင်ရမှာပါ။ နောက်ပြီး နောက်တစ်ခါထပ်မလုပ်အောင် အသိပညာပေးပြီး အိပ်ဇောကိုလည်း ယာဉ်ထိန်းရဲရုံးမှာ ဖြုတ်သိမ်းထားမှာပါ။”ဟု အမှတ်(၁၁၇)ယာဉ်ထိန်းရဲ တပ်ဖွဲ့စု(တာချီလိတ်)မှ ရဲအုပ်ဇော်ဇော်ညွန့်က ပြောသည်။
တာချီလိတ်မြို့တွင် သင်္ကြန်မရောက်မီ မတ် လအတွင်၌ ပါဝါအိပ်ဇောတပ်ဆင်ပြီးမောင်းနှင်သော ယာဉ်(၂၀)စီးကျော်အား အရေးယူပြီးထားရှိပြီး၊ ထိုသို့အရေးယူ ဆောင်ရွက်ခြင်းကြောင့် ပါဝါအိပ်ဇောတပ် မောင်းနှင်ခြင်း တွေ့ရှိမှု နည်းပါးလာကြောင်း၊ ပါဝါအိပ်ဇောတပ်ဆင်ထားသည်ကို တွေ့ရှိပါက တရားရုံးတွင် ဒဏ်ငွေဆောင်ခိုင်းစပြေီး ပုံမှန်အိပ်ဇောနှင့် လဲလှယ်တပ်ဆင်ပြီးမှသာ မော်တော်ဆိုင်ကယ်များ ပြန်လည်ပေးအပ်ခြင်းဖြစ်ကြောင်း သိရသည်။
ယာဉ်ထိန်းရဲ ရဲအုပ်ဇော်ဇော်ညွန့်မှ ဆက်လက်၍ “ရုတ်တရက်ဖမ်းဆီးမှာ မဟုတ်ပါဘူး။ အရင်ဆုံး ဒေသခံပြည်သူတွေကို အသိပညာပေး ဟောပြောပွဲတွေ ဆောင်ရွက်ပါတယ်။ ဟောပြောပွဲတွေ ပြုလုပ်ပြီးမှ ဖမ်းဆီးအရေးယူတာတွေကို ဆောင်ရွက်မှာဖြစ်ပါတယ်။ အခုလိုပဲ နပြေည်တော်တို့ မန္တလေးတို့မှာလည်း ဆောင်ရွက်နေလျှက်ရှိပါတယ်။ ”ဟု ပြောသည်။
သတင်း။ ဇောင်းညီ
 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~