မိုင္းျဖတ္ၿမိဳ႕၌ စိတ္ၾကြေဆးျပားေရာင္းသည့္ ေနအိမ္ကို ဝင္ေရာက္ဖမ္းဆီး

မိုင္းျဖတ္ၿမိဳ႕၌ စိတ္ၾကြေဆးျပားေရာင္းသည့္ ေနအိမ္ကို ဝင္ေရာက္ဖမ္းဆီး
မတ် 6, 2016
By Tachileik News Agency

မိုင္းျဖတ္၊ မတ္လ (၆) ရက္ ။   ။ရွမ္းျပည္နယ္(အေရွ႕ပိုင္း) မိုင္းျဖတ္ၿမိဳ႕နယ္ မိုင္းျဖတ္ေက်းရြာအုပ္စု ဟိုနား (အာခါ) ေက်းရြာမွ ေနအိမ္တြင္ စိတ္ၾကြရူးသြပ္ေဆးျပားမ်ား ေရာင္းခ်ေနေၾကာင္း သတင္းရရိွသျဖင့္ မတ္လ (၆) ရက္က ဝင္ေရာက္ ရွာေဖြရာ စိတ္ၾကြေဆးျပား (၁၄၀) ျပား၊ ကာလတန္ဖိုး က်ပ္တစ္သိန္းေလးေသာင္းအား ရွာေဖြေတြ႔ရိွေၾကာင္း သိရသည္။

မိုင္းျဖတ္ရဲစခန္းမွ နယ္ထိန္းေခါင္းေဆာင္ ဒုရဲအုပ္ ၿဖိဳးသူရေအာင္ ဦးစီး( ၅ )ဦးႏွင့္ သက္ဆိုင္ရာရဲတပ္ဖြဲ႔မ်ား အျပင္ ေက်းရြာ မွ အုပ္ခ်ဳပ္ေရးအဖြဲ႔ဝင္မ်ားႏွင့္ အသိသက္ေသမ်ား လုိက္ပါလ်ွက္ သတင္းအရ အဆိုပါေနအိမ္အား ရွာေဖြစစ္ေဆးရာ ေနအိမ္မီးဖိုေဆာင္အတြင္း အျပာေရာင္ ပလပ္စတစ္ အိတ္ျဖင့္ ထည့္ထားသည့္ WY စာတန္းပါ စိတ္ၾကြေဆးျပားမ်ားႏွင့္ ျမန္မာက်ပ္ေငြ ေရာရာ က်ပ္ (၁၂၀၀၀၀)အား ဖမ္းဆီးရမိျခင္းျဖစ္ေၾကာင္း သတင္းရရွိသည္။

အဆိုပါျဖစ္စဥ္ႏွင့္ပတ္သတ္၍ ဟိုနား(အာခါ)ရြာေန အသက္ (၄၀)အရြယ္ ေဒၚနာအူအား မိုင္းျဖတ္ၿမိဳ႕မရဲစခန္းတြင္ မယ(ပ) ၁/၂၀၁၆ ျဖင့္ မူးယစ္ေဆးဝါးႏွင့္ စိတ္ကိုေျပာင္းလဲေစေသာ ေဆးဝါးမ်ားဆိုင္ရာ ဥပေဒ ၁၅/၁၉(က)အရ အမႈဖြင့္ အေရးယူ ထားေၾကာင္း သိရသည္ ။

သတင္း ။  ။ ကိုသာ
*************

မိုင်းဖြတ်၊ မတ်လ (၆) ရက်။ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဖြတ်မြို့နယ် မိုင်းဖြတ်ကျေးရွာအုပ်စု ဟိုနား (အာခါ) ကျေးရွာမှ နေအိမ်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ရောင်းချနေကြောင်း သတင်းရရှိသဖြင့် မတ်လ (၆) ရက်က ဝင်ရောက် ရှာဖွေရာ စိတ်ကြွဆေးပြား (၁၄၀) ပြား၊ ကာလတန်ဖိုး ကျပ်တစ်သိန်းလေးသောင်းအား ရှာဖွေတွေ့ရှိကြောင်း သိရသည်။

မိုင်းဖြတ်ရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် ဖြိုးသူရအောင် ဦးစီး( ၅ )ဦးနှင့် သက်ဆိုင်ရာရဲတပ်ဖွဲ့များ အပြင် ကျေးရွာ မှ အုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် အသိသက်သေများ လိုက်ပါလျှက် သတင်းအရ အဆိုပါနေအိမ်အား ရှာဖွေစစ်ဆေးရာ နေအိမ်မီးဖိုဆောင်အတွင်း အပြာရောင် ပလပ်စတစ် အိတ်ဖြင့် ထည့်ထားသည့် WY စာတန်းပါ စိတ်ကြွဆေးပြားများနှင့် မြန်မာကျပ်ငွေ ရောရာ ကျပ် (၁၂၀၀၀၀)အား ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သတ်၍ ဟိုနား(အာခါ)ရွာနေ အသက် (၄၀)အရွယ် ဒေါ်နာအူအား မိုင်းဖြတ်မြို့မရဲစခန်းတွင် မယ(ပ) ၁/၂၀၁၆ ဖြင့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေ ၁၅/၁၉(က)အရ အမှုဖွင့် အရေးယူ ထားကြောင်း သိရသည်။

သတင်း။ ကိုသာ

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~ေၾကာ္ျငာ ~~~~~~~