တာခ်ီလိတ္၌ လွည့္ကင္းေဆာင္ရြက္ရင္း မူးယစ္ေဆးဝါးဖမ္းမိ

တာခ်ီလိတ္၌ လွည့္ကင္းေဆာင္ရြက္ရင္း မူးယစ္ေဆးဝါးဖမ္းမိ
မတ် 8, 2016
By Tachileik News Agency

တာခ်ီလိတ္၊ မတ္လ (၈) ရက္ ။   ။ ရွမ္းျပည္နယ္အေရွ႕ပိုင္း တာခ်ီလိတ္ၿမိဳ႕တြင္ လွည့္ကင္းေဆာင္ရြက္ရင္း မသကၤာသူမ်ားအား စစ္ေဆးရာမွ မူးယစ္ေဆး၀ါးမ်ားႏွင့္အတူ အမႈ(၂)မႈအား ေဖာ္ထုတ္ ဖမ္းဆီးရမိခဲ့ေၾကာင္း တာခ်ီလိတ္ၿမိဳ႕မရဲစခန္းမွ သိရသည္။

"တပ္ဖြဲ႕၀င္ေတြ လွည့္ကင္းပတ္တုန္း ဖမ္းမိတာ (၁)မႈက ၀မ္မိုင္ရြာ သခ်ဳႋင္းကုန္းနားမွာ ဆိုင္ကယ္စီးလာသူကို စစ္ေဆးေတာ့ စိတ္ၾကြေဆး(၁၉၅)လံုးနဲ႔ေတြ႕တယ္။ ေနာက္တစ္ရက္ ၀မ္ေကာင္းရပ္ကြက္၊ ဘုရင့္ေနာင္ေစ်း လမ္းေပၚမွာ စိတ္ၾကြေဆး(၂၃၅၀)ျပားနဲ႔အတူ မိတယ္"ဟု တာခ်ီလိတ္ၿမိဳ႕မရဲစခန္းမွ ရဲစခန္းမွဴး ဒုရဲမွဴး ေက်ာ္သန္းက ေျပာသည္။

ျဖစ္စဥ္မွာ တာခ်ီလိတ္ၿမိဳ႕မစခန္းမွ ရဲအုပ္ မ်ဳိးလြင္ ဦးေဆာင္ေသာ တပ္ဖြဲ႕၀င္မ်ားသည္ မတ္လ(၇)ရက္ေန႔ ညပိုင္းက ၀မ္မိုင္ရြာ သခ်ႋဳင္းအနီးတြင္ မ်ိဳးေက်ာ္ႏွင့္ ရဲလင္းတို႔(၂)ဦးအား မူးယစ္ေဆး၀ါး(၁၉၅)လံုးႏွင့္ အတူဖမ္းဆီးမိခဲ့ျခင္းျဖစ္ၿပီး မတ္လ(၈)ရက္ေန႔ နံနက္ပိုင္းတြင္ ၀မ္ေကာင္းရပ္ကြက္၊ ဘုရင့္ေနာင္ေစ်း၊ (၁၄)လမ္းထိပ္၏ လမ္းမေပၚ၌ မင္းသူထြန္း(ခ)မင္းမင္းဆိုသူ၏ ဆိုင္ကယ္ျခင္း အတြင္းမွ စိတ္ၾကြေဆး(၂,၃၅၀)ျပား သိမ္းဆည္းမိခဲ့ျခင္းျဖစ္ေၾကာင္း တာခ်ီလိတ္ၿမိဳ႕မရဲစခန္းမွ သိရသည္။

တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ စိတ္ၾကြေဆးျပား (၁၉၅)ျပားႏွင့္ ဖမ္းဆီးမိေသာတရားခံ(၂)ဦးအား မယ(ပ)၁၇/၂၀၁၆အား မူးစိတ္ပုဒ္မ ၁၅/၁၉(က)/၂၁ျဖင့္ အမႈဖြင့္လွစ္ထားၿပီး၊ စိတ္ၾကြေဆးျပား(၂၃၅၀)ျပားႏွင့္အတူ ဖမ္ဆီးရမိေသာ တရားခံ(၁)ဦးအား မယ(ပ)၁၈/၂၀၁၆ အား မူးစိတ္ပုဒ္မ ၁၅/၁၉(က)ျဖင့္ အမႈဖြင့္လွစ္ေဆာင္ရြက္ထားေၾကာင္း သိရသည္။

သတင္း  ။  ။ ကိုဇက္

တာချီလိတ်၊ မတ်လ (၈) ရက်။ ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့တွင် လှည့်ကင်းဆောင်ရွက်ရင်း မသင်္ကာသူများအား စစ်ဆေးရာမှ မူးယစ်ဆေးဝါးများနှင့်အတူ အမှု(၂)မှုအား ဖော်ထုတ် ဖမ်းဆီးရမိခဲ့ကြောင်း တာချီလိတ်မြို့မရဲစခန်းမှ သိရသည်။

"တပ်ဖွဲ့ဝင်တွေ လှည့်ကင်းပတ်တုန်း ဖမ်းမိတာ (၁)မှုက ဝမ်မိုင်ရွာ သင်္ချိုင်းကုန်းနားမှာ ဆိုင်ကယ်စီးလာသူကို စစ်ဆေးတော့ စိတ်ကြွဆေး(၁၉၅)လုံးနဲ့တွေ့တယ်။ နောက်တစ်ရက် ဝမ်ကောင်းရပ်ကွက်၊ ဘုရင့်နောင်ဈေး လမ်းပေါ်မှာ စိတ်ကြွဆေး(၂၃၅၀)ပြားနဲ့အတူ မိတယ်"ဟု တာချီလိတ်မြို့မရဲစခန်းမှ ရဲစခန်းမှူး ဒုရဲမှူး ကျော်သန်းက ပြောသည်။

ဖြစ်စဉ်မှာ တာချီလိတ်မြို့မစခန်းမှ ရဲအုပ် မျိုးလွင်ဦးဆောင်သော တပ်ဖွဲ့ဝင်များသည် မတ်လ(၇)ရက်နေ့ ညပိုင်းက ဝမ်မိုင်ရွာ သင်္ချိုင်းအနီးတွင် မျိုးကျော်နှင့် ရဲလင်းတို့(၂)ဦးအား မူးယစ်ဆေးဝါး(၁၉၅)လုံးနှင့် အတူဖမ်းဆီးမိခဲ့ခြင်းဖြစ်ပြီး မတ်လ(၈)ရက်နေ့ နံနက်ပိုင်းတွင် ဝမ်ကောင်းရပ်ကွက်၊ ဘုရင့်နောင်ဈေး၊ (၁၄)လမ်းထိပ်၏ လမ်းမပေါ်၌ မင်းသူထွန်း(ခ)မင်းမင်းဆိုသူ၏ ဆိုင်ကယ်ခြင်း အတွင်းမှ စိတ်ကြွဆေး(၂,၃၅၀)ပြား သိမ်းဆည်းမိခဲ့ခြင်းဖြစ်ကြောင်း တာချီလိတ်မြို့မရဲစခန်းမှ သိရသည်။

တာချီလိတ်မြို့မရဲစခန်းတွင် စိတ်ကြွဆေးပြား (၁၉၅)ပြားနှင့် ဖမ်းဆီးမိသောတရားခံ(၂)ဦးအား မယ(ပ)၁၇/၂၀၁၆အား မူးစိတ်ပုဒ်မ ၁၅/၁၉(က)/၂၁ဖြင့် အမှုဖွင့်လှစ်ထားပြီး၊ စိတ်ကြွဆေးပြား(၂၃၅၀)ပြားနှင့်အတူ ဖမ်ဆီးရမိသော တရားခံ(၁)ဦးအား မယ(ပ)၁၈/၂၀၁၆ အား မူးစိတ်ပုဒ်မ ၁၅/၁၉(က)ဖြင့် အမှုဖွင့်လှစ်ဆောင်ရွက်ထားကြောင်း သိရသည်။

သတင်း။ ကိုဇက်

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~~~ေၾကာ္ျငာ ~~~~~~~