ေရေဘးသင့္ခဲ့သည့္ ရွမ္းအေရွ႕မွ လယ္ေျမဧက တစ္ေထာင္ေက်ာ္ ယခုခ်ိန္ထိ မစိုက္ပ်ိဳးႏိုင္ေသး

ေရေဘးသင့္ခဲ့သည့္ ရွမ္းအေရွ႕မွ လယ္ေျမဧက တစ္ေထာင္ေက်ာ္ ယခုခ်ိန္ထိ မစိုက္ပ်ိဳးႏိုင္ေသး
မတ် 9, 2016
By Tachileik News Agency

တာခ်ီလိတ္၊ မတ္လ (၉) ရက္ ။  ။ ၂၀၁၅ ခုႏွစ္က ေရေဘးသင့္ခဲ့ေသာ ရွမ္းျပည္နယ္အေရွ႕ပိုင္း က်ိဳင္းလပ္ၿမိဳ႕နယ္အတြင္းရွိ လယ္စိုက္ဧက(၁၂၀၀)ခန္႔ ယခုအခ်ိန္ထိ စိုက္ပ်ိဳးႏိုင္မႈမရွိေသးေၾကာင္း
တာခ်ီလိတ္ခရိုင္ စိုက္ပ်ိဳးေရးဦးစီးဌာနမွ သိရသည္။

"စိုက္ပ်ိဳးလို႔ မရေတာ့တဲ့ ဧရိယာေတြအတြက္ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ကို တင္ျပထားၿပီးပါၿပီ။ မတ္လ(၆)ရက္ေန႔ကလည္း လယ္စိုက္ေတာင္သူေတြကို တစ္ဧက က်ပ္တစ္ေသာင္းႏွဳန္းနဲ႔ ေထာက္ပံ့ စရိတ္ေပးၿပီးပါၿပီ"ဟု တာခ်ီလိတ္ခရိုင္ စိုက္ပ်ိဳးေရးဦးစီးဌာနမွ လက္ေထာက္ညႊန္ၾကားေရးမွဴး ဦးလွ၀င္းက ေျပာသည္။

တာခ်ီလိတ္ခရိုင္အတြင္း က်ိဳင္းလပ္ၿမိဳ႕နယ္၊ မိုင္းျဖတ္ၿမိဳ႕နယ္၊ မိုင္းေယာင္းၿမိဳ႕နယ္မ်ားတြင္ လယ္ဧက (၁၁၈၁.၁၇)ဧကမွာ ေရေဘးေၾကာင့္ ပ်က္စီးသြားျခင္းျဖစ္ၿပီး အဆိုပါလယ္ေျမမ်ား ျပန္လည္ျပင္ဆင္ရန္ စက္ယႏၱရားမ်ား လိုအပ္ေၾကာင္း သက္ဆိုင္ရာဌာနဆိုင္ရာအဆင့္ဆင့္အား တင္ျပထားေၾကာင္း သိရသည္။

ေရေဘးသင့္ခဲ့သျဖင့္ ပ်က္စီးသြားေသာ လယ္ေျမမ်ားမွာ က်ိဳင္းလပ္ၿမိဳ႕နယ္အတြင္း (၁၁၄၉)ဧက၊ မိုင္းျဖတ္ၿမိဳ႕နယ္အတြင္း(၁၄.၀၈)ဧကႏွင့္ မိုင္းေယာင္းၿမိဳ႕နယ္အတြင္း (၁၇.၁၀)ဧကတို႔ျဖစ္ေၾကာင္း တာခ်ီလိတ္ၿမိဳ႕နယ္ စိုက္ပ်ိဳးေရးဦးစီးဌာနမွ သိရသည္။

"ေရေဘးသင့္ခဲ့တုန္းက လယ္ေတြက သဲ၊ ႏုန္းနဲ႔ ေက်ာက္ေတြ ဖံုးလႊမ္းသြားလို႔ စိုက္လို႔မရေတာ့တာပါ။ တခ်ိဳ႕ေနရာေတြေတာ့ ျပန္စုိက္ေနၾကတာေတြ႕ပါတယ္။ နမ့္၀မ္းရြာဆိုရင္စိုက္ပ်ိဳးေျမထဲကို ေက်ာက္ခဲအႀကီးႀကီးေတြ ရွိေနတာ ဘယ္လိုမွျပန္မစိုက္ႏိုင္ဘူး"ဟု က်ိဳင္းလပ္ၿမိဳ႕နယ္ခြဲ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနမွ တာ၀န္ရွိသူတစ္ဦးက ေျပာသည္။

က်ိဳင္းလပ္ၿမိဳ႕နယ္အတြင္းရွိ နမ့္ကိုင္းေက်းရြာ၊ နမ့္၀မ္းေက်းရြာႏွင့္ နမ့္ျဖန္ေက်းရြာမ်ားမွာ စိုက္ပ်ိဳးလယ္ေျမဧရိယာ ထိခိုက္မႈအမ်ားဆံုးျဖစ္ၿပီး ႏွစ္စဥ္ မိုးစပါးအား အဓိက အားထား စိုက္ပ်ိဳးေနရျခင္းျဖစ္သည့္အတြက္ ယခုအခါ စိုက္ပ်ိဳးႏိုင္ျခင္းမရွိေတာ့ ေၾကာင္း ၎ထံမွသိရသည္။

တာခ်ီလိတ္ခရိုင္အတြင္း မိုင္းေယာင္းၿမိဳ႕နယ္ႏွင့္ တာေလၿမိဳ႕နယ္မ်ားတြင္ စပါးကိုအဓိက စိုက္ပ်ိဳးလွ်က္ရွိၿပီး တာေလၿမိဳ႕နယ္တြင္ လယ္စိုက္ဧကမွာ (၅၂၆၁)ဧက၊ ေတာင္ယာစိုက္ဧကမွာ (၇၀၅)ဧကႏွင့္ ယာ(၁၅၈)ဧက ရွိေၾကာင္း မိုးစပါးပ်မ္းမွ် အထြက္ႏွဳန္းမွာ (၈၂.၂၇)တင္းရွိေၾကာင္း စစ္တမ္းမ်ားအရသိရသည္။

၂၀၁၅ ခုႏွစ္ ၾသဂုတ္လ(၄)ရက္ေန႔တြင္ မိုးသည္းထန္စြာရြာသြန္းခဲ့သျဖင့္ လူဦးေရ(၂၀၀)ေက်ာ္ ယာယီကယ္ဆယ္ေရး စခန္းဖြင့္၍ အကူအညီေပးခဲ့ရၿပီး ေနအိမ္(၆၀)လံုးခန္႔ ေရနစ္ျမဳပ္ဒဏ္ခံခဲ့ရၿပီး တံတား(၇)စင္းပ်က္စီးဆံုးရံႈးသြားခဲ့ျခင္းျဖစ္သည္။

သတင္း ။  ။ ကိုဇက္

***************
တာချီလိတ်၊ မတ်လ (၈) ရက်။ ၂၀၁၅ ခုနှစ်က ရေဘေးသင့်ခဲ့သော ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းလပ်မြို့နယ်အတွင်းရှိ လယ်စိုက်ဧက(၁၂၀၀)ခန့် ယခုအချိန်ထိ စိုက်ပျိုးနိုင်မှုမရှိသေးကြောင်း
တာချီလိတ်ခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
"စိုက်ပျိုးလို့ မရတော့တဲ့ ဧရိယာတွေအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ကို တင်ပြထားပြီးပါပြီ။ မတ်လ(၆)ရက်နေ့ကလည်း လယ်စိုက်တောင်သူတွေကို တစ်ဧက ကျပ်တစ်သောင်းနှုန်းနဲ့ ထောက်ပံ့ စရိတ်ပေးပြီးပါပြီ"ဟု တာချီလိတ်ခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးလှဝင်းက ပြောသည်။
တာချီလိတ်ခရိုင်အတွင်း ကျိုင်းလပ်မြို့နယ်၊ မိုင်းဖြတ်မြို့နယ်၊ မိုင်းယောင်းမြို့နယ်များတွင် လယ်ဧက (၁၁၈၁.၁၇)ဧကမှာ ရေဘေးကြောင့် ပျက်စီးသွားခြင်းဖြစ်ပြီး အဆိုပါလယ်မြေများ ပြန်လည်ပြင်ဆင်ရန် စက်ယန္တရားများ လိုအပ်ကြောင်း သက်ဆိုင်ရာဌာနဆိုင်ရာအဆင့်ဆင့်အား တင်ပြထားကြောင်း သိရသည်။
ရေဘေးသင့်ခဲ့သဖြင့် ပျက်စီးသွားသော လယ်မြေများမှာ ကျိုင်းလပ်မြို့နယ်အတွင်း (၁၁၄၉)ဧက၊ မိုင်းဖြတ်မြို့နယ်အတွင်း(၁၄.ဝ၈)ဧကနှင့် မိုင်းယောင်းမြို့နယ်အတွင်း (၁၇.၁၀)ဧကတို့ဖြစ်ကြောင်း တာချီလိတ်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
"ရေဘေးသင့်ခဲ့တုန်းက လယ်တွေက သဲ၊ နုန်းနဲ့ ကျောက်တွေ ဖုံးလွှမ်းသွားလို့ စိုက်လို့မရတော့တာပါ။ တချို့နေရာတွေတော့ ပြန်စိုက်နကြေတာတွေ့ပါတယ်။ နမ့်ဝမ်းရွာဆိုရင်စိုက်ပျိုးမြေထဲကို ကျောက်ခဲအကြီးကြီးတွေ ရှိနေတာ ဘယ်လိုမှပြန်မစိုက်နိုင်ဘူး"ဟု ကျိုင်းလပ်မြို့နယ်ခွဲ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ကျိုင်းလပ်မြို့နယ်အတွင်းရှိ နမ့်ကိုင်းကျေးရွာ၊ နမ့်ဝမ်းကျေးရွာနှင့် နမ့်ဖြန်ကျေးရွာများမှာ စိုက်ပျိုးလယ်မြေဧရိယာ ထိခိုက်မှုအများဆုံးဖြစ်ပြီး နှစ်စဉ် မိုးစပါးအား အဓိက အားထား စိုက်ပျိုးနေရခြင်းဖြစ်သည့်အတွက် ယခုအခါ စိုက်ပျိုးနိုင်ခြင်းမရှိတော့ ကြောင်း၎င်းထံမှသိရသည်။
တာချီလိတ်ခရိုင်အတွင်း မိုင်းယောင်းမြို့နယ်နှင့် တာလမြေို့နယ်များတွင် စပါးကိုအဓိက စိုက်ပျိုးလျှက်ရှိပြီး တာလမြေို့နယ်တွင် လယ်စိုက်ဧကမှာ (၅၂၆၁)ဧက၊ တောင်ယာစိုက်ဧကမှာ (၇၀၅)ဧကနှင့် ယာ(၁၅၈)ဧက ရှိကြောင်း မိုးစပါးပျမ်းမျှ အထွက်နှုန်းမှာ (၈၂.၂၇)တင်းရှိကြောင်း စစ်တမ်းများအရသိရသည်။
၂၀၁၅ ခုနှစ် သြဂုတ်လ(၄)ရက်နေ့တွင် မိုးသည်းထန်စွာရွာသွန်းခဲ့သဖြင့် လူဦးရေ(၂၀၀)ကျော် ယာယီကယ်ဆယ်ရေး စခန်းဖွင့်၍ အကူအညီပေးခဲ့ရပြီး နေအိမ်(၆၀)လုံးခန့် ရေနစ်မြုပ်ဒဏ်ခံခဲ့ရပြီး တံတား(၇)စင်းပျက်စီးဆုံးရှုံးသွားခဲ့ခြင်းဖြစ်သည်။
သတင်း။ ကိုဇက်
 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~