တာခ်ီလိတ္မွ (၇)ရက္စာ ယာယီႏုိင္ငံကူးလက္မွတ္ျဖင့္ မယ္ဆိုင္ၿမိဳ႕အတြင္း အလုပ္လုပ္ခြင့္မရ၍ ျမန္မာလုပ္သားမ်ား အခက္အခဲျဖစ္ေန

တာခ်ီလိတ္မွ (၇)ရက္စာ ယာယီႏုိင္ငံကူးလက္မွတ္ျဖင့္ မယ္ဆိုင္ၿမိဳ႕အတြင္း အလုပ္လုပ္ခြင့္မရ၍ ျမန္မာလုပ္သားမ်ား အခက္အခဲျဖစ္ေန
မတ် 24, 2016
By Tachileik News Agency

တာခ်ီလိတ္၊ မတ္လ(၂၄)။   ။ ထိုင္းႏိုင္ငံ၊ မယ္ဆိုင္ၿမိဳ႕သို႔ ျမန္မာႏိုင္ငံ တာခ်ီလိတ္ၿမိဳ႕မွ သြားေရာက္ အလုပ္ လုပ္ကိုင္ေနေသာ ေရႊ႕ေျပာင္း ျမန္မာလုပ္သားမ်ားအေနျဖင့္ တစ္ပတ္စာ သြားလာခြင့္ျပဳ ယာယီႏိုင္ငံကူး လက္မွတ္ျဖင့္ အလုပ္လုပ္ကိုင္ခြင့္ မရသျဖင့္ အခက္အခဲမ်ား ႀကံဳေနရေၾကာင္း သိရသည္။

မယ္ဆိုင္ၿမိဳ႕တြင္ အလုပ္လုပ္ကိုင္လွ်က္ရွိေသာ ျမန္မာလုပ္သားေတြအေနနဲ႔ အလုပ္လုပ္ရာမွာ ထုိင္းႏိုင္ငံ ဥပေဒအရ အလုပ္သမားကတ္နဲ႔ စာအုပ္စာတမ္းျပည့္စံုမွသာ တရား၀င္ အလုပ္ လုပ္ကိုင္ခြင့္ရျခင္းျဖစ္ေၾကာင္း သိရသည္။

"အလုပ္ လုပ္တဲ့ေနရာမွာ Work Permit တို႔ စာရြက္စာတမ္းမရွိရင္ ခက္ခဲတယ္။ သက္တမ္းေက်ာ္လြန္တဲ့ အတြက္ ျပန္လည္သက္တမ္းတိုးဖို႔ ခက္ခဲပါတယ္။ လုပ္ငန္းခြင္မွာ ထိုင္းရဲေတြ ၀င္လာစစ္ေဆးလို႔ စာရြက္စာတမ္းမစံုရင္ ဖမ္းဆီးၿပီး တရားရံုးပို႔တာေတြရွိပါတယ္။ ဒါမွမဟုတ္ရင္ ပိုက္ဆံေတာင္းၿပီး ျပန္လႊတ္ၾကတယ္"ဟု မယ္ဆိုင္ၿမိဳ႕တြင္ ပန္းရံလုပ္ငန္းလုပ္ကိုင္သူ ေန႔စားအလုပ္သမား ကိုေမာင္ေမာင္က ေျပာသည္။

ထိုင္းႏိုင္ငံ၊ မယ္ဆိုင္ၿမိဳ႕တြင္ အလုပ္လုပ္ကိုင္လွ်က္ရွိေသာ ျမန္မာအမ်ားစုမွာ ပန္းရံလုပ္ငန္း၊ သံခ်ည္သံေကြးလုပ္ငန္း ႏွင့္ အေရာင္းေစ်းသည္အလုပ္မ်ား လုပ္ကိုင္ၾကၿပီး အမ်ိဳးသမီးအမ်ားစုမွာ စားေသာက္ဆိုင္ မ်ားတြင္ အခ်က္အျပဳတ္၊ စားပြဲထိုးႏွင့္ အိမ္အကူလုပ္ငန္းမ်ားတြင္ ၀င္ေရာက္ လုပ္ကိုင္လွ်က္ရွိေၾကာင္း သိရသည္။

လုပ္ငန္းခြင္မ်ားတြင္ အလုပ္လုပ္ကိုင္လွ်က္ရွိေသာ ေရႊ႕ေျပာင္း ျမန္မာႏိုင္ငံသားေတြအေနနဲ႔ အလုပ္သမားကတ္ အခက္အခဲေၾကာင့္ ဖမ္းဆီးခံေနရမႈမ်ားရွိၿပီး အမ်ားစုမွာ အလုပ္သမားကတ္ႏွင့္ ဗီဇာမ်ားမွာ သက္တမ္းေက်ာ္လြန္ျခင္းေၾကာင့္ျဖစ္ေၾကာင္း သိရသည္။

"ပန္းရံလုပ္ငန္းဟာ တျခားလုပ္ငန္းလို ေနရာအတည္တက် လုပ္ကိုင္ရျခင္း မဟုတ္တဲ့အတြက္ အလုပ္ေနရာသတ္မွတ္ခ်က္အတြက္ အခက္အခဲရွိတယ္။ ကၽြန္ေတာ္တို႔ တိုက္တစ္လံုးေဆာက္လို႔ (၁)လၾကာမယ္ေပါ့။ ၿပီးရင္ တျခားတစ္တိုက္ေျပာင္းတယ္။ အဲဒါဆို  အလုပ္သမားက အေၾကာင္းၾကားရတယ္။  အေၾကာင္းမၾကားလို႔ လာစစ္တာေတြ႕ရင္ ဖမ္းခံရျပန္တယ္။ ဒါမွမဟုတ္ ေငြေတာင္းသြားတယ္"ဟု အလုပ္သမားၾကပ္ ဦးမ်ိဳးက ေျပာသည္။

ထိုင္းႏိုင္ငံ၊ မယ္ဆိုင္ၿမိဳ႕တြင္ အလုပ္လုပ္ေနသည့္ ေရႊ႕ေျပာင္းျမန္မာအလုပ္သမားဦးေရ(၃၀၀၀)ခန္႔ရွိၿပီး ခ်င္းဟိုင္း၊ ခ်င္းမိုင္ၿမိဳ႕မ်ားႏွင့္ လိေမၼာ္ျခံ၊ ရာဘာျခံမ်ား၊ ရာသီ သီးႏွံမ်ား စိုက္ပ်ိဳးရာေနရာမ်ားတြင္ လုပ္ကိုင္လွ်က္ရွိသည္ဟု ထုိင္းနိုင္ငံအေျခစိုက္ ျမန္မာလုပ္သားအေရး ေဆာင္ရြက္ေနတဲ့အဖြဲ႕မ်ားထံမွ သိရသည္။

သတင္း။  ။ ကိုဇက္

***********
တာချီလိတ်၊ မတ်လ(၂၄)။ ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့သို့ မြန်မာနိုင်ငံ တာချီလိတ်မြို့မှ သွားရောက် အလုပ် လုပ်ကိုင်နေသော ရွှေ့ပြောင်း မြန်မာလုပ်သားများအနဖြေင့် တစ်ပတ်စာ သွားလာခွင့်ပြု ယာယီနိုင်ငံကူး လက်မှတ်ဖြင့် အလုပ်လုပ်ကိုင်ခွင့် မရသဖြင့် အခက်အခဲများ ကြုံနေရကြောင်း သိရသည်။
မယ်ဆိုင်မြို့တွင် အလုပ်လုပ်ကိုင်လျှက်ရှိသော မြန်မာလုပ်သားတွေအနေနဲ့ အလုပ်လုပ်ရာမှာ ထိုင်းနိုင်ငံ ဥပဒေအရ အလုပ်သမားကတ်နဲ့ စာအုပ်စာတမ်းပြည့်စုံမှသာ တရားဝင် အလုပ် လုပ်ကိုင်ခွင့်ရခြင်းဖြစ်ကြောင်း သိရသည်။
"အလုပ် လုပ်တဲ့နေရာမှာ Work Permit တို့ စာရွက်စာတမ်းမရှိရင် ခက်ခဲတယ်။ သက်တမ်းကျော်လွန်တဲ့ အတွက် ပြန်လည်သက်တမ်းတိုးဖို့ ခက်ခဲပါတယ်။ လုပ်ငန်းခွင်မှာ ထိုင်းရဲတွေ ဝင်လာစစ်ဆေးလို့ စာရွက်စာတမ်းမစုံရင် ဖမ်းဆီးပြီး တရားရုံးပို့တာတွေရှိပါတယ်။ ဒါမှမဟုတ်ရင် ပိုက်ဆံတောင်းပြီး ပြန်လွှတ်ကြတယ်"ဟု မယ်ဆိုင်မြို့တွင် ပန်းရံလုပ်ငန်းလုပ်ကိုင်သူ နေ့စားအလုပ်သမား ကိုမောင်မောင်က ပြောသည်။
ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့တွင် အလုပ်လုပ်ကိုင်လျှက်ရှိသော မြန်မာအများစုမှာ ပန်းရံလုပ်ငန်း၊ သံချည်သံကွေးလုပ်ငန်း နှင့် အရောင်းဈေးသည်အလုပ်များ လုပ်ကိုင်ကြပြီး အမျိုးသမီးအများစုမှာ စားသောက်ဆိုင် များတွင် အချက်အပြုတ်၊ စားပွဲထိုးနှင့် အိမ်အကူလုပ်ငန်းများတွင် ဝင်ရောက် လုပ်ကိုင်လျှက်ရှိကြောင်း သိရသည်။
လုပ်ငန်းခွင်များတွင် အလုပ်လုပ်ကိုင်လျှက်ရှိသော ရွှေ့ပြောင်း မြန်မာနိုင်ငံသားတွေအနေနဲ့ အလုပ်သမားကတ် အခက်အခဲကြောင့် ဖမ်းဆီးခံနေရမှုများရှိပြီး အများစုမှာ အလုပ်သမားကတ်နှင့် ဗီဇာများမှာ သက်တမ်းကျော်လွန်ခြင်းကြောင့်ဖြစ်ကြောင်း သိရသည်။
"ပန်းရံလုပ်ငန်းဟာ တခြားလုပ်ငန်းလို နေရာအတည်တကျ လုပ်ကိုင်ရခြင်း မဟုတ်တဲ့အတွက် အလုပ်နေရာသတ်မှတ်ချက်အတွက် အခက်အခဲရှိတယ်။ ကျွန်တော်တို့ တိုက်တစ်လုံးဆောက်လို့ (၁)လကြာမယ်ပေါ့။ ပြီးရင် တခြားတစ်တိုက်ပြောင်းတယ်။ အဲဒါဆို အလုပ်သမားက အကြောင်းကြားရတယ်။ အကြောင်းမကြားလို့ လာစစ်တာတွေ့ရင် ဖမ်းခံရပြန်တယ်။ ဒါမှမဟုတ် ငွေတောင်းသွားတယ်"ဟု အလုပ်သမားကြပ် ဦးမျိုးက ပြောသည်။
ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့တွင် အလုပ်လုပ်နေသည့် ရွှေ့ပြောင်းမြန်မာအလုပ်သမားဦးရေ(၃၀၀၀)ခန့်ရှိပြီး ချင်းဟိုင်း၊ ချင်းမိုင်မြို့များနှင့် လိမ္မော်ခြံ၊ ရာဘာခြံများ၊ ရာသီ သီးနှံများ စိုက်ပျိုးရာနေရာများတွင် လုပ်ကိုင်လျှက်ရှိသည်ဟု ထိုင်းနိုင်ငံအခြေစိုက် မြန်မာလုပ်သားအရေး ဆောင်ရွက်နေတဲ့အဖွဲ့များထံမှ သိရသည်။ 
သတင်း။ ကိုဇက်
 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~