ေဆးဆိုင္သို႔ ကား၀င္တိုက္မိရာမွ ပ်က္စီးမႈ တန္ဖိုး ထိုင္းဘတ္ေငြ (၄)သိန္းရွိ၊ ယာဥ္ေမာင္းမွ တိမ္းေရွာင္

ေဆးဆိုင္သို႔ ကား၀င္တိုက္မိရာမွ ပ်က္စီးမႈ တန္ဖိုး ထိုင္းဘတ္ေငြ (၄)သိန္းရွိ၊ ယာဥ္ေမာင္းမွ တိမ္းေရွာင္
မတ် 16, 2016
By Tachileik News Agency

တာခ်ီလိတ္၊ မတ္လ(၁၆)။   ။ တာခ်ီလိတ္ၿမိဳ႕ လမ္းမႀကီးေဘးရွိ ေဆးဆိုင္တစ္ဆိုင္အား ေမာ္ေတာ္ယာဥ္တစ္စီးမွ အရွိန္ျပင္းစြာ ၀င္တိုက္မိၿပီးေနာက္ ပ်က္စီးဆံုးရႈံးမႈ တန္ဖိုးမွာ ထိုင္းဘတ္ေငြ(၄)သိန္းေက်ာ္ရွိေၾကာင္း ႏွင့္ ယာဥ္ေမာင္းသူမွာ ေမာ္ေတာ္ယာဥ္အား ထားခဲ့ကာ ထြက္ေျပးတိမ္းေရွာင္ေနေၾကာင္း သိရသည္။

မတ္လ(၁၆)ရက္ေန႔ နံနက္ပိုင္းက ယာဥ္တိုက္မႈ ျဖစ္ပြားေသာ ေနရာသည္ တာခ်ီလိတ္ၿမိဳ႕၊ ဆန္ဆိုင္း(က)ရပ္ကြက္၊ ဗိုလ္ခ်ဳပ္လမ္းမေဘးရွိ ဧကရီေဆးဆိုင္ျဖစ္ၿပီး အဆိုပါ ေဆးဆိုင္သည္ အိမ္သံုးေဆး၀ါးအမ်ဳိးမ်ဳိး ႏွင့္ တန္ဖိုးႀကီးစက္ဘီးမ်ားကို ေရာင္းခ်ေနေသာ ဆိုင္ျဖစ္ေၾကာင္း သိရသည္။

"ပ်က္စီးမႈ တန္ဖိုးက ေဆးဖိုးေတြေရာ စက္ဘီးေတြ ပ်က္စီးတာေရာ အားလံုးဆိုရင္ ဘတ္(၄)သိန္းေက်ာ္ေလာက္ရွိတယ္"ဟု မနန္းေဆာင္တစ္က ေျပာသည္။

ျဖစ္စဥ္မွာ ပံုလို႔လမ္းဆံုမွ အားကစားရံုမီးပြိဳင့္လမ္းဆံုဘက္သို႔ အမည္မသိအမ်ဳိးသားတစ္ဦး ေမာင္းႏွင္လာေသာ Mark ll အမ်ဳိးအစား ေမာ္ေတာ္ကားသည္ အရွိန္မထိန္းႏိုင္ဘဲ လမ္း၏ ယာဘက္ျခမ္းရွိ ဧကရီေဆးဆိုင္အတြင္းသို႔ ၀င္ေရာက္တိုက္မိခဲ့ရာမွာ အဆိုပါ ဆိုင္အတြင္းရွိ Wave-x အျဖဴေရာင္ ေမာ္ေတာ္ဆိုင္ကယ္တစ္စီး အပါအ၀င္ ေရာင္းခ်ရန္ထားရွိေသာ ေဆး၀ါးပစၥည္းမ်ားႏွင့္ JAVA တံဆိပ္ပါ စက္ဘီး(၉)စီး၊ ဆိုင္ေရွ႕တံခါးမႀကီးႏွင့္ အိမ္တြင္းအုတ္နံရံမ်ား ပ်က္စီးသြားခဲ့ရာ စုစုေပါင္းတန္ဖိုးေငြမွာ ဘတ္(၄)သိန္းေက်ာ္ရွိေၾကာင္း သိရသည္။

အဆိုပါ ျဖစ္စဥ္ႏွင့္ ပတ္သက္၍ ယာဥ္အား မဆင္မျခင္ ေမာင္းႏွင္တိုက္မိၿပီး ေမာ္ေတာ္ယာဥ္အားထားခဲ့ကာ ထြက္ေျပးတိမ္းေရွာင္သြားခဲ့သူ ယာဥ္ေမာင္းအား အျမန္ဆံုး ဖမ္းဆီးရမိေရးအတြက္ သက္ဆိုင္ရာမွ စံုစမ္းေနလွ်က္ရွိၿပီး တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ ယာဥ္(ပ)၉/၂၀၁၆၊ ျပစ္မႈပုဒ္မ ၂၇၉ျဖင့္ အမႈဖြင့္လွစ္ထားရွိေၾကာင္းသိရွိရသည္။

( unicode )

တာချီလိတ်၊ မတ်လ(၁၆)။ တာချီလိတ်မြို့ လမ်းမကြီးဘေးရှိ ဆေးဆိုင်တစ်ဆိုင်အား မော်တော်ယာဉ်တစ်စီးမှ အရှိန်ပြင်းစွာ ဝင်တိုက်မိပြီးနောက် ပျက်စီးဆုံးရှုံးမှု တန်ဖိုးမှာ ထိုင်းဘတ်ငွေ(၄)သိန်းကျော်ရှိကြောင်း နှင့် ယာဉ်မောင်းသူမှာ မော်တော်ယာဉ်အား ထားခဲ့ကာ ထွက်ပြေးတိမ်းရှောင်နေကြောင်း သိရသည်။

မတ်လ(၁၆)ရက်နေ့ နံနက်ပိုင်းက ယာဉ်တိုက်မှု ဖြစ်ပွားသော နေရာသည် တာချီလိတ်မြို့၊ ဆန်ဆိုင်း(က)ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းမဘေးရှိ ဧကရီဆေးဆိုင်ဖြစ်ပြီး အဆိုပါ ဆေးဆိုင်သည် အိမ်သုံးဆေးဝါးအမျိုးမျိုး နှင့် တန်ဖိုးကြီးစက်ဘီးများကို ရောင်းချနေသော ဆိုင်ဖြစ်ကြောင်း သိရသည်။

"ပျက်စီးမှု တန်ဖိုးက ဆေးဖိုးတွေရော စက်ဘီးတွေ ပျက်စီးတာရော အားလုံးဆိုရင် ဘတ်(၄)သိန်းကျော်လောက်ရှိတယ်"ဟု မနန်းဆောင်တစ်က ပြောသည်။

ဖြစ်စဉ်မှာ ပုံလို့လမ်းဆုံမှ အားကစားရုံမီးပွိုင့်လမ်းဆုံဘက်သို့ အမည်မသိအမျိုးသားတစ်ဦး မောင်းနှင်လာသော Mark ll အမျိုးအစား မော်တော်ကားသည် အရှိန်မထိန်းနိုင်ဘဲ လမ်း၏ ယာဘက်ခြမ်းရှိ ဧကရီဆေးဆိုင်အတွင်းသို့ ဝင်ရောက်တိုက်မိခဲ့ရာမှာ အဆိုပါ ဆိုင်အတွင်းရှိ Wave-x အဖြူရောင် မော်တော်ဆိုင်ကယ်တစ်စီး အပါအဝင် ရောင်းချရန်ထားရှိသော ဆေးဝါးပစ္စည်းများနှင့် JAVA တံဆိပ်ပါ စက်ဘီး(၉)စီး၊ ဆိုင်ရှေ့တံခါးမကြီးနှင့် အိမ်တွင်းအုတ်နံရံများ ပျက်စီးသွားခဲ့ရာ စုစုပေါင်းတန်ဖိုးငွေမှာ ဘတ်(၄)သိန်းကျော်ရှိကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ယာဉ်အား မဆင်မခြင် မောင်းနှင်တိုက်မိပြီး မော်တော်ယာဉ်အားထားခဲ့ကာ ထွက်ပြေးတိမ်းရှောင်သွားခဲ့သူ ယာဉ်မောင်းအား အမြန်ဆုံး ဖမ်းဆီးရမိရေးအတွက် သက်ဆိုင်ရာမှ စုံစမ်းနေလျှက်ရှိပြီး တာချီလိတ်မြို့မရဲစခန်းတွင် ယာဉ်(ပ)၉/၂၀၁၆၊ ပြစ်မှုပုဒ်မ ၂၇၉ဖြင့် အမှုဖွင့်လှစ်ထားရှိကြောင်းသိရှိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  

~~~~~~ ေၾကာ္ျငာ ~~~~~~