အာခါတိုင္းရင္းသား ရိုးရာ လက္ခ်ဳပ္အထည္မ်ား ပုတ္ျပတ္အျဖစ္ က်ဳိင္းတံု၌ လုပ္ကိုင္သူ မ်ားလာ

အာခါတိုင္းရင္းသား ရိုးရာ လက္ခ်ဳပ္အထည္မ်ား ပုတ္ျပတ္အျဖစ္ က်ဳိင္းတံု၌ လုပ္ကိုင္သူ မ်ားလာ
မတ် 4, 2016
By Tachileik News Agency
က်ဳိင္းတံု၊ မတ္လ(၄) ။   ။ အာခါတိုင္းရင္းသား ရိုးရာ လက္ခ်ဳပ္ပန္းထိုး အထည္လုပ္ငန္းမ်ားတြင္ က်ိဳင္းတံုၿမိဳ႕ ရပ္ကြက္အသီးသီးမွ အိမ္ရွင္မမ်ား လက္ခ်ဳပ္ပန္းထိုးခ်ဳပ္ေပးျခင္းအား ပုတ္ျပတ္လုပ္ကိုင္မႈ ပိုမိုမ်ားျပားလာေၾကာင္း လုပ္ငန္းလုပ္ကိုင္ေနသူမ်ားထံမွ သိရသည္။
"အရင္က ကၽြန္မတို႔ အထည္ၾကမ္းေတြကို ပန္းဒီဇိုင္းထိုးဖို႔အတြက္ဆို ပုတ္ျပတ္ပန္းထိုးမယ့္ အမ်ိဳးသမီးေတြဆီကို အိမ္တိုင္ရာေရာက္ ပို႔ရတယ္၊ အခုက်ေတာ့ အထည္ၾကမ္းေတြ လာယူၾကတဲ့အထိ မ်ားလာၿပီ"ဟု (၂၅) ႏွစ္ခန္႔ အဆိုပါလုပ္ငန္းကို လုပ္ကိုင္လာခဲ့သူ ေဒၚအားဘို႔က ေျပာသည္။
ယခင္က အထည္ခ်ဳပ္ခေငြ နည္းပါးသျဖင့္ လုပ္ကိုင္လိုသူ နည္းပါးခဲ့ေၾကာင္း၊ ယခုအခ်ိန္တြင္ အိမ္ရွင္မမ်ား 
အိမ္မႈကိစၥလုပ္ရင္းျဖင့္ အားလပ္ခ်ိန္မ်ားတြင္ လုပ္ကိုင္ႏိုင္သည့္အတြက္ အထည္ၾကမ္းမ်ား လာေရာက္ယူ၍ ပုတ္ျပတ္ျဖင့္ လုပ္ကိုင္သူ ပိုမိုမ်ားျပားလာျခင္း ျဖစ္ေၾကာင္းႏွင့္ ယခင္က အာခါတိုင္းရင္းသားမ်ားသာ လုပ္ကိုင္ၾကေသာ္လည္း ယခုေနာက္ပိုင္းတြင္ ရွမ္း/လားဟူ ႏွင့္အျခားတိုင္းရင္းသားမ်ားပါ ၀င္ေရာက္ လုပ္ကိုင္မႈမ်ားရွိလာေၾကာင္း ၎ထံမွ သိရသည္။
" အရင္ကဆို ေယာက်္ားက လုပ္ငန္းခြင္သြားရင္ ကြၽန္မက အိမ္မွာ အိမ္မႈကိစၥၿပီးတာနဲ႔ လူမမည္ကေလးသံုးေယာက္နဲ႔ တစ္ေနကုန္ အခ်ိန္ကုန္သြားတာပဲ။ အသိတစ္ေယာက္ အာခါထည္ ခ်ဳပ္တာေတြ႕လို႔ စံုစမ္းၾကည့္ရာကေန ကြၽန္မလည္း လုပ္ျဖစ္သြားတယ္။ ေရမီတာခ၊ မီး မီတာခ၊ ကေလးမူႀကိဳခေတြနဲ႔ ကုန္က်စရိတ္မ်ဳိးစံုရိွေနတဲ့ ခုေခတ္မွာ ေယာက်္ားလုပ္ခအျပင္ ကြၽန္မရဲ႕ အထည္ပန္းထိုးခနဲ႔ဆိုရင္ မီးဖိုေခ်ာင္စရိတ္ေလာက္ေတာ့ ကာမိလို႔ မိသားစုစားဝတ္ေနေရးအတြက္ ေခ်ာင္လည္ပါတယ္" ဟု ပုတ္ျပတ္အထည္္ပန္းထိုးခ်ဳပ္လုပ္လွ်က္ရိွသူ ေဒၚအားၫြန္းက ဆိုသည္။
အာခါအထည္ခ်ုဳပ္လုပ္ငန္းမ်ားသည္ ပန္း ထိုးၿပီးပိတ္စမ်ားကို ႐ိုးရာအထည္မ်ားအျဖစ္  အာခါအက်ႌ၊ အာခါေဘာင္းဘီ၊ အာခါလြယ္အိတ္မ်ား ခ်ဳပ္လုပ္၍ ထိုင္း၊တ႐ုတ္ႏိုင္ငံမ်ားသို႔ ေရာင္းခ်ၿပီး ေဒသအတြင္း ေတာင္ေပၚအာခါရြာမ်ားႏွင့္ က်ဳိင္းတံုၿမိဳ႕မေစ်းတြင္လည္း ဆိုင္ဖြင့္လွ်က္ ေရာင္းခ်ေနေၾကာင္း၊ တခ်ဳိ႕မွာ ေအာ္ဒါမွာယူျခင္းႏွင့္ ခ်ဳပ္ၿပီးသားအသင့္ ရိွသည့္အထည္မ်ားကို ကိုယ္စားလွယ္ယူ၍ ေရာင္းခ်သည္မ်ား ရိွေၾကာင္းႏွင့္ တခ်ဳိ႕ေသာ ခ်ဳပ္လုပ္ၿပီး အထည္ဒီဇိုင္းမ်ားကို ႀကိဳက္ႏွစ္သက္သူ မရိွသည့္အတြက္ ေရာင္းမထြက္မႈမ်ားလည္းရိွေနေၾကာင္း အထည္လုပ္ငန္းလုပ္ကိုင္သူမ်ားထံမွ သိရသည္။
"ကြၽန္မတို႔က ဒီအထည္ေတြကို ခ်ဳပ္ဖို႔အတြက္ လိုအပ္မယ့္ ကုန္ၾကမ္းျဖစ္တဲ့ ပိတ္စအထည္နဲ႔ အပ္ခ်ည္ေတြကို ထိုင္းကေနဝယ္ၿပီးေတာ့ အက်ႌမွာ အလွဆင္မယ့္ ေငြထည္ေတြကို တ႐ုတ္ဘက္ကေန ဝယ္ယူရပါတယ္။ 
အဝတ္အထည္အျဖစ္ ခ်ဳပ္လုပ္လို႔ ၿပီးသြားရင္လည္း ထိုင္းနဲ႔ တ႐ုတ္ႏိုင္ငံကိုပဲ ျပန္ ပို႔တာမ်ားပါတယ္။" ဟု 
အဆိုပါလုပ္ငန္းကို ဦးစီးလုပ္ကိုင္လ်က္ရိွသူ  ေဒၚအားဘို႔က ဆိုသည္။
ႏွစ္ေပခန္႔ရိွသည့္ အနက္ေရာင္ ပိတ္စေပၚတြင္ ပန္းထိုးခ်ဳပ္လုပ္ၿပီးပါက က်ပ္ရွစ္ေထာင္ရရိွၿပီး ႀကိဳးစားအားထုတ္၍ ခ်ဳပ္လုပ္ပါက တစ္လ ငါးထည္ၿပီးေျမာက္ႏိုင္ကာ က်ပ္ေလးေသာင္းအထိ ဝင္ေငြရရိွႏိုင္ေၾကာင္းႏွင့္ တခ်ိဳ႕မွာ ပိတ္စအရြယ္အစားအလိုက္ ေစ်းႏႈန္းကြာဟမႈရိွေၾကာင္း  သိရိွရသည္။
သတင္း ။  ။ ဇင္ေအာင္
--------------

( unicode )

ကျိုင်းတုံ၊ မတ်လ(၄)။ အာခါတိုင်းရင်းသား ရိုးရာ လက်ချုပ်ပန်းထိုး အထည်လုပ်ငန်းများတွင် ကျိုင်းတုံမြို့ ရပ်ကွက်အသီးသီးမှ အိမ်ရှင်မများ လက်ချုပ်ပန်းထိုးချုပ်ပေးခြင်းအား ပုတ်ပြတ်လုပ်ကိုင်မှု ပိုမိုများပြားလာကြောင်း လုပ်ငန်းလုပ်ကိုင်နေသူများထံမှ သိရသည်။

"အရင်က ကျွန်မတို့ အထည်ကြမ်းတွေကို ပန်းဒီဇိုင်းထိုးဖို့အတွက်ဆို ပုတ်ပြတ်ပန်းထိုးမယ့် အမျိုးသမီးတွေဆီကို အိမ်တိုင်ရာရောက် ပို့ရတယ်၊ အခုကျတော့ အထည်ကြမ်းတွေ လာယူကြတဲ့အထိ များလာပြီ"ဟု (၂၅) နှစ်ခန့် အဆိုပါလုပ်ငန်းကို လုပ်ကိုင်လာခဲ့သူ ဒေါ်အားဘို့က ပြောသည်။

ယခင်က အထည်ချုပ်ခငွေ နည်းပါးသဖြင့် လုပ်ကိုင်လိုသူ နည်းပါးခဲ့ကြောင်း၊ ယခုအချိန်တွင် အိမ်ရှင်မများ
အိမ်မှုကိစ္စလုပ်ရင်းဖြင့် အားလပ်ချိန်များတွင် လုပ်ကိုင်နိုင်သည့်အတွက် အထည်ကြမ်းများ လာရောက်ယူ၍ ပုတ်ပြတ်ဖြင့် လုပ်ကိုင်သူ ပိုမိုများပြားလာခြင်း ဖြစ်ကြောင်းနှင့် ယခင်က အာခါတိုင်းရင်းသားများသာ လုပ်ကိုင်ကြသော်လည်း ယခုနောက်ပိုင်းတွင် ရှမ်း/လားဟူ နှင့်အခြားတိုင်းရင်းသားများပါ ဝင်ရောက် လုပ်ကိုင်မှုများရှိလာကြောင်း၎င်းထံမှ သိရသည်။

" အရင်ကဆို ယောကျာ်းက လုပ်ငန်းခွင်သွားရင် ကျွန်မက အိမ်မှာ အိမ်မှုကိစ္စပြီးတာနဲ့ လူမမည်ကလေးသုံးယောက်နဲ့ တစ်နေကုန် အချိန်ကုန်သွားတာပဲ။ အသိတစ်ယောက် အာခါထည် ချုပ်တာတွေ့လို့ စုံစမ်းကြည့်ရာကနေ ကျွန်မလည်း လုပ်ဖြစ်သွားတယ်။ ရေမီတာခ၊ မီး မီတာခ၊ ကလေးမူကြိုခတွေနဲ့ ကုန်ကျစရိတ်မျိုးစုံရှိနေတဲ့ ခုခေတ်မှာ ယောကျာ်းလုပ်ခအပြင် ကျွန်မရဲ့ အထည်ပန်းထိုးခနဲ့ဆိုရင် မီးဖိုချောင်စရိတ်လောက်တော့ ကာမိလို့ မိသားစုစားဝတ်နေရေးအတွက် ချောင်လည်ပါတယ်" ဟု ပုတ်ပြတ်အထည်ပန်းထိုးချုပ်လုပ်လျှက်ရှိသူ ဒေါ်အားညွန်းက ဆိုသည်။

အာခါအထည်ချုပ်လုပ်ငန်းများသည် ပန်း ထိုးပြီးပိတ်စများကို ရိုးရာအထည်များအဖြစ် အာခါအင်္ကျီ၊ အာခါဘောင်းဘီ၊ အာခါလွယ်အိတ်များ ချုပ်လုပ်၍ ထိုင်း၊တရုတ်နိုင်ငံများသို့ ရောင်းချပြီး ဒေသအတွင်း တောင်ပေါ်အာခါရွာများနှင့် ကျိုင်းတုံမြို့မဈေးတွင်လည်း ဆိုင်ဖွင့်လျှက် ရောင်းချနေကြောင်း၊ တချို့မှာ အော်ဒါမှာယူခြင်းနှင့် ချုပ်ပြီးသားအသင့် ရှိသည့်အထည်များကို ကိုယ်စားလှယ်ယူ၍ ရောင်းချသည်များ ရှိကြောင်းနှင့် တချို့သော ချုပ်လုပ်ပြီး အထည်ဒီဇိုင်းများကို ကြိုက်နှစ်သက်သူ မရှိသည့်အတွက် ရောင်းမထွက်မှုများလည်းရှိနေကြောင်း အထည်လုပ်ငန်းလုပ်ကိုင်သူများထံမှ သိရသည်။

"ကျွန်မတို့က ဒီအထည်တွေကို ချုပ်ဖို့အတွက် လိုအပ်မယ့် ကုန်ကြမ်းဖြစ်တဲ့ ပိတ်စအထည်နဲ့ အပ်ချည်တွေကို ထိုင်းကနေဝယ်ပြီးတော့ အင်္ကျီမှာ အလှဆင်မယ့် ငွေထည်တွေကို တရုတ်ဘက်ကနေ ဝယ်ယူရပါတယ်။

အဝတ်အထည်အဖြစ် ချုပ်လုပ်လို့ ပြီးသွားရင်လည်း ထိုင်းနဲ့ တရုတ်နိုင်ငံကိုပဲ ပြန် ပို့တာများပါတယ်။" ဟု
အဆိုပါလုပ်ငန်းကို ဦးစီးလုပ်ကိုင်လျက်ရှိသူ ဒေါ်အားဘို့က ဆိုသည်။

နှစ်ပေခန့်ရှိသည့် အနက်ရောင် ပိတ်စပေါ်တွင် ပန်းထိုးချုပ်လုပ်ပြီးပါက ကျပ်ရှစ်ထောင်ရရှိပြီး ကြိုးစားအားထုတ်၍ ချုပ်လုပ်ပါက တစ်လ ငါးထည်ပြီးမြောက်နိုင်ကာ ကျပ်လေးသောင်းအထိ ဝင်ငွေရရှိနိုင်ကြောင်းနှင့် တချို့မှာ ပိတ်စအရွယ်အစားအလိုက် ဈေးနှုန်းကွာဟမှုရှိကြောင်း သိရှိရသည်။

သတင်း။ ဇင်အောင်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~