Update News

အခြန္ေပးသြင္းေရးအတြက္ လုပ္ငန္းရွင္မ်ားႏွင့္ အခြန္ဝန္ထမ္းမ်ား အၾကား လိုအပ္ခ်က္မ်ားရိွေနဆဲ


တာခ်ီလိတ္၊ မတ္လ (၂၄) ရက္ ။  ။ ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕နယ္အတြင္း လုပ္ငန္းရွင္မ်ား အေနျဖင့္ ႏိုင္ငံေတာ္အား အခြန္ေပးသြင္းရန္ႏွင့္ အခြန္၀န္ထမ္းမ်ားက ပညာေပးလုပ္ငန္းမ်ား လုပ္ေဆာင္ရန္ လိုအပ္ေနေၾကာင္း တာခ်ီလိတ္ၿမိဳ႕နယ္ ျပည္တြင္းအခြန္မ်ားဦးစီးဌာနက သံုးသပ္ေျပာၾကားသည္။

"လုပ္ငန္းရွင္ေတြ အခြန္ေပးသြင္းျခင္းအားျဖင့္ လုပ္ငန္း၀င္ေငြေတြဟာ ေငြျဖဴျဖစ္ပါတယ္။ ဥပမာ ႏိုင္ငံေတာ္ကို က်ပ္သိန္း(၁၀၀)ေလာက္အခြန္ေဆာင္ထားရင္ သူတျခား အိမ္၀ယ္တာတို႔ ကား၀ယ္တာတို႔ မွာ က်ပ္သိန္း(၁၂၀)ျဖစ္ေနရင္ သိန္း(၁၀၀)က အခြန္ေပးစရာမလိုဘဲ က်ပ္သိန္း(၂၀)ဖိုးဘဲ အခြန္ေပးသြင္းရမယ္။ ဒါေၾကာင့္လဲ ႏိုင္ငံေတာ္က ႏွစ္တိုင္း အခြန္အမ်ားဆံုးေပးေဆာင္တဲ့လူေတြကို ေၾကာညာေပးၿပီး ဆုခ်ီးျမွင့္ေနတာပါ"ဟု တာခ်ီလိတ္ၿမိဳ႕နယ္ ျပည္တြင္းအခြန္မ်ား ဦးစီးဌာနမွ လက္ေထာက္ညႊန္ၾကားေရးမွဴး ဦးတိုးလွိဳင္က ေျပာသည္။

လူတိုင္းအခြန္ေပးေဆာင္မွသာ ႏိုင္ငံေတာ္အတြက္ လိုအပ္ေသာ အေျခခံအေဆာက္အဦႏွင့္ လမ္းတံတားမ်ား တည္ေဆာက္ႏိုင္မည္ျဖစ္ၿပီး ဖြဲ႕စည္းပံုအေျခခံဥပေဒ ပုဒ္မ ၃၈၉ အရ ႏိုင္ငံသားတိုင္းသည္ အခြန္ေပးေဆာင္ရန္ တာ၀န္ရွိသည္ဟု ပါရွိေၾကာင္း ၎ကဆိုသည္။

"ေခတ္အဆက္ဆက္ အခြန္ေဆာင္တာကို သက္ဆိုင္ရာဌာနနဲ႔ ခ်ိတ္ဆက္ေဆာင္ရြက္ဖို႔ အားနည္းခဲ့ေတာ့ အခြန္မေဆာင္ျဖစ္ၾကဘူး။ အားလံုးအခြန္ေဆာင္ဖို႔ဆိုရင္ အခြန္နဲ႔ပတ္သက္တဲ့ ပညာေပးေတြမ်ားမ်ား လုပ္ေစခ်င္ပါတယ္"ဟု လုပ္ငန္းရွင္ တစ္ဦးျဖစ္သူ ဦးေအာင္မ်ိဳး၀င္းက ေျပာသည္။

လုပ္ငန္းရွင္အမ်ားစုမွာ အခြန္ထမ္းေဆာင္လိုေသာ္လည္း အခြန္ေပးေဆာင္ရမည့္ လုပ္ငန္းစဥ္မ်ားကို နားမလည္ျခင္း၊ မိမိတို႔အခြန္ေငြမ်ားအား မည္သို႔သံုးစြဲမည္ကို မသိရွိရျခင္းတို႔ေၾကာင့္ အခြန္ေဆာင္ရန္ ဝန္ေလးေနျခင္းျဖစ္ေၾကာင္း ေဒသတြင္း လုပ္ငန္းရွင္မ်ားထံမွ သိရသည္။

"ကၽြန္မတို႔ ဟိုတယ္ဆိုရင္ ကုန္သြယ္ခြန္ တစ္လ က်ပ္(၄)သိန္း တံဆိပ္ေခါင္း၀ယ္ရတယ္။ ဒါေပမဲ့ စားသံုးသူေတြကို ဒီကုန္သြယ္ခြန္တံဆိပ္ေခါင္းမကပ္ေပးဘူး။ ဘာလို႔မကပ္ေပးတာလဲဆိုရင္ သူတို႔ေတြ အခြန္ေဆာင္ရေကာင္းမွန္း မသိၾကဘူး။ တံဆိပ္ေခါင္းကပ္ေပးလိုက္ရန္ ေစ်းႀကီးတယ္ဆိုၿပီး ေနာက္တစ္ခါ လာမစားေတာ့ဘူး။ ဒါေၾကာင့္ တံဆိပ္ေခါင္းေတာ့၀ယ္တယ္။ စားသံုးသူဆီကေတာ့ ျပန္မေကာက္ဘူးေပါ့"ဟု ဟိုတယ္လုပ္ငန္းရွင္ မအားနာက ေျပာသည္။

ျပည္ေထာင္စု အေကာက္ခြန္ဥပေဒသစ္မွာ ၂၀၁၅ ခုႏွစ္ ဧၿပီ(၂)ရက္ေန႔တြင္ ျပည္ေထာင္စုလႊတ္ေတာ္မွ အတည္ျပဳျပဌာန္းခဲ့ၿပီး ၂၀၁၆ ခုႏွစ္ ဧၿပီ(၁)ရက္ေန႔တြင္ စတင္သက္ေရာက္မည္ျဖစ္ေသာ္လည္း ေဒသတြင္း လုပ္ငန္းရွင္မ်ားမွာ အခြန္ဥပေဒႏွင့္ပတ္သက္၍ နားလည္ျခင္းမရိွေသးေၾကာင္း သိရသည္။

၂၀၁၆-၂၀၁၇ ဘ႑ာႏွစ္အတြင္း ျပည္တြင္းအခြန္မ်ားဦးစီးဌာနမွ ၀င္ေငြခြန္၊ ကုန္သြယ္လုပ္ငန္းခြန္၊ တံဆိပ္ေခါင္းခြန္၊ ေအာင္ဘာေလခြန္ႏွင့္ အထူးစည္းၾကပ္ခြန္တို႔အား က်ပ္သန္းေပါင္း(၄၆၆၈၀၇၄.၃၀၉)က်ပ္ ေကာက္ခံရန္ လ်ာထားၿပီး တိုင္းေဒသႀကီးႏွင့္ ျပည္နယ္အလိုက္ ကုန္သြယ္လုပ္ငန္းခြန္မွရေငြ (၁၅) ရာခိုင္ႏႈန္းအား (၃)လပတ္အလိုက္ ျပည္နယ္အစိုးရ ဘ႑ာရန္ပံုေငြသို႔ လႊဲေျပာင္းေပးသြင္းရမည္ ျဖစ္ေၾကာင္း သိရသည္။

လူတစ္ဦးခ်င္းစီမွ ေကာက္ခံေသာ ၀င္ေငြခြန္အား သက္ဆိုင္ရာ ၿမိဳ႕နယ္စည္ပင္သာယာေရးအဖြဲ႕ႏွင့္ ျပည္နယ္ဘ႑ာရန္ပံုေငြသို႔(၅)ရာခိုင္ႏႈန္းႏွင့္ အေဆာက္အဦႏွင့္ တံဆိပ္ေခါင္းခြန္(၂)ရာခိုင္ႏႈန္းတို႔အား သက္ဆိုင္ရာစည္ပင္သာယာေရးရန္ပံုေငြသို႔ (၃)လပတ္အလိုက္ လႊဲေျပာင္းရမည္ျဖစ္ေၾကာင္း သိရသည္။

သတင္း။  ။ ကိုဇက္
******************

တာချီလိတ်၊ မတ်လ (၂၄) ရက်။ ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်အတွင်း လုပ်ငန်းရှင်များ အနဖြေင့် နိုင်ငံတော်အား အခွန်ပေးသွင်းရန်နှင့် အခွန်ဝန်ထမ်းများက ပညာပေးလုပ်ငန်းများ လုပ်ဆောင်ရန် လိုအပ်နေကြောင်း တာချီလိတ်မြို့နယ် ပြည်တွင်းအခွန်များဦးစီးဌာနက သုံးသပ်ပြောကြားသည်။

"လုပ်ငန်းရှင်တွေ အခွန်ပေးသွင်းခြင်းအားဖြင့် လုပ်ငန်းဝင်ငွေတွေဟာ ငွဖြေူဖြစ်ပါတယ်။ ဥပမာ နိုင်ငံတော်ကို ကျပ်သိန်း(၁၀၀)လောက်အခွန်ဆောင်ထားရင် သူတခြား အိမ်ဝယ်တာတို့ ကားဝယ်တာတို့ မှာ ကျပ်သိန်း(၁၂၀)ဖြစ်နေရင် သိန်း(၁၀၀)က အခွန်ပေးစရာမလိုဘဲ ကျပ်သိန်း(၂၀)ဖိုးဘဲ အခွန်ပေးသွင်းရမယ်။ ဒါကြောင့်လဲ နိုင်ငံတော်က နှစ်တိုင်း အခွန်အများဆုံးပေးဆောင်တဲ့လူတွေကို ကြောညာပေးပြီး ဆုချီးမြှင့်နေတာပါ"ဟု တာချီလိတ်မြို့နယ် ပြည်တွင်းအခွန်များ ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးတိုးလှိုင်က ပြောသည်။

လူတိုင်းအခွန်ပေးဆောင်မှသာ နိုင်ငံတော်အတွက် လိုအပ်သော အခြေခံအဆောက်အဦနှင့် လမ်းတံတားများ တည်ဆောက်နိုင်မည်ဖြစ်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၈၉ အရ နိုင်ငံသားတိုင်းသည် အခွန်ပေးဆောင်ရန် တာဝန်ရှိသည်ဟု ပါရှိကြောင်း၎င်းကဆိုသည်။

"ခေတ်အဆက်ဆက် အခွန်ဆောင်တာကို သက်ဆိုင်ရာဌာနနဲ့ ချိတ်ဆက်ဆောင်ရွက်ဖို့ အားနည်းခဲ့တော့ အခွန်မဆောင်ဖြစ်ကြဘူး။ အားလုံးအခွန်ဆောင်ဖို့ဆိုရင် အခွန်နဲ့ပတ်သက်တဲ့ ပညာပေးတွေများများ လုပ်စေချင်ပါတယ်"ဟု လုပ်ငန်းရှင် တစ်ဦးဖြစ်သူ ဦးအောင်မျိုးဝင်းက ပြောသည်။

လုပ်ငန်းရှင်အများစုမှာ အခွန်ထမ်းဆောင်လိုသော်လည်း အခွန်ပေးဆောင်ရမည့် လုပ်ငန်းစဉ်များကို နားမလည်ခြင်း၊ မိမိတို့အခွန်ငွေများအား မည်သို့သုံးစွဲမည်ကို မသိရှိရခြင်းတို့ကြောင့် အခွန်ဆောင်ရန် ဝန်လေးနခြေင်းဖြစ်ကြောင်း ဒေသတွင်း လုပ်ငန်းရှင်များထံမှ သိရသည်။

"ကျွန်မတို့ ဟိုတယ်ဆိုရင် ကုန်သွယ်ခွန် တစ်လ ကျပ်(၄)သိန်း တံဆိပ်ခေါင်းဝယ်ရတယ်။ ဒါပေမဲ့ စားသုံးသူတွေကို ဒီကုန်သွယ်ခွန်တံဆိပ်ခေါင်းမကပ်ပေးဘူး။ ဘာလို့မကပ်ပေးတာလဲဆိုရင် သူတို့တွေ အခွန်ဆောင်ရကောင်းမှန်း မသိကြဘူး။ တံဆိပ်ခေါင်းကပ်ပေးလိုက်ရန် ဈေးကြီးတယ်ဆိုပြီး နောက်တစ်ခါ လာမစားတော့ဘူး။ ဒါကြောင့် တံဆိပ်ခေါင်းတော့ဝယ်တယ်။ စားသုံးသူဆီကတော့ ပြန်မကောက်ဘူးပေါ့"ဟု ဟိုတယ်လုပ်ငန်းရှင် မအားနာက ပြောသည်။

ပြည်ထောင်စု အကောက်ခွန်ဥပဒေသစ်မှာ ၂၀၁၅ ခုနှစ် ဧပြီ(၂)ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုပြဌာန်းခဲ့ပြီး ၂၀၁၆ ခုနှစ် ဧပြီ(၁)ရက်နေ့တွင် စတင်သက်ရောက်မည်ဖြစ်သော်လည်း ဒေသတွင်း လုပ်ငန်းရှင်များမှာ အခွန်ဥပဒေနှင့်ပတ်သက်၍ နားလည်ခြင်းမရှိသေးကြောင်း သိရသည်။

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွင်း ပြည်တွင်းအခွန်များဦးစီးဌာနမှ ဝင်ငွေခွန်၊ ကုန်သွယ်လုပ်ငန်းခွန်၊ တံဆိပ်ခေါင်းခွန်၊ အောင်ဘာလေခွန်နှင့် အထူးစည်းကြပ်ခွန်တို့အား ကျပ်သန်းပေါင်း(၄၆၆၈၀၇၄.၃၀၉)ကျပ် ကောက်ခံရန် လျာထားပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ကုန်သွယ်လုပ်ငန်းခွန်မှရငွေ (၁၅) ရာခိုင်နှုန်းအား (၃)လပတ်အလိုက် ပြည်နယ်အစိုးရ ဘဏ္ဍာရန်ပုံငွေသို့ လွှဲပြောင်းပေးသွင်းရမည် ဖြစ်ကြောင်း သိရသည်။

လူတစ်ဦးချင်းစီမှ ကောက်ခံသော ဝင်ငွေခွန်အား သက်ဆိုင်ရာ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပြည်နယ်ဘဏ္ဍာရန်ပုံငွေသို့(၅)ရာခိုင်နှုန်းနှင့် အဆောက်အဦနှင့် တံဆိပ်ခေါင်းခွန်(၂)ရာခိုင်နှုန်းတို့အား သက်ဆိုင်ရာစည်ပင်သာယာရေးရန်ပုံငွေသို့ (၃)လပတ်အလိုက် လွှဲပြောင်းရမည်ဖြစ်ကြောင်း သိရသည်။

သတင်း။ ကိုဇက်
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  

~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~


« PREV
NEXT »