သံရည်ကြိုအိုးအတွင်းပြုတ်ကျ သေဆုံးသွားသည့် မြန်မာလုပ်သားအတွက် နစ်နာကြေးရရှိရေး ကြိုးပမ်းနေ
သံရည်ကြိုအိုးအတွင်းပြုတ်ကျ သေဆုံးသွားသည့် မြန်မာလုပ်သားအတွက် နစ်နာကြေးရရှိရေး ကြိုးပမ်းနေ
မတျ 24, 2016
By Tachileik News Agency
မတ်လ(၂၁)ရက်နေ့ ညပိုင်းတွင် သေဆုံးသွားခဲ့သဖြင့် သံရည်ကြိုအိုးအတွင်းမှ ပြန်ရသော အရိုးအနည်းငယ်ကိုသာ မီးသဂြုင်္ိဟ်ခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်ရပ်နှင့် ပတ်သက်၍ ထိုင်းရဲတပ်ဖွဲ့မှ စုံစမ်းစစ်ဆေးများပြုလုပ်နေပြီး စုံစမ်းမှု ပြီးစီးသည်နှင့် ထိုင်းနိုင်ငံ အလုပ်သမားဥပဒေအရ နစ်နာကြေးများရရှိရန် ကူညီလုပ်ဆောင်သွားမည်ဖြစ်ကြောင်း မြန်မာသံရုံးအလုပ်သမား ကူညီစောင့်ရှောက်ရေး ကော်မတီဝင်"AAC"မဟာမိတ်အဖွဲ့မှ သိရသည်။
သတင်း။  ။ ကိုဇက်
......................
( unicode )
တာချီလိတ်၊ မတ်လ (၂၄) ရက်။ ထိုင်းနိုင်ငံ၊ ဖစ်ဘူရီမြို့နယ်အတွင်း ဝပ်နောင်စွန်းအနီးရှိ သံရည်ကြိုစက်ရုံတွင် သံရည်ကြိုအိုးအတွင်းပြုတ်ကျ သေဆုံးသွားသည့် မြန်မာလုပ်သားအတွက် နစ်နာကြေးများရရှိရန် မြန်မာသံရုံး အလုပ်သမား ကူညီစောင့်ရှောက်ရေးကော်မတီဝင်"AAC"မဟာမိတ်အဖွဲ့မှ ဆောင်ရွက်ပေးလျှက်ရှိကြောင်း သိရသည်။
"အလုပ်သမားလေးက အလုပ်ချိန်အတွင်းမှာ သံရည်ကြိုတဲ့ အိုးထဲပြုတ်ကျသွားတာ အရိုးနည်းနည်းပဲ ပြန်ရတယ်။ ကျွန်တော်တို့အနေနဲ့ အခု သေဆုံးသူအလုပ်သမားရဲ့ ဇနီးကို နစ်နာကြေးတွေရအောင် ကူညီပေးနေပါတယ်"ဟု "AAC"မဟာမိတ်အဖွဲ့မှ ကော်မတီဝင် ကိုရဲမင်းက ပြောသည်။
အဆိုပါအလုပ်သမားသည် ဘီးလင်းမြို့နယ်၊ တောင်စွန်းကျေးရွာမှ အလုပ်လာရောက် လုပ်ကိုင်နေသူဖြစ်ပြီး 
မတ်လ(၂၁)ရက်နေ့ ညပိုင်းတွင် သေဆုံးသွားခဲ့သဖြင့် သံရည်ကြိုအိုးအတွင်းမှ ပြန်ရသော အရိုးအနည်းငယ်ကိုသာ မီးသင်္ဂြိုဟ်ခဲ့ရကြောင်း သိရသည်။
အဆိုပါဖြစ်ရပ်နှင့် ပတ်သက်၍ ထိုင်းရဲတပ်ဖွဲ့မှ စုံစမ်းစစ်ဆေးများပြုလုပ်နပြေီး စုံစမ်းမှု ပြီးစီးသည်နှင့် ထိုင်းနိုင်ငံ အလုပ်သမားဥပဒေအရ နစ်နာကြေးများရရှိရန် ကူညီလုပ်ဆောင်သွားမည်ဖြစ်ကြောင်း မြန်မာသံရုံးအလုပ်သမား ကူညီစောင့်ရှောက်ရေး ကော်မတီဝင်"AAC"မဟာမိတ်အဖွဲ့မှ သိရသည်။
သတင်း။ ကိုဇက်
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~