ထိုင်းနိုင်ငံ၌ မြန်မာလုပ်သား တစ်ဦး ကားတိုက်ခံရ

ထိုင်းနိုင်ငံ၌ မြန်မာလုပ်သား တစ်ဦး ကားတိုက်ခံရ
မတ် 7, 2016
By Tachileik News Agency

(ရုပ္သံ)

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ အတွင်းမှာ ရှိတဲ့ ကားရေဆေးရုံတစ်ခုမှာ အလုပ်လုပ်နေတဲ့ မြန်မာလုပ်သားတစ်ဦး ကားတိုက်ခံရပြီးနောက် နစ်နာကြေးအဖြစ် လျော်ကြေးမရရှိသေးဘူးလို့ သိရပါတယ်။

ကားတိုက်ခံရသူဟာ အသက်(၃၃)နှစ်ရှိ ကိုဇင်မင်းဖြစ်ပြီး အခုလို ကားတိုက်ခံရမှုကြောင့် ခါးရိုးမကြီးအရိုးကျိုးသွားပြီး ခြေဖနောင့်အကြောများ ပြတ်ကာ ဒဏ်ရာရရှိပြီးတော့ ဆေးကုသမှု ခံရယူ လိုက်ရတယ်လို့ မြန်မာသံရုံးအလုပ်သမားကူညီစောင့်ရှောက်ရေးကော်မတီ(AAC)မဟာမိတ်အဖွဲ့က ကိုရဲမင်းရဲ့ ပြောပြချက်အရ သိရပါတယ်။

အခုဖြစ်စဉ်ဟာ ၂၀၁၆ခုနှစ် မတ်လပထမအပတ်တွင်းက ဖြစ်ပွားခဲ့တာ ဖြစ်ပြီး အခုလို ဖြစ်တာနဲ့ ပတ်သက်ပြီး ထိုက်သင့်တဲ့ နစ်နာကြေးရရှိရေးအတွက် မြန်မာသံရုံးအလုပ်သမား ကူညီစောင့်ရှောက်ရေးကော်မတီက ဆောင်ရွက်ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

vdo: ကိုရဲမင်း (AAC)

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~~~~~ ကြော်ငြာ ~~~~~~~~~