(၅)ႏွစ္သမီး ႏွာေခါင္းထဲက တြယ္အပ္တစ္ေခ်ာင္း ထြက္လာ

(၅)ႏွစ္သမီး ႏွာေခါင္းထဲက တြယ္အပ္တစ္ေခ်ာင္း ထြက္လာ
မတ် 6, 2016
By Tachileik News Agency
( ႏွာေစးတဲ့ ေရာဂါကို ေျခာက္လေလာက္ခံစားခဲ့ရတဲ့ ကေလးငယ္ )

ဘာသာျပန္၊ မတ္လ(၆)
ႏွာေခါင္းယားယံၿပီး ႏွာေစးတဲ့ ေရာဂါကို ေျခာက္လေလာက္ခံစားေနရတဲ့ ကယ္လီဖိုးနီးယားက ခိုးလ္ရပ္ဆဲလ္ဆိုတဲ့ အသက္ငါးႏွစ္အရြယ္ ကေလးမေလးဟာ ရုတ္တရက္ ႏွပ္ညႇစ္လိုက္ရာက ႏွာေခါင္းထဲက တြယ္အပ္တစ္ေခ်ာင္း ထြက္လာခဲ့ပါတယ္။

သူ႔ရဲ႕ႏွာေစးေရာဂါကို ေျခာက္လလံုးလံုး ဆရာဝန္မ်ားနဲ႔ ျပသရာမွာ ေရာဂါရွာမေတြ႔ဘဲ ပဋိဇီဝေဆးေတြကို ေပးခဲ့ေပမဲ့လည္း မသက္သာခဲ့ပါဘူး။

အခုေတာ့ သူ႔ႏွာေခါင္းထဲက ထြက္လာတဲ့ တြယ္အပ္ဟာ ေလးစင္တီမီတာေလာက္ရွည္ၿပီး သံေခ်းေတြေတာင္ တက္ေနၿပီလို႔ သိရပါတယ္။

“ေျခာက္လေလာက္ၾကာေအာင္ သူ႔ႏွာေခါင္းတစ္ဖက္က အျမဲႏွာရည္ယိုေနခဲ့တာ။ အစိမ္းေရာင္ေတြေလ။ အဆက္မျပတ္ကို ႏွာရည္ယိုေနခဲ့တာ”လို႔ ခိုးလ္ရဲ႕အေမ ကိတ္လင္းပိုဝယ္လ္က ဆိုပါတယ္။

သူ႔ရဲ႕ ႏွာရည္ယိုတဲ့ ေရာဂါေၾကာင့္ သူ႔အေမက ဆရာဝန္သံုးေယာက္ေျပာင္းျပီး ကုသခဲ့ေပမဲ့ ေရာဂါရင္းျမစ္ကို ရွာမေတြ႕ခ့ဲဘူးလို႔ သိရပါတယ္။

“ကၽြန္မအစ္ကို ေရာက္လာေတာ့ သူ႔တူမႏွာေခါင္းကိုၾကည့္ၿပီး အရမ္းညစ္ပတ္တယ္။ ညႇစ္ထုတ္လိုက္ဆိုၿပီး ႏွပ္ညႇစ္ခိုင္းတာေလ။ အဲဒီမွာ ေသခ်ာခ်ိတ္မွာခ်ိတ္ထားတဲ့ တြယ္အပ္က ထြက္လာတာ”လို႔ ခိုးလ္္ရဲ႕အေမက ဆိုပါတယ္။

ဒီတြယ္အပ္ခ်ိတ္ရဲ႕အခၽြန္ဟာ ျပဳတ္ထြက္မေနတာ အေတာ္ကံေကာင္းတာျဖစ္ၿပီး တြယ္အပ္က ခိုးလ္ရဲ႕ႏွာေခါင္းထက္ေတာင္ ရွည္ေနပါတယ္လို႔ သူ႕အေမက ဆိုပါတယ္။

ပိုဝယ္လ္ကေတာ့ သူ႔သမီးရဲ႕ေရာဂါနဲ႔ ပတ္သက္လို႔ ဆရာဝန္ေတြကို အျပစ္မတင္ပါဘူး။ ဆရာဝန္ေတြ အေနနဲ႕လည္း သူ႔သမီးရဲ႕ ႏွာေခါင္းကေရာဂါကိုရွာဖို႔ ႏွာေခါင္းတြင္း အဏုၾကည့္မွန္ဘီလူးနဲ႕ေတာင္ ရွာခဲ့ၾကေသးတာပဲလို႔ ဆိုပါတယ္။

လက္ရိွ သူ႕သမီးရဲ႕ေရာဂါသက္သာသြားတာကိုပဲ သူ႔အေနနဲ႕ အင္မတန္ေပ်ာ္ရႊင္မိပါတယ္လို႔ ဆိုပါတယ္။

ဘာသာျပန္။  ။ နန္းေမာက္ကြမ္
Ref; NewYorkLoving, kapook
**************

( unicode )

နှာခေါင်းယားယံပြီး နှာစေးတဲ့ ရောဂါကို ခြောက်လလောက်ခံစားနေရတဲ့ ကယ်လီဖိုးနီးယားက ခိုးလ်ရပ်ဆဲလ်ဆိုတဲ့ အသက်ငါးနှစ်အရွယ် ကလေးမလေးဟာ ရုတ်တရက် နှပ်ညှစ်လိုက်ရာက နှာခေါင်းထဲက တွယ်အပ်တစ်ချောင်း ထွက်လာခဲ့ပါတယ်။

သူ့ရဲ့နှာစေးရောဂါကို ခြောက်လလုံးလုံး ဆရာဝန်များနဲ့ ပြသရာမှာ ရောဂါရှာမတွေ့ဘဲ ပဋိဇီဝဆေးတွေကို ပေးခဲ့ပေမဲ့လည်း မသက်သာခဲ့ပါဘူး။

အခုတော့ သူ့နှာခေါင်းထဲက ထွက်လာတဲ့ တွယ်အပ်ဟာ လေးစင်တီမီတာလောက်ရှည်ပြီး သံချေးတွေတောင် တက်နပြေီလို့ သိရပါတယ်။

“ခြောက်လလောက်ကြာအောင် သူ့နှာခေါင်းတစ်ဖက်က အမြဲနှာရည်ယိုနေခဲ့တာ။ အစိမ်းရောင်တွေလေ။ အဆက်မပြတ်ကို နှာရည်ယိုနေခဲ့တာ”လို့ ခိုးလ်ရဲ့အမေ ကိတ်လင်းပိုဝယ်လ်က ဆိုပါတယ်။

သူ့ရဲ့ နှာရည်ယိုတဲ့ ရောဂါကြောင့် သူ့အမေက ဆရာဝန်သုံးယောက်ပြောင်းပြီး ကုသခဲ့ပေမဲ့ ရောဂါရင်းမြစ်ကို ရှာမတွေ့ခဲ့ဘူးလို့ သိရပါတယ်။

“ကျွန်မအစ်ကို ရောက်လာတော့ သူ့တူမနှာခေါင်းကိုကြည့်ပြီး အရမ်းညစ်ပတ်တယ်။ ညှစ်ထုတ်လိုက်ဆိုပြီး နှပ်ညှစ်ခိုင်းတာလေ။ အဲဒီမှာ သေချာချိတ်မှာချိတ်ထားတဲ့ တွယ်အပ်က ထွက်လာတာ”လို့ ခိုးလ်ရဲ့အမေက ဆိုပါတယ်။

ဒီတွယ်အပ်ချိတ်ရဲ့အချွန်ဟာ ပြုတ်ထွက်မနေတာ အတော်ကံကောင်းတာဖြစ်ပြီး တွယ်အပ်က ခိုးလ်ရဲ့နှာခေါင်းထက်တောင် ရှည်နေပါတယ်လို့ သူ့အမေက ဆိုပါတယ်။

ပိုဝယ်လ်ကတော့ သူ့သမီးရဲ့ရောဂါနဲ့ ပတ်သက်လို့ ဆရာဝန်တွေကို အပြစ်မတင်ပါဘူး။ ဆရာဝန်တွေ အနေနဲ့လည်း သူ့သမီးရဲ့ နှာခေါင်းကရောဂါကိုရှာဖို့ နှာခေါင်းတွင်း အဏုကြည့်မှန်ဘီလူးနဲ့တောင် ရှာခဲ့ကြသေးတာပဲလို့ ဆိုပါတယ်။

လက်ရှိ သူ့သမီးရဲ့ရောဂါသက်သာသွားတာကိုပဲ သူ့အနေနဲ့ အင်မတန်ပျော်ရွှင်မိပါတယ်လို့ ဆိုပါတယ်။

ဘာသာပြန်။ နန်းမောက်ကွမ်
Ref; NewYorkLoving, kapook

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  

~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~