က်ိဳင္းတံုၿမိဳ႕တြင္ တစ္ဖက္ယာဥ္ေၾကာမွ ဆိုင္ကယ္သံုးစီးအား တိုက္မိသည့္ ေမာ္ေတာ္ယာဥ္ ထြက္ေျပးတိမ္းေရွာင္

က်ိဳင္းတံုၿမိဳ႕တြင္ တစ္ဖက္ယာဥ္ေၾကာမွ ဆိုင္ကယ္သံုးစီးအား တိုက္မိသည့္ ေမာ္ေတာ္ယာဥ္ ထြက္ေျပးတိမ္းေရွာင္
ဖေဖော်ဝါရီ 9, 2016
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္း က်ဳိင္းတုံၿမိဳ႕တြင္ ေမာ္ေတာ္ကား တစ္စီးက အရိွန္မထိန္းႏိုင္ဘဲ တစ္ဖက္ ယာဥ္ေၾကာမွ ဆိုင္ကယ္(၃)စီိးအား တိုက္မိၿပီး ယာဥ္ေမာင္းမွာ ေမာ္ေတာ္ကားအား ထားခဲ့ကာ အခင္းျဖစ္ပြားရာ ေနရာမွ ထြက္ေျပးတိမ္းေ႐ွာင္မႈ ျဖစ္ပြားေၾကာင္း က်ဳိင္းတံုယာဥ္ထိန္းရဲတပ္ဖြဲ႔မွ သိရသည္။

အဆိုပါ ယာဥ္တို္က္မႈမွာ ေဖေဖာ္၀ါရီလ (၈)ရက္ေန႔ ည(၁၀)နာရီေက်ာ္က ျဖစ္ပြားခဲ့ျခင္းျဖစ္ၿပီး (၃)ဦးဒဏ္ရာရရိွ သြားေၾကာင္း သိရသည္။

"ည(၁၀)နာရီေလာက္က ကၽြန္ေတာ္တို႔ ႐ုံးေ႐ွ႕မွာ ဒီယာဥ္တိုက္မႈ ျဖစ္ပြားခဲ့တာပါ။ (၃)ဦး ဒဏ္ရာရရိွခဲ့ၿပီး (၁)ဦး ကေတာ့စိုးရိမ္ရတဲ့ အေျခအေနမွာ ရိွေနပါတယ္။ ဒဏ္ရာရ သူေတြကို ကၽြန္ေတာ္တို႔ အသင္းကေနၿပီးေတာ့ က်ိဳင္းတုံျပည္သူ႔ေဆး႐ုံကို ပို႔ေပးခဲ့ပါတယ္။"ဟု ယာဥ္တိုက္မႈတြင္ လိုက္လံ ကူညီေပးခဲ့သူ က်ဳိင္းတံုၿမိဳ႕ ႏွလံုးလွပိုင္ရွင္မ်ား(အခမဲ့)လူမႈကူညီေရးအသင္း မွ ဥကၠဌ ဦးေက်ာ္သူေအာင္က ေျပာသည္။

က်ဳိင္းတုံ - ေလယာဥ္ကြင္းကားလမ္း ေနာင္ကြမ္လမ္းဆုံအနီးတြင္ ေလယာဥ္ကြင္းဘက္မွ ယာဥ္ေမာင္း(စုံစမ္းဆဲ) ေမာင္းႏွင္လာေသာ မတ္တူးအမ်ဳိးအစား အျဖဴခဲေရာင္သည္ ေနာင္ကြမ္လမ္းဆုံေက်ာ္တြင္ အရိွန္မထိန္းႏိုင္ဘဲ တစ္ဖက္ယာဥ္ေၾကာအတြင္းသို႔ ေရာက္ရိွကာ မ်က္ႏွာခ်င္းဆိုင္ က်ိဳင္းတုံၿမိဳ႕တြင္းဘက္မွ ေလယာဥ္ကြင္းဘက္သို႔ ေမာင္းႏွင္လာေသာ ဆိုင္ကယ္(၃)စီးအား ၀င္ေရာက္တိုက္မိခဲ့ၿပီး ေမာ္ေတာ္ကား ေမာင္းႏွင္သူမွာ ယာဥ္အား အခင္းျဖစ္ပြားရာေနရာတြင္ ထားရိွခဲ့ကာ ထြက္ေျပးတိမ္းေ႐ွာင္သြားေၾကာင္း ယာဥ္ထိန္းရဲတပ္ဖြဲ႕မွ သိရသည္။

"ကြ်န္ေတာ္က မိုင္းျဖတ္ကေန က်ိဳင္းတုံကို အလည္လာတာပါ။ လူကေတာ့ ႀကီးႀကီးမားမား ဒဏ္ရာမရပါဘူး၊ ရင္ဘတ္နည္းနည္းေအာင့္ၿပီး ေျခေထာက္မွာ နည္းနည္း ဒဏ္ရာရသြားပါတယ္။ ဆိုင္ကယ္ကေတာ့ ေတာ္ေတာ္ပ်က္စီးသြားတယ္"ဟု ယာဥ္တိုက္ခံရသူ စိုင္းႏြံေက်ာက္က ေျပာသည္။

ယာဥ္အား မဆင္မျခင္ ေမာင္းႏွင္မႈေၾကာင့္ အ႐ိွန္မထိန္းႏိုင္ဘဲ တစ္ဖက္ယာဥ္ေၾကာသို႔ ေရာက္ရိွကာ ၀င္ေရာက္ တိုက္မိၿပီး အျခားသူမ်ားအား ဒဏ္ရာရရိွေစကာ ေမာ္ေတာ္ယာဥ္အား ထားခဲ့ၿပီး အခင္းျဖစ္ပြားရာေနရာမွ ထြက္ေျပးတိမ္းေ႐ွာင္သြားသူ ယာဥ္ေမာင္း(အမည္/ေနရပ္) စုုံစမ္းဆဲအား ယာဥ္(ပ) ၆/၂၀၁၆၊ ျပစ္မႈပုဒ္မ ၂၈၉/၃၃၈/၄၂၇အရ အမႈဖြင့္ထားေၾကာင္း သိရသည္။

သတင္း။  ။ ဇြဲျမတ္
ဓာတ္ပံု။  ။ ႏွလံုးလွပိုင္ရွင္မ်ား(အခမဲ့)လူမႈကူညီေရးအသင္း
*************

( unicode )

ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့တွင် မော်တော်ကား တစ်စီးက အရှိန်မထိန်းနိုင်ဘဲ တစ်ဖက် ယာဉ်ကြောမှ ဆိုင်ကယ်(၃)စိီးအား တိုက်မိပြီး ယာဉ်မောင်းမှာ မော်တော်ကားအား ထားခဲ့ကာ အခင်းဖြစ်ပွားရာ နေရာမှ ထွက်ပြေးတိမ်းရှောင်မှု ဖြစ်ပွားကြောင်း ကျိုင်းတုံယာဉ်ထိန်းရဲတပ်ဖွဲ့မှ သိရသည်။

အဆိုပါ ယာဉ်တို်က်မှုမှာ ဖေဖော်ဝါရီလ (၈)ရက်နေ့ ည(၁၀)နာရီကျော်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး (၃)ဦးဒဏ်ရာရရှိ သွားကြောင်း သိရသည်။

"ည(၁၀)နာရီလောက်က ကျွန်တော်တို့ ရုံးရှေ့မှာ ဒီယာဉ်တိုက်မှု ဖြစ်ပွားခဲ့တာပါ။ (၃)ဦး ဒဏ်ရာရရှိခဲ့ပြီး (၁)ဦး ကတော့စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေပါတယ်။ ဒဏ်ရာရ သူတွေကို ကျွန်တော်တို့ အသင်းကနပြေီးတော့ ကျိုင်းတုံပြည်သူ့ဆေးရုံကို ပို့ပေးခဲ့ပါတယ်။"ဟု ယာဉ်တိုက်မှုတွင် လိုက်လံ ကူညီပေးခဲ့သူ ကျိုင်းတုံမြို့ နှလုံးလှပိုင်ရှင်များ(အခမဲ့)လူမှုကူညီရေးအသင်း မှ ဥက္ကဌ ဦးကျော်သူအောင်က ပြောသည်။

ကျိုင်းတုံ - လေယာဉ်ကွင်းကားလမ်း နောင်ကွမ်လမ်းဆုံအနီးတွင် လေယာဉ်ကွင်းဘက်မှ ယာဉ်မောင်း(စုံစမ်းဆဲ) မောင်းနှင်လာသော မတ်တူးအမျိုးအစား အဖြူခဲရောင်သည် နောင်ကွမ်လမ်းဆုံကျော်တွင် အရှိန်မထိန်းနိုင်ဘဲ တစ်ဖက်ယာဉ်ကြောအတွင်းသို့ ရောက်ရှိကာ မျက်နှာချင်းဆိုင် ကျိုင်းတုံမြို့တွင်းဘက်မှ လေယာဉ်ကွင်းဘက်သို့ မောင်းနှင်လာသော ဆိုင်ကယ်(၃)စီးအား ဝင်ရောက်တိုက်မိခဲ့ပြီး မော်တော်ကား မောင်းနှင်သူမှာ ယာဉ်အား အခင်းဖြစ်ပွားရာနေရာတွင် ထားရှိခဲ့ကာ ထွက်ပြေးတိမ်းရှောင်သွားကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့မှ သိရသည်။

"ကျွန်တော်က မိုင်းဖြတ်ကနေ ကျိုင်းတုံကို အလည်လာတာပါ။ လူကတော့ ကြီးကြီးမားမား ဒဏ်ရာမရပါဘူး၊ ရင်ဘတ်နည်းနည်းအောင့်ပြီး ခြေထောက်မှာ နည်းနည်း ဒဏ်ရာရသွားပါတယ်။ ဆိုင်ကယ်ကတော့ တော်တော်ပျက်စီးသွားတယ်"ဟု ယာဉ်တိုက်ခံရသူ စိုင်းနွံကျောက်က ပြောသည်။

ယာဉ်အား မဆင်မခြင် မောင်းနှင်မှုကြောင့် အရှိန်မထိန်းနိုင်ဘဲ တစ်ဖက်ယာဉ်ကြောသို့ ရောက်ရှိကာ ဝင်ရောက် တိုက်မိပြီး အခြားသူများအား ဒဏ်ရာရရှိစေကာ မော်တော်ယာဉ်အား ထားခဲ့ပြီး အခင်းဖြစ်ပွားရာနေရာမှ ထွက်ပြေးတိမ်းရှောင်သွားသူ ယာဉ်မောင်း(အမည်/နေရပ်) စုံစမ်းဆဲအား ယာဉ်(ပ) ၆/၂၀၁၆၊ ပြစ်မှုပုဒ်မ ၂၈၉/၃၃၈/၄၂၇အရ အမှုဖွင့်ထားကြောင်း သိရသည်။

သတင်း။ ဇွဲမြတ်
ဓာတ်ပုံ။ နှလုံးလှပိုင်ရှင်များ(အခမဲ့)လူမှုကူညီရေးအသင်း

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  


~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~