ကေလးအေဖ မျဖစ္ခ်င္တာေၾကာင့္ ကိုယ္ဝန္ရိွေနတဲ့ ရည္းစားကို မီးရိႈ႕သတ္

ကေလးအေဖ မျဖစ္ခ်င္တာေၾကာင့္ ကိုယ္ဝန္ရိွေနတဲ့ ရည္းစားကို မီးရိႈ႕သတ္
ဖေဖော်ဝါရီ 25, 2016
By Tachileik News Agency

ဘာသာျပန္၊ ေဖေဖာ္၀ါရီလ(၂၅) ။  ။ ကိုယ္ဝန္ရိွေနတဲ့ ရည္းစားကို အရွင္လတ္လတ္ မီးရိႈ႕သတ္လိုက္တဲ့ အသက္(၂၀)ႏွစ္အရြယ္ Eren Toben နဲ႔ ကူညီေပးတဲ့ သူငယ္ခ်င္းျဖစ္သူ Daniel Muellerတို႔ကို ေထာင္ဒဏ္ (၁၄) ႏွစ္စီ ျပစ္ဒဏ္ ခ်မွတ္လိုက္ပါတယ္။

ဂ်ာမနီႏိုင္ငံ ဘာလင္ၿမိဳ႕စြန္က ေတာအုပ္ထဲမွွာ  ေပါင္မုန္႔လွီးတဲ့ဓါးနဲ႔ ထိုးသတ္ၿပီး မေသခင္မွာ မီးရိႈ႕ခံလိုက္ရတဲ့ အသက္(၁၉)ႏွစ္အရြယ္ Maria Peiner ဟာ Eren Toben ရဲ႕ကိုယ္ဝန္ကို လြယ္ထားတာျဖစ္ပါတယ္။

Maria Peiner ကို ကေလးအတြက္ အဝတ္အစားေတြ သြားဝယ္မယ္လို႔ Eren Tobenနဲ႔ သူငယ္ခ်င္းျဖစ္သူ Daniel Mueller တို႔က လိမ္ညာ ေခၚေဆာင္သြားၿပီး ဘာလင္ၿမိဳ႕ျပင္က လူျပတ္တဲ့ ေတာအုပ္ထဲ အေရာက္မွာ Maria Peiner ရဲ႕ ဦးေခါင္းကို တုတ္နဲ႔ရိုက္၊ ေပါင္မုန္႔လွီးတဲ့ဓါးနဲ႔ ထိုးသတ္ၿပီး ဓါတ္ဆီေလာင္း မီးရိႈ႕သတ္ခဲ့ၾကတာပါ။

Maria ရဲ႕အေလာင္းကို ေနာက္တစ္ေန႔မွာပဲ လမ္းကျဖတ္သြားတဲ့သူက ေတြ႔သြားၿပီး ရည္းစားျဖစ္သူနဲ႔ သူငယ္ခ်င္းတို႔ကို ရဲတပ္ဖြဲ႕က ခ်က္ခ်င္း ဖမ္းဆီးလိုက္တာျဖစ္ပါတယ္။

မႈခင္းဆရာဝန္ေတြ စစ္ေဆးခ်က္အရဆိုရင္ Maria ဟာ မီးရိႈ႕ခံရတဲ့ စကၠန္႔ ၃၀ ဝန္းက်င္ေလာက္အထိ အသက္ရွင္ေနေသးတယ္လို႔ သိရပါတယ္။

Toben နဲ႔ Mueller တို႔ဟာ အခ်င္းခ်င္းအျပစ္ပံုခ်ေနခဲ့ေပမဲ့ Toben ရဲ႕ လက္ေဗြရာေတြကို မီးေလာင္ထားတဲ့ အေလာင္းနားက ေပါင္မုန္႔လွီးတဲ့ဓါးေပၚမွာ ေတြ႕ခဲ့ရတာကို တရားရံုးက သက္ေသရခဲ့တာပါ။

တရားရံုးမွာ Toben က ကေလးအေဖ မျဖစ္ခ်င္ေသးတာေၾကာင့္ သတ္ပစ္ခဲ့တာလို႔ ေျဖာင့္ခ်က္ေပးခဲ့ၿပီးေနာက္ သူနဲ႔ Mueller တို႔ဟာ တိတ္ဆိတ္ၿငိမ္သက္ေနခဲ့ၾကပါတယ္။

ဒီလိုစီရင္ခ်က္ခ်လိုက္တဲ့အေပၚမွာ Miss Peiner ရဲ႕မိသားစုကေတာ့ စိတ္သက္သာရာ နည္းနည္းေတာ့ ရပါတယ္လို႔ ဆိုပါတယ္။

ဘာသာျပန္။   ။ နန္းေမာက္ကြမ္
Ref; minuto30, kapook
********************

ကိုယ်ဝန်ရှိနေတဲ့ ရည်းစားကို အရှင်လတ်လတ် မီးရှို့သတ်လိုက်တဲ့ အသက်(၂၀)နှစ်အရွယ် Eren Toben နဲ့ ကူညီပေးတဲ့ သူငယ်ချင်းဖြစ်သူ Daniel Muellerတို့ကို ထောင်ဒဏ် (၁၄) နှစ်စီ ပြစ်ဒဏ်ချမှတ်လိုက်ပါတယ်။

ဂျာမနီနိုင်ငံ ဘာလင်မြို့စွန်က တောအုပ်ထဲမှာ ပေါင်မုန့်လှီးတဲ့ဓားနဲ့ ထိုးသတ်ပြီး မသေခင်မှာ မီးရှို့ခံလိုက်ရတဲ့ အသက်(၁၉)နှစ်အရွယ် Maria Peiner ဟာ Eren Toben ရဲ့ကိုယ်ဝန်ကို လွယ်ထားတာဖြစ်ပါတယ်။

Maria Peiner ကို ကလေးအတွက် အဝတ်အစားတွေ သွားဝယ်မယ်လို့ Eren Tobenနဲ့ သူငယ်ချင်းဖြစ်သူ Daniel Mueller တို့က လိမ်ညာ ခေါ်ဆောင်သွားပြီး ဘာလင်မြို့ပြင်က လူပြတ်တဲ့ တောအုပ်ထဲ အရောက်မှာ Maria Peiner ရဲ့ ဦးခေါင်းကို တုတ်နဲ့ရိုက်၊ ပေါင်မုန့်လှီးတဲ့ဓားနဲ့ ထိုးသတ်ပြီး ဓာတ်ဆီလောင်း မီးရှို့သတ်ခဲ့ကြတာပါ။

Maria ရဲ့အလောင်းကို နောက်တစ်နေ့မှာပဲ လမ်းကဖြတ်သွားတဲ့သူက တွေ့သွားပြီး ရည်းစားဖြစ်သူနဲ့ သူငယ်ချင်းတို့ကို ရဲတပ်ဖွဲ့က ချက်ချင်း ဖမ်းဆီးလိုက်တာဖြစ်ပါတယ်။

မှုခင်းဆရာဝန်တွေ စစ်ဆေးချက်အရဆိုရင် Maria ဟာ မီးရှို့ခံရတဲ့ စက္ကန့် ၃၀ ဝန်းကျင်လောက်အထိ အသက်ရှင်နေသေးတယ်လို့ သိရပါတယ်။

Toben နဲ့ Mueller တို့ဟာ အချင်းချင်းအပြစ်ပုံချနေခဲ့ပေမဲ့ Toben ရဲ့ လက်ဗွေရာတွေကို မီးလောင်ထားတဲ့ အလောင်းနားက ပေါင်မုန့်လှီးတဲ့ဓားပေါ်မှာ တွေ့ခဲ့ရတာကို တရားရုံးက သက်သေရခဲ့တာပါ။

တရားရုံးမှာ Toben က ကလေးအဖေ မဖြစ်ချင်သေးတာကြောင့် သတ်ပစ်ခဲ့တာလို့ ဖြောင့်ချက်ပေးခဲ့ပြီးနောက် သူနဲ့ Mueller တို့ဟာ တိတ်ဆိတ်ငြိမ်သက်နေခဲ့ကြပါတယ်။

ဒီလိုစီရင်ချက်ချလိုက်တဲ့အပေါ်မှာ Miss Peiner ရဲ့မိသားစုကတော့ စိတ်သက်သာရာ နည်းနည်းတော့ ရပါတယ်လို့ ဆိုပါတယ်။

ဘာသာပြန်။ နန်းမောက်ကွမ်
Ref; minuto30, kapook

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~