အရက္ဖိုးေတာင္းသည့္ ခင္ပြန္းအား ဇနီးမွ ဓားျဖင့္ထိုး၍ ေတာင္ႀကီး၌ လူသတ္မႈျဖစ္ပြား

အရက္ဖိုးေတာင္းသည့္ ခင္ပြန္းအား ဇနီးမွ ဓားျဖင့္ထိုး၍ ေတာင္ႀကီး၌ လူသတ္မႈျဖစ္ပြား
ဖေဖော်ဝါရီ 14, 2016
By Tachileik News Agency

ရွမ္းျပည္နယ္ေတာင္ပိုင္း ေတာင္ႀကီးၿမဳိ႕ စိန္ပန္းရပ္ကြက္တြင္ အရက္ဖိုးေတာင္းသည့္ ခင္ပြန္းျဖစ္သူအား ဇနီးကဓားျဖင့္ထိုးလိုက္သျဖင့္ ဒဏ္ရာရရိွသြားသူမွာ ေဆးရံုတြင္ ေသဆံုးသြားျခင္းေၾကာင့္ ဇနီးျဖစ္သူအား လူသတ္မႈျဖင့္ ပုဒ္မေျပာင္းလဲ အမႈဖြင့္ထားေၾကာင္း သိရသည္။

ေတာင္ႀကီးၿမိဳ႕ နယ္ေျမ(၁) ေအာင္သေျပလမ္းရွိ ေနအိမ္တစ္အိမ္တြင္ ေဖေဖာ္ဝါရီလ (၁၃)ရက္ နံနက္ (၁၀)နာရီအခ်ိန္ခန္႔တြင္ ဓားထိုးမႈျဖစ္ပြားေၾကာင္း သတင္းရရွိသျဖင့္ ရဲတပ္ၾကပ္ ခင္ေဇာ္ဦးႏွင့္ အဖြဲ႔သည္ အခင္း ျဖစ္ပြားရာေနရာသို႔ ေရာက္ရွိခဲ့ၿပီး ဒဏ္ရာရရွိသူ အသက္(၂၅)ႏွစ္ရွိ စန္းစိုးဝင္း(ခ)စန္းဝင္းအား စဝ္စံထြန္းေဆးရုံသို႔ အတြင္းလူနာအျဖစ္ပို႔ေဆာင္ခဲ့ရာ ေန႔လယ္(၁၂)နာရီအခ်ိန္ခန္႔က ရရွိထားေသာ ဝမ္းဗိုက္အလယ္တည့္တည့္တြင္ ဓားျဖင့္ထိုးသြင္းထားေသာ ဒဏ္ရာ ျဖင့္ေသဆံုးသြားသည္ဟု မႈခင္းမွတ္တမ္းတြင္ ေဖာ္ျပထားသည္။

အခင္းျဖစ္ပြားပုံမွာ အသက္(၂၀)အရြယ္အဆိုပါ အမ်ိဳးသမီးသည္ ေနအိမ္၌ သရက္သီးလွီး ေနခ်ိန္ ခင္ပြန္းျဖစ္သူ ကိုစန္းစိုးဝင္း(ခ)စိုးဝင္းမွာ အရက္အလြန္အကၽြံ႕မူးလွ်က္ေရာက္လာကာ အရက္ဖိုးေတာင္းရာမွ စကားမ်ားရန္ျဖစ္ၿပီး လက္ထဲရွိ ဓားျဖင့္ထိုးမိျခင္းျဖစ္ေၾကာင္း ရဲစခန္းမွတ္တမ္းမ်ားအရ သိရသည္။

ျဖစ္စဥ္ႏွင့္ပတ္သက္၍ ခင္ပြန္းျဖစ္သူအား ဓားျဖင့္ထိုးမိသည္ဟုဆိုေသာ အဆိုပါ အမ်ိဳးသမီးျဖစ္သူ မစုလွိဳင္ႏွင္းအား ေတာင္ႀကီးၿမိဳ႕မရဲစခန္းတြင္ (ပ) ၃၄/၂၀၁၆ ျဖင့္ ျပစ္မႈ ဥပေဒ ပုဒ္မ (၃၂၆) အျပင္းအထန္နာက်င္ေစမႈျဖင့္ အမႈဖြင့္လွစ္ထားရာမွ ခင္ပြန္းသည္ျဖစ္သူ ကိုစန္းစိုး၀င္း(ခ)စိုး၀င္းမွာ ေသဆံုးသြားခဲ့သျဖင့္ ျပစ္မႈ ပုဒ္မ (၃၀၂) လူသတ္မႈသို႔ ေျပာင္းလဲ အမႈဖြင့္လွစ္လိုက္ၿပီး ဆက္လက္ေဆာင္ရြက္ေနေၾကာင္း သိရသည္။

သတင္း။   ။ မင္းမင္း(ေတာင္ႀကီး)

***************************
( unicode )

ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့ စိန်ပန်းရပ်ကွက်တွင် အရက်ဖိုးတောင်းသည့် ခင်ပွန်းဖြစ်သူအား ဇနီးကဓားဖြင့်ထိုးလိုက်သဖြင့် ဒဏ်ရာရရှိသွားသူမှာ ဆေးရုံတွင် သေဆုံးသွားခြင်းကြောင့် ဇနီးဖြစ်သူအား လူသတ်မှုဖြင့် ပုဒ်မပြောင်းလဲ အမှုဖွင့်ထားကြောင်း သိရသည်။

တောင်ကြီးမြို့ နယ်မြေ(၁) အောင်သပြေလမ်းရှိ နေအိမ်တစ်အိမ်တွင် ဖေဖော်ဝါရီလ (၁၃)ရက် နံနက် (၁၀)နာရီအချိန်ခန့်တွင် ဓားထိုးမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ရဲတပ်ကြပ် ခင်ဇော်ဦးနှင့် အဖွဲ့သည် အခင်း ဖြစ်ပွားရာနေရာသို့ ရောက်ရှိခဲ့ပြီး ဒဏ်ရာရရှိသူ အသက်(၂၅)နှစ်ရှိ စန်းစိုးဝင်း(ခ)စန်းဝင်းအား စဝ်စံထွန်းဆေးရုံသို့ အတွင်းလူနာအဖြစ်ပို့ဆောင်ခဲ့ရာ နေ့လယ်(၁၂)နာရီအချိန်ခန့်က ရရှိထားသော ဝမ်းဗိုက်အလယ်တည့်တည့်တွင် ဓားဖြင့်ထိုးသွင်းထားသော ဒဏ်ရာ ဖြင့်သေဆုံးသွားသည်ဟု မှုခင်းမှတ်တမ်းတွင် ဖော်ပြထားသည်။

အခင်းဖြစ်ပွားပုံမှာ အသက်(၂၀)အရွယ်အဆိုပါ အမျိုးသမီးသည် နေအိမ်၌ သရက်သီးလှီး နေချိန် ခင်ပွန်းဖြစ်သူ ကိုစန်းစိုးဝင်း(ခ)စိုးဝင်းမှာ အရက်အလွန်အကျွံ့မူးလျှက်ရောက်လာကာ အရက်ဖိုးတောင်းရာမှ စကားများရန်ဖြစ်ပြီး လက်ထဲရှိ ဓားဖြင့်ထိုးမိခြင်းဖြစ်ကြောင်း ရဲစခန်းမှတ်တမ်းများအရ သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ခင်ပွန်းဖြစ်သူအား ဓားဖြင့်ထိုးမိသည်ဟုဆိုသော အဆိုပါ အမျိုးသမီးဖြစ်သူ မစုလှိုင်နှင်းအား တောင်ကြီးမြို့မရဲစခန်းတွင် (ပ) ၃၄/၂၀၁၆ ဖြင့် ပြစ်မှု ဥပဒေ ပုဒ်မ (၃၂၆) အပြင်းအထန်နာကျင်စေမှုဖြင့် အမှုဖွင့်လှစ်ထားရာမှ ခင်ပွန်းသည်ဖြစ်သူ ကိုစန်းစိုးဝင်း(ခ)စိုးဝင်းမှာ သေဆုံးသွားခဲ့သဖြင့် ပြစ်မှု ပုဒ်မ (၃၀၂) လူသတ်မှုသို့ ပြောင်းလဲ အမှုဖွင့်လှစ်လိုက်ပြီး ဆက်လက်ဆောင်ရွက်နေကြောင်း သိရသည်။

သတင်း။ မင်းမင်း(တောင်ကြီး)

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~