အရက္ပုလင္းမ်ားကို အတြင္းခံေဘာင္းဘီမွာ တိပ္နဲ႔ကပ္ၿပီး ႏိုင္ငံတြင္း ခိုးသြင္းသူ ဖမ္းခံရ

အရက္ပုလင္းမ်ားကို အတြင္းခံေဘာင္းဘီမွာ တိပ္နဲ႔ကပ္ၿပီး ႏိုင္ငံတြင္း ခိုးသြင္းသူ ဖမ္းခံရ
ဖေဖော်ဝါရီ 1, 2016
By Tachileik News Agency

ေဆာ္ဒီႏိုင္ငံသား တစ္ေယာက္ဟာ အတြင္းခံမွာ အရက္ပုလင္း (၁၄)လံုးကိုပတ္ၿပီး ႏိုင္ငံအတြင္း ခုိးသယ္လာတာကို ဖမ္းဆီးလိုက္တယ္လို႔ ေဆာ္ဒီပရက္စ္ေအဂ်င္စီက ေဖၚျပလိုက္ပါတယ္။

ဘာရိန္းႏုိင္ငံက ျပန္လာတဲ့ ေဆာ္ဒီႏုိင္ငံသားတစ္ဦးကို အေကာက္ခြန္က စစ္ေဆးေနခ်ိန္မွာ ဖမ္းဆီီးရမိလိုက္တာလို႔ အေကာက္ခြန္အရာရိွက ဆိုပါတယ္။

အေကာက္ခြန္က စစ္ေဆးသူေတြဟာ သံသယရိွတာေၾကာင့္ ရွာေဖြလိုက္တဲ့အခါ ရိုးရာဝတ္စံုရွည္အျဖဴ ရဲ႕ေအာက္မွာ ေျခေထာက္ကို တိပ္ေတြနဲ႔ကပ္ၿပီး သယ္လာတဲ့ အရက္ပုလင္းေတြကို ေတြ႕လိုက္ရတာပါ။

အလားတူျဖစ္ရပ္မ်ိဳးဟာ စက္တင္ဘာလအတြင္းကလည္း ေတြ႕ခဲ့ရၿပီး အဲဒီေဆာ္ဒီႏုိင္ငံသားကေတာ့ ဝတ္စံုရွည္ရဲ႕ေအာက္က အထူးခ်ဳပ္လုပ္ထားတဲ့ အတြင္းခံေဘာင္းဘီမွာ အရက္ပုလင္းေတြကို ကပ္ခ်ည္ထားတာ ျဖစ္ပါတယ္။

အေကာက္ခြန္ အရာရိွေတြက ဘာရိန္းက ျပန္လာတဲ့ ဒီေဆာ္ဒီႏုိင္ငံသားက လမ္းေလွ်ာက္ပံုက ပံုမွန္ မဟုတ္တာေၾကာင့္ သံသယျဖစ္မိသြားတာလို႔ ဆိုပါတယ္။

ေဆာ္ဒီအာေရးဘီးယားႏုိင္ငံမွာ အရက္ဟာ တားျမစ္ပစၥည္းျဖစ္ၿပီး ဥပေဒအား ခ်ိဳးေဖါက္ပါက အေရးယူခံရမွာ ျဖစ္ပါတယ္။

လြန္ခဲ့တဲ့ တစ္ပတ္ကလည္း ေဆာ္ဒီအေကာက္ခြန္အဖြဲ႕ဟာ ဘာရိန္းႏိုင္ငံကေန အရက္ပုလင္းေပါင္း (၄၁၅)လံုးကို စက္ပစၥည္း အစိတ္အပိုင္းေတြနဲ႕ ဖံုးအုပ္ၿပီး သယ္လာတဲ့ သေဘၤာႏွစ္စင္းအျပင္ ကုန္တင္ကားတစ္စီးရဲ႕ ေလာင္စာဆီကန္ထဲမွာ သိုဝွက္ၿပီး သယ္လာတဲ့ အရက္ပုလင္းေပါင္း (၈၃၁) လံုးကိုလည္း ဖမ္းဆီးရမိလိုက္ပါတယ္။

ေအာက္တိုဘာလတုန္းကေတာ့ ၿဗိတိန္ႏုိင္ငံသားတစ္ေယာက္ကို အိမ္တြင္းျဖစ္ဝိုင္နဲ႔ ဖမ္းဆီးရမိတာေၾကာင့္ လူျမင္ကြင္းမွာ ၾကာပြတ္နဲ႔ရိုက္တဲ့ ျပစ္ဒဏ္ေပးခဲ့တာပါ။

ဘာသာျပန္။  ။ နန္းေမာက္ကြမ္
Ref; dmaily
------------------------

( unicode )

ဆော်ဒီနိုင်ငံသား တစ်ယောက်ဟာ အတွင်းခံမှာ အရက်ပုလင်း (၁၄)လုံးကိုပတ်ပြီး နိုင်ငံအတွင်း ခိုးသယ်လာတာကို ဖမ်းဆီးလိုက်တယ်လို့ ဆော်ဒီပရက်စ်အေဂျင်စီက ဖော်ပြလိုက်ပါတယ်။

ဘာရိန်းနိုင်ငံက ပြန်လာတဲ့ ဆော်ဒီနိုင်ငံသားတစ်ဦကို အကောက်ခွန်က စစ်ဆေးနေချိန်မှာ ဖမ်းဆီးရမိလိုက်တာလို့ အကောက်ခွန်အရာရှိက ဆိုပါတယ်။

အကောက်ခွန်က စစ်ဆေးသူတွေဟာ သံသယရှိတာကြောင့် ရှာဖွေလိုက်တဲ့အခါ ရိုးရာဝတ်စုံရှည်အဖြူ ရဲ့အောက်မှာ ခြေထောက်ကို တိတ်တွေနဲ့ကပ်ပြီး သယ်လာတဲ့ အရက်ပုလင်းတွေကို တွေ့လိုက်ရတာပါ။

အလားတူဖြစ်ရပ်မျိုးဟာ စက်တင်ဘာလအတွင်းကလည်း တွေ့ခဲ့ရပြီး အဲဒီဆော်ဒီနိုင်ငံသားကတော့ ဝတ်စုံရှည်ရဲ့အောက်က အထူးချုပ်လုပ်ထားတဲ့ အတွင်းခံဘောင်းဘီမှာ အရက်ပုလင်းတွေကို ကပ်ချည်ထားတာ ဖြစ်ပါတယ်။

အကောက်ခွန် အရာရှိတွေက ဘာရိန်းက ပြန်လာတဲ့ ဒီဆော်ဒီနိုင်ငံသားက လမ်းလျှောက်ပုံက ပုံမှန် မဟုတ်တာကြောင့် သံသယဖြစ်မိသွားတာလို့ ဆိုပါတယ်။

ဆော်ဒီအာရေးဘီးယားနိုင်ငံမှာ အရက်ဟာ တားမြစ်ပစ္စည်းဖြစ်ပြီး ဥပဒေအား ချိုးဖောက်ပါက အရေးယူခံရမှာ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ တစ်ပတ်ကလည်း ဆော်ဒီအကောက်ခွန်အဖွဲ့ဟာ ဘာရိန်းနိုင်ငံကနေ အရက်ပုလင်းပေါင်း (၄၁၅)လုံးကို စက်ပစ္စည်း အစိတ်အပိုင်းတွေနဲ့ ဖုံးအုပ်ပြီး သယ်လာတဲ့ သင်္ဘောနှစ်စင်းအပြင် ကုန်တင်ကားတစ်စီးရဲ့ လောင်စာဆီကန်ထဲမှာ သိုဝှက်ပြီး သယ်လာတဲ့ အရက်ပုလင်းပေါင်း (၈၃၁) လုံးကိုလည်း ဖမ်းဆီးရမိလိုက်ပါတယ်။

အောက်တိုဘာလတုန်းကတော့ ဗြိတိန်နိုင်ငံသားတစ်ယောက်ကို အိမ်တွင်းဖြစ်ဝိုင်နဲ့ ဖမ်းဆီးရမိတာကြောင့် လူမြင်ကွင်းမှာ ကြာပွတ်နဲ့ရိုက်တဲ့ ပြစ်ဒဏ်ပေးခဲ့တာပါ။

ဘာသာပြန်။ နန်းမောက်ကွမ်
Ref; dmaily

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~