နမ့္ဆန္ၿမိဳ႕မီးေလာင္ကၽြမ္းခ်ိန္ ၇ နာရီေက်ာ္သည္ အထိ မၿငိႇမ္းသတ္ႏိုင္ေသး

နမ့္ဆန္ၿမိဳ႕မီးေလာင္ကၽြမ္းခ်ိန္ ၇ နာရီေက်ာ္သည္ အထိ မၿငိႇမ္းသတ္ႏိုင္ေသး
ဖေဖော်ဝါရီ 4, 2016
By Tachileik News Agency

ရွမ္းျပည္ေျမာက္ပိုင္း၊ နမ့္ဆန္ၿမိဳ႕တြင္ ေန႔လည္(၁)နာရီ (၂၀)မိနစ္က စတင္သည့္ မီးေလာင္ကၽြမ္းမႈအား ခရိုင္အတြင္းမွ မီးသတ္ကားမ်ားျဖင့္ ၿငိႇမ္းသတ္ေနေသာ္လည္း ည(၈)နာရီ (၃၀)မိနစ္အခ်ိန္ထိ ၿငိႇမ္းသတ္ႏိုင္ျခင္း မရိိွေသးေၾကာင္း နမ့္ဆန္ၿမိဳ႕နယ္ ရဲတပ္ဖြဲ႕မွဴးရံုးမွ သိရသည္။

"မီးက မဂၤလာရပ္ကြက္က စေလာင္တာ အိမ္ေျခ(၁၀၀)ေက်ာ္သြားၿပီနဲ႔တူတယ္။ ေက်ာက္မဲ၊ သီေပါၿမိဳ႕ေတြ ဘက္က မီးသတ္ကားေတြလာၿငိႇမ္းေနပါတယ္။ ခုထိေတာ့ မီးမၿငိႇမ္းေသးဘူး"ဟု နမ့္ဆန္ ၿမိဳ႕နယ္ ရဲတပ္ဖြဲ႕မွဴးရံုးမွ တာ၀န္က်ရဲတပ္ၾကပ္ႀကီးတစ္ဦးက ေျပာသည္။

"မီးက မဂၤလာရပ္ကြက္က စေလာင္တာ အိမ္ေျခ(၁၀၀)ေက်ာ္သြားၿပီနဲ႔တူတယ္။ ေက်ာက္မဲ၊ သီေပါၿမိဳ႕ေတြ ဘက္က မီးသတ္ကားေတြလာၿငိႇမ္းေနပါတယ္။ ခုထိေတာ့ မီးမၿငိႇမ္းေသးဘူး"ဟု နမ့္ဆန္ ၿမိဳ႕နယ္ ရဲတပ္ဖြဲ႕မွဴးရံုးမွ တာ၀န္က်ရဲတပ္ၾကပ္ႀကီးတစ္ဦးက ေျပာသည္။

နမ့္ဆန္ၿမိဳ႕တြင္ ၂၀၁၆ ခုႏွစ္ ေဖေဖာ္၀ါရီလ ၄ ရက္ေန႔ ေန႕လည္ ၁ နာရီ ၂၀ မိနစ္ကတည္းက မီးေလာင္ကၽြမ္းမႈစတင္ျဖစ္ပြားၿပီး ၿမိဳ႕နယ္ခ်င္းကပ္လွ်က္ သီေပါႏွင့္ ေက်ာက္မဲၿမိဳ႕နယ္မ်ားမွ မီးသတ္ကားမ်ားလည္း လာေရာက္ၿငိႇမ္းသတ္လွ်က္ရွိေၾကာင္း ၎ထံမွသိရသည္။

"ညေနက အရက္ဆိုင္မီးေလာင္ေတာ့ ပိုဆိုးသြားတာ။ ေကာင္းကင္တစ္ခုလံုး ေမွာင္မဲေနတာပဲ။ အရက္စည္ေတြ တ၀ုန္း၀ုန္းထေပါက္တာ။ အနားမကပ္ႏိုင္ဘူး။ ညပိုင္းေရာက္လာေတာ့ ေကာင္းေကာင္းမျမင္ေတာ့ဘူး။ မီးသတ္ကားေတြေတာ့ ေရာက္လာပါတယ္။ ၿငိႇမ္းလို႔မႏိုင္ေသးဘူး"ဟု နမ့္ဆန္ၿမိဳ႕ ေဒသခံတစ္ဦးမွေျပာသည္။

မီးအပူရွိန္ျမင့္မားၿပီး အပူဟပ္သျဖင့္ မီးသတ္ကားမ်ားမွာ ကိုက္(၅၀၀)အတြင္း မီးညႊန္႔အနား ကပ္ေရာက္ႏိုင္ျခင္းမရွိဘဲ မီးမွာ ေနအိမ္မ်ား တစ္လံုးၿပီးတစ္လံုး လ်င္ျမန္စြာ ကူးစက္ေလာင္ကၽြမ္းလွ်က္ ရွိေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။

ဓါတ္ပံု။ ။ Lway Htwe Htwe
****************

( unicode )

ရှမ်းပြည်မြောက်ပိုင်း၊ နမ့်ဆန်မြို့တွင် နေ့လည်(၁)နာရီ (၂၀)မိနစ်က စတင်သည့် မီးလောင်ကျွမ်းမှုအား ခရိုင်အတွင်းမှ မီးသတ်ကားများဖြင့် ငြှိမ်းသတ်နေသော်လည်း ည(၈)နာရီ (၃၀)မိနစ်အချိန်ထိ ငြိမ်းသတ်နိုင်ခြင်း မရှိသေးကြောင်း နမ့်ဆန်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

"မီးက မင်္ဂလာရပ်ကွက်က စလောင်တာ အိမ်ခြေ(၁၀၀)ကျော်သွားပြီနဲ့တူတယ်။ ကျောက်မဲ၊ သီပေါမြို့တွေ ဘက်က မီးသတ်ကားတွေလာငြိမ်းနေပါတယ်။ ခုထိတော့ မီးမငြှိမ်းသေးဘူး"ဟု နမ့်ဆန် မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ကျရဲတပ်ကြပ်ကြီးတစ်ဦးက ပြောသည်။

နမ့်ဆန်မြို့တွင် ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ ၄ ရက်နေ့ နေ့လည် ၁ နာရီ ၂၀ မိနစ်ကတည်းက မီးလောင်ကျွမ်းမှုစတင်ဖြစ်ပွားပြီး မြို့နယ်ချင်းကပ်လျှက် သီပေါနှင့် ကျောက်မဲမြို့နယ်များမှ မီးသတ်ကားများလည်း လာရောက်ငြှိမ်းသတ်လျှက်ရှိကြောင်း၎င်းထံမှသိရသည်။

"ညနေက အရက်ဆိုင်မီးလောင်တော့ ပိုဆိုးသွားတာ။ ကောင်းကင်တစ်ခုလုံး မှောင်မဲနေတာပဲ။ အရက်စည်တွေ တဝုန်းဝုန်းထပေါက်တာ။ အနားမကပ်နိုင်ဘူး။ ညပိုင်းရောက်လာတော့ ကောင်းကောင်းမမြင်တော့ဘူး။ မီးသတ်ကားတွေတော့ ရောက်လာပါတယ်။ ငြှိမ်းလို့မနိုင်သေးဘူး"ဟု နမ့်ဆန်မြို့ ဒေသခံတစ်ဦးမှပြောသည်။

မီးအပူရှိန်မြင့်မားပြီး အပူဟပ်သဖြင့် မီးသတ်ကားများမှာ ကိုက်(၅၀၀)အတွင်း မီးညွှန့်အနား ကပ်ရောက်နိုင်ခြင်းမရှိဘဲ မီးမှာ နေအိမ်များ တစ်လုံးပြီးတစ်လုံး လျင်မြန်စွာ ကူးစက်လောင်ကျွမ်းလျှက် ရှိကြောင်း ဒေသခံများထံမှ သိရသည်။

ဓာတ်ပုံ။ Lway Htwe Htwe

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~