ထိုင္းဘက္ ခ်စ္ၾကည္ေရး တံတားေပၚတြင္ ျမန္မာႏိုင္ငံသား တစ္ဦးထံမွ မူးယစ္ေဆး၀ါး ဖမ္းဆီးရရွိ

ထိုင္းဘက္ ခ်စ္ၾကည္ေရး တံတားေပၚတြင္ ျမန္မာႏိုင္ငံသား တစ္ဦးထံမွ မူးယစ္ေဆး၀ါး ဖမ္းဆီးရရွိ
ဖေဖော်ဝါရီ 6, 2016
By Tachileik News Agency

တာခ်ီလိတ္ၿမိဳ႕ ျမန္မာ - ထိုင္း ခ်စ္ၾကည္ေရး အမွတ္(၁)တံတားမွတဆင့္ ၀င္ေရာက္လာသူ ျမန္မာႏုိင္ငံသား တစ္ဦးထံမွ မူးယစ္ေဆး၀ါးမ်ားကို ထိုင္းအေကာက္ခြန္ရဲတပ္ဖြဲ႔က ရွာေဖြရရွိေၾကာင္း သတင္းရရွိသည္။

မူးယစ္ေဆး၀ါးမ်ားကို ရွာေဖြရရွိမႈႏွင့္ ပတ္သက္၍ တာခ်ီလိတ္ဘက္မွ ၀င္ေရာက္လာသူ အသက္(၂၆)ႏွစ္ရွိ ျမန္မာႏိုင္ငံသား လိုက္ဗဟာဒူး၏ ခရီးေဆာင္အိတ္အား စစ္ေဆးရာမွ တိပ္အမဲျဖင့္ ပတ္ထားၿပီး စာရြက္ျဖဴျဖင့္ ထုပ္ပိုးထားသည့္ အိုက္စ္(ေရခဲ)အျဖဴေရာင္ ပံုေဆာင္ခဲ(၁)ကီလိုဂရမ္ခန္႔ကို ရွာေဖြရရွိတာ ျဖစ္ေၾကာင္း သိရသည္။

"ေလာေလာဆယ္ တံတား(၁)မွာ မိၿပီးေတာ့၊ တံတား(၂)က အေကာက္ခြန္ရံုးကို ေခၚသြားတယ္၊ အဲ့ဒီမွာ စစ္ေဆးၿပီးေတာ့မွ ရဲလက္အပ္မယ္လို႔ သိရပါတယ္"ဟု ျမန္မာဘက္ နယ္ျခားေကာ္မတီမွ ကိုသန္းထြန္းေအာင္က ေျပာသည္။

ေဖေဖာ္၀ါရီလ (၆)ရက္ ညေန(၅)နာရီ(၅)မိနစ္အခ်ိန္က ျမန္မာ - ထိုင္း ခ်စ္ၾကည္ေရး အမွတ္(၁) တံတားမွ တဆင့္ ထိုင္းႏိုင္ငံ မယ္ဆိုင္သို႔ အသြားတြင္ ထိုင္းဘက္ တံတားေပၚ၌ ထိုင္းအေကာက္ခြန္ရဲတပ္ဖြဲ႔မွ စစ္ေဆးရွာေဖြရာ အဆိုပါ မူးယစ္ေဆး၀ါးမ်ားကို ရွာေဖြရရွိတာ ျဖစ္ေၾကာင္း သိရသည္။

*****************
( unicode )
တာချီလိတ်မြို့ မြန်မာ - ထိုင်း ချစ်ကြည်ရေး အမှတ်(၁)တံတားမှတဆင့် ဝင်ရောက်လာသူ မြန်မာနိုင်ငံသား တစ်ဦးထံမှ မူးယစ်ဆေးဝါးများကို ထိုင်းအကောက်ခွန်ရဲတပ်ဖွဲ့က ရှာဖွေရရှိကြောင်း သတင်းရရှိသည်။
မူးယစ်ဆေးဝါးများကို ရှာဖွေရရှိမှုနှင့် ပတ်သက်၍ တာချီလိတ်ဘက်မှ ဝင်ရောက်လာသူ အသက်(၂၆)နှစ်ရှိ မြန်မာနိုင်ငံသား လိုက်ဗဟာဒူး၏ ခရီးဆောင်အိတ်အား စစ်ဆေးရာမှ တိပ်အမဲဖြင့် ပတ်ထားပြီး စာရွက်ဖြူဖြင့် ထုပ်ပိုးထားသည့် အိုက်စ်(ရေခဲ)အဖြူရောင် ပုံဆောင်ခဲ(၁)ကီလိုဂရမ်ခန့်ကို ရှာဖွေရရှိတာ ဖြစ်ကြောင်း သိရသည်။
"လောလောဆယ် တံတား(၁)မှာ မိပြီးတော့၊ တံတား(၂)က အကောက်ခွန်ရုံးကို ခေါ်သွားတယ်၊ အဲ့ဒီမှာ စစ်ဆေးပြီးတော့မှ ရဲလက်အပ်မယ်လို့ သိရပါတယ်"ဟု မြန်မာဘက် နယ်ခြားကော်မတီမှ ကိုသန်းထွန်းအောင်က ပြောသည်။
ဖေဖော်ဝါရီလ (၆)ရက် ညနေ(၅)နာရီ(၅)မိနစ်အချိန်က မြန်မာ - ထိုင်း ချစ်ကြည်ရေး အမှတ်(၁) တံတားမှ တဆင့် ထိုင်းနိုင်ငံ မယ်ဆိုင်သို့ အသွားတွင် ထိုင်းဘက် တံတားပေါ်၌ ထိုင်းအကောက်ခွန်ရဲတပ်ဖွဲ့မှ စစ်ဆေးရှာဖွေရာ အဆိုပါ မူးယစ်ဆေးဝါးများကို ရှာဖွေရရှိတာ ဖြစ်ကြောင်း သိရသည်။
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  


~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~