ကျိုင်းတုံ နည်းပညာတက္ကသိုလ်၏ (၁၂)ကြိမ်မြောက် ဘွဲ့နှင်းသဘင်၌ (၇၈)ဦး ဘွဲ့အပ်နှင်းခံရ

ကျိုင်းတုံ နည်းပညာတက္ကသိုလ်၏ (၁၂)ကြိမ်မြောက် ဘွဲ့နှင်းသဘင်၌ (၇၈)ဦး ဘွဲ့အပ်နှင်းခံရ
ဖေဖော်ဝါရီ 7, 2016
By Tachileik News Agency


"ကိုယ်ကျင့်တရား မြင့်မားမှုမရှိလျှင် မိမိနှင့်တကွ ပတ်ဝန်းကျင် တစ်ခုလုံးကိုပါ ထိခိုက်စေနိုင်တဲ့အတွက် မောင်မယ်တို့ဟာ ကိုယ်ကျင့်တရားပြည့်ဝသော၊ စွမ်းရည်ထက်မြက်သော အင်ဂျင်နီယာပညာရှင်၊ အင်ဂျင်နီယာ နည်းပညာရှင်တွေဖြစ်ဖို့ ဆက်လက်ထိန်းသိမ်း ကြိုးစားသွားကြပါ"ဟု ကျောင်းအုပ်ဆရာကြီး ဒေါက်တာကျော်သာထွန်းက ဘွဲ့နှင်းသဘင်မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။


ယင်းအပြင် အင်ဂျင်နီယာနည်းပညာဘွဲ့ (အီလက်ထရောနစ်အင်ဂျင်နီယာ)  (၁၂)ဦိး၊ အင်ဂျင်နီယာနည်းပညာဘွဲ့ (လျှပ်စစ်စွမ်းအားအင်ဂျင်နီယာ)  (၁၂)ဦး၊ အင်ဂျင်နီယာနည်းပညာဘွဲ့ (စက်မှူအင်ဂျင်နီယာ) (၁၁)ဦး နှင့် အင်ဂျင်နီယာဘွဲ့(မြို့ပြအင်ဂျင်နီယာ)ကို အဝေးရောက်ဘွဲ့ယူသူအဖြစ် (၃)ဦးတို့ကို ဘွဲ့အသီးသီးအပ်နှင်းလိုက်ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ ။  ။ ဇွဲမြတ်
***********************

( unicode )

ကျိုင်းတုံနည်းပညာတက္ကသိုလ်၏ ဒွာဒဿမအကြိမ်မြောက် ဘွဲ့နှင်းသဘင် အခမ်းအနားကို ဖေဖော်ဝါရီလ (၇)ရက် နံနက် (၉)နာရီတွင် ကျင်းပပြီး ကျောင်းသား၊ ကျောင်းသူ (၇၈)ဦးအား ဘွဲ့အပ်နှင်းလိုက်ကြောင်း သိရသည်။

"ကိုယ်ကျင့်တရား မြင့်မားမှုမရှိလျှင် မိမိနှင့်တကွ ပတ်ဝန်းကျင် တစ်ခုလုံးကိုပါ ထိခိုက်စေနိုင်တဲ့အတွက် မောင်မယ်တို့ဟာ ကိုယ်ကျင့်တရားပြည့်ဝသော၊ စွမ်းရည်ထက်မြက်သော အင်ဂျင်နီယာပညာရှင်၊ အင်ဂျင်နီယာ နည်းပညာရှင်တွဖြေစ်ဖို့ ဆက်လက်ထိန်းသိမ်း ကြိုးစားသွားကြပါ"ဟု ကျောင်းအုပ်ဆရာကြီး ဒေါက်တာကျော်သာထွန်းက ဘွဲ့နှင်းသဘင်မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

အဆိုပါ ဘွဲ့နှင်းသဘင်တွင် အင်ဂျင်နီယာဘွဲ့(မြို့ပြအင်ဂျင်နီယာ) (၁၀)ဦး၊ အင်ဂျင်နီယာဘွဲ့ (အီလက်ထရောနစ်အင်ဂျင်နီယာ) (၇)ဦး၊ အင်ဂျင်နီယာဘွဲ့ (လျှပ်စစ်စွမ်းအားအင်ဂျင်နီယာ) (၆)ဦး၊ အင်ဂျင်နီယာဘွဲ့ (စက်မှုအင်ဂျင်နီယာ)(၁)ဦးနှင့် အင်ဂျင်နီယာနည်းပညာဘွဲ့ (မြို့ပြအင်ဂျင်နီယာ) (၁၆)ဦး ပါဝင်သည်။

ယင်းအပြင် အင်ဂျင်နီယာနည်းပညာဘွဲ့ (အီလက်ထရောနစ်အင်ဂျင်နီယာ) (၁၂)ဦိး၊ အင်ဂျင်နီယာနည်းပညာဘွဲ့ (လျှပ်စစ်စွမ်းအားအင်ဂျင်နီယာ) (၁၂)ဦး၊ အင်ဂျင်နီယာနည်းပညာဘွဲ့ (စက်မှူအင်ဂျင်နီယာ) (၁၁)ဦး နှင့် အင်ဂျင်နီယာဘွဲ့(မြို့ပြအင်ဂျင်နီယာ)ကို အေဝးရောက်ဘွဲ့ယူသူအဖြစ် (၃)ဦးတို့ကို ဘွဲ့အသီးသီးအပ်နှင်းလိုက်ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ။ ဇွဲမြတ်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~