တာချီလိတ်မြို့တွင် အတူနေထိုင်သည့် တရုတ်နိုင်ငံသားအချင်းချင်း ဓါးပြတိုက်ထွက်ပြေးသူအား ဖမ်းဆီးရမိ

တာချီလိတ်မြို့တွင် အတူနေထိုင်သည့် တရုတ်နိုင်ငံသားအချင်းချင်း ဓါးပြတိုက်ထွက်ပြေးသူအား ဖမ်းဆီးရမိ
ဖေဖော်ဝါရီ 8, 2016
By Tachileik News Agency




အဆိုပါအမှုနှင့်ပတ်သက်၍  တာချီလိတ်မြို့ရဲစခန်းမှ စခန်းမှူး ဒုရဲမှူးကျော်သန်းက အမှုစစ်အဖြစ် ဆောင်ရွက်ပြီး တရုတ်နိုင်ငံသား Mr- He Honbo အား တာချီလိတ်မြို့မ ရဲစခန်းတွင် (ပ)၃၃/၂၀၁၆၊ ပြစ်မှုပုဒ်မ ၃၈၂ ဖြင့် အမှုဖွင့်လှစ်ဆောင်ရွက်ထားကြောင်း သိရသည်။
*****************

( unicode )

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့တွင် အတူနေထိုင်သည့် တရုတ်နိုင်ငံသား အချင်းချင်း ဓားပြတိုက်ပြီး ထွက်ပြေးသူအား လမ်းပေါ်တွင် ဖမ်းဆီးနိုင်လိုက်ကြောင်း တာချီလိတ်ယာဉ်ထိန်းရဲတပ်ဖွဲ့မှ သိရသည်။

တာချီလိတ်မြို့ဝိန်းကျောက်ရပ်ကွက်၊ တော်ကော့(အတွင်း)နေ တရုတ်နိုင်ငံသား Mr-he Xueiun ထံမှ ထိုင်းဘတ်ငွေ (၁၉၈,၉၀၀)ဘတ်အား အတူနေထိုင်သူ Mr-He hongbo မှ ဇန်နဝါရီလ(၇)ရက်နေ့က ဓားပြတိုက်သွားခြင်းဖြစ်ပြီး ထွက်ပြေးချိန်တွင် ဖမ်းမိလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

"အခုကိစ္စမှာ အိမ်နီးနားချင်းတွေက နီးစပ်ရာဖြစ်တဲ့ ကျွန်တော်တို့ဆီ ချက်ချင်းဖုန်းဆက် အကူအညီတောင်းလာတာ။ အဲဒါကြောင့် ကျွန်တော်တို့လည်း လမ်းမှာ ပိတ်ပြီးဖမ်းလိုက်နိုင်တာ၊ အခုလို ဖမ်းလိုက်နိုင်တာဟာလည်း၊ ဖြစ်ဖြစ်ချင်းမှာ ချက်ချင်း ဖုန်းဆက် အကြောင်းကြားပေးခြင်းကြောင့် အမြန်ဆုံး ဖမ်းဆီးရ မိတာဖြစ်ပါတယ်။ အဲ့လိုပဲ ပြည်သူများလည်း အရေးကြုံလာရင် ချက်ချင်း အကြောင်းကြားပေးဖို့ လိုပါတယ်"ဟု တာချီလိတ်ယာဉ်ထိန်းရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါအမှုနှင့်ပတ်သက်၍ တာချီလိတ်မြို့ရဲစခန်းမှ စခန်းမှူး ဒုရဲမှူးကျော်သန်းက အမှုစစ်အဖြစ် ဆောင်ရွက်ပြီး တရုတ်နိုင်ငံသား Mr- He Honbo အား တာချီလိတ်မြို့မ ရဲစခန်းတြင္ (ပ)၃၃/၂၀၁၆၊ ပြစ်မှုပုဒ်မ ၃၈၂ ဖြင့် အမှုဖွင့်လှစ်ဆောင်ရွက်ထားကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  

~~~~~~~~ကြော်ငြာ ~~~~~~~