တာခ်ီလိတ္ NLD ဦးေဆာင္သည့္ စတုတၳအႀကိမ္ေျမာက္ အမိႈက္ေကာက္ လႈပ္ရွားမႈတြင္ စည္ပင္ႏွင့္ ေဒသခံမ်ား ပူးေပါင္းလုပ္ေဆာင္

တာခ်ီလိတ္ NLD ဦးေဆာင္သည့္ စတုတၳအႀကိမ္ေျမာက္ အမိႈက္ေကာက္ လႈပ္ရွားမႈတြင္ စည္ပင္ႏွင့္ ေဒသခံမ်ား ပူးေပါင္းလုပ္ေဆာင္
ဇန်နဝါရီ 9, 2016
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္း တာခ်ီလိတ္ၿမိဳ႕တြင္ NLD ဦးေဆာင္သည့္ စတုထၳအႀကိမ္ေျမာက္ အမႈိက္ေကာက္ လႈပ္ရွားမႈကို တာခ်ီလိတ္ၿမိဳ႕မွ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီ(NLD)အဖြဲ႕ဝင္မ်ား၊ ၀မ္ေကာင္းရပ္ကြက္ အုပ္ခ်ဳပ္ေရးမွဴးႏွင့္ အဖြဲ႔၀င္မ်ား၊ လူမႈေရးအသင္း အဖြဲ႔မ်ား၊ ၿမိဳ႕နယ္စည္ပင္သာယာေရးအဖြဲ႕ႏွင့္ ေဒသခံမ်ား ပူးေပါင္း၍ လုပ္ေဆာင္ၾကသည္။

ဇန္န၀ါရီလ ၉ ရက္ေန႔ နံနက္အေစာပိုင္းက တာခ်ီလိတ္ၿမိဳ႕မေစ်းႏွင့္ နမ့္ယြန္းေခ်ာင္းရွိ အမိႈက္မ်ားကို ရွင္းလင္းၾကျခင္းျဖစ္သည္။

"တာခ်ီလိတ္ NLD ရုံးအေနနဲ႔ လႊတ္ေတာ္ကိုယ္စားလွယ္ ေလးဦးရွိတာပါ။ က်န္တစ္ဦးက မိမိမဲဆႏၵနယ္ ျဖစ္တဲ့ က်ိဳင္းလပ္မွာ အမႈိက္ေကာက္ အစီအစဥ္အတြက္ သြားေနတာပါ။ က်ိဳင္းလပ္မွာလည္း အပတ္စဥ္ ေန႔တိုင္း ျပဳလုပ္သြားဖို႔ အစီအစဥ္ရွိပါတယ္၊ အခုဒီအပတ္ စေနေန႔မွာ လုပ္ျဖစ္တာဟာ ၀မ္ေကာင္းရပ္ကြက္ အုပ္ခ်ဳပ္ေရးမွဴး အဖြဲ႔လည္း ပါ၀င္လာၿပီး ၀မ္ေကာင္းမွာ တနဂၤေႏြေန႔ ဆြမ္းေလာင္းပြဲရွိတာမို႔ စေနေန႔ကို ေရြးၿပီး အခုလုိ လုပ္လိုက္တာပါ..."ဟု NLD ပါတီ၀င္ ေဒၚခင္သန္းမူက ေျပာသည္။

တာခ်ီလိတ္ၿမိဳ႕၌ ယခင္က ျပဳလုပ္သည့္ အမိႈက္ေကာက္လႈပ္ရွားမႈမ်ားတြင္ ေက်ာင္းသား ေက်ာင္းသူမ်ားႏွင့္ ဆရာ၊ဆရာမမ်ား ပါ၀င္ခဲ့ၾကေသာ္လည္း စာေမးပြဲနီးကပ္ေနသည့္အတြက္ ဇန္နဝါရီလ ၉ ရက္ လႈပ္ရွားမႈတြင္ ပါဝင္ႏိုင္ျခင္း မရိွေၾကာင္း သိရသည္။

"ကၽြန္ေတာ္တို႔ စည္ပင္အဖြဲ႔အေနနဲ႔ အပတ္စဥ္တိုင္း ပါ၀င္ကူညီေပးခဲ့ပါတယ္။ တခ်ိဳ႕ လက္နဲ႔လုပ္လို႔မရတဲ့ ေနရာမ်ိဳးမွာဆို စက္ယႏၱရားေတြနဲ႔ ကူညီဖို႔အသင့္ပါပဲ.."ဟု တာခ်ီလိတ္ၿမိဳ႕ စည္ပင္သာယာေရးဌာနမွ ဒုတိယညႊန္ၾကားေရးမွဴး ဦးေက်ာ္မိုးထြန္းက ေျပာသည္။

တာခ်ီလိတ္ၿမိဳ႕တြင္ ပထမဆံုးအႀကိမ္ လူထုအင္အားျဖင့္ အမိႈက္ရွင္းလင္းျခင္းအား ဒီဇင္ဘာလ ၁၃ ရက္ေန႔က စတင္လုပ္ေဆာင္ျခင္းျဖစ္ေသာ္လည္း ဇန္န၀ါရီလတြင္ အမိႈက္ေကာက္ အစီအစဥ္ကို အပတ္စဥ္စေနေန႔တိုင္း ေျပာင္းေရႊ႕လုပ္ေဆာင္ေနျခင္းျဖစ္ၿပီး အပတ္စဥ္ ဆက္လက္ ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။

သတင္း/ဓါတ္ပံု။  ။ ေဇာင္းညီ
*************

( unicode )

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့တွင် NLD ဦးဆောင်သည့် စတုထ္ထအကြိမ်မြောက် အမှိုက်ကောက် လှုပ်ရှားမှုကို တာချီလိတ်မြို့မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)အဖွဲ့ဝင်များ၊ ဝမ်ကောင်းရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ လူမှုရေးအသင်း အဖွဲ့များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ဒေသခံများ ပူးပေါင်း၍ လုပ်ဆောင်ကြသည်။

ဇန်နဝါရီလ ၉ ရက်နေ့ နံနက်အစောပိုင်းက တာချီလိတ်မြို့မဈေးနှင့် နမ့်ယွန်းချောင်းရှိ အမှိုက်များကို ရှင်းလင်းကြခြင်းဖြစ်သည်။

"တာချီလိတ် NLD ရုံးအနေနဲ့ လွှတ်တော်ကိုယ်စားလှယ် လေးဦးရှိတာပါ။ ကျန်တစ်ဦးက မိမိမဲဆန္ဒနယ် ဖြစ်တဲ့ ကျိုင်းလပ်မှာ အမှိုက်ကောက် အစီအစဉ်အတွက် သွားနေတာပါ။ ကျိုင်းလပ်မှာလည်း အပတ်စဉ် နေ့တိုင်း ပြုလုပ်သွားဖို့ အစီအစဉ်ရှိပါတယ်၊ အခုဒီအပတ် စနေနေ့မှာ လုပ်ဖြစ်တာဟာ ဝမ်ကောင်းရပ်ကွက် အုပ်ချုပ်ရေးမှူး အဖွဲ့လည်း ပါဝင်လာပြီး ဝမ်ကောင်းမှာ တနင်္ဂေနွနေ့ ဆွမ်းလောင်းပွဲရှိတာမို့ စနေနေ့ကို ရွေးပြီး အခုလို လုပ်လိုက်တာပါ..."ဟု NLD ပါတီဝင် ဒေါ်ခင်သန်းမူက ပြောသည်။

တာချီလိတ်မြို့၌ ယခင်က ပြုလုပ်သည့် အမှိုက်ကောက်လှုပ်ရှားမှုများတွင် ကျောင်းသား ကျောင်းသူများနှင့် ဆရာ၊ဆရာမများ ပါဝင်ခဲ့ကြသော်လည်း စာမေးပွဲနီးကပ်နေသည့်အတွက် ဇန်နဝါရီလ ၉ ရက် လှုပ်ရှားမှုတွင် ပါဝင်နိုင်ခြင်း မရှိကြောင်း သိရသည်။

"ကျွန်တော်တို့ စည်ပင်အဖွဲ့အနေနဲ့ အပတ်စဉ်တိုင်း ပါဝင်ကူညီပေးခဲ့ပါတယ်။ တချို့ လက်နဲ့လုပ်လို့မရတဲ့ နေရာမျိုးမှာဆို စက်ယန္တရားတွေနဲ့ ကူညီဖို့အသင့်ပါပဲ.."ဟု တာချီလိတ်မြို့ စည်ပင်သာယာရေးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်မိုးထွန်းက ပြောသည်။

တာချီလိတ်မြို့တွင် ပထမဆုံးအကြိမ် လူထုအင်အားဖြင့် အမှိုက်ရှင်းလင်းခြင်းအား ဒီဇင်ဘာလ ၁၃ ရက်နေ့က စတင်လုပ်ဆောင်ခြင်းဖြစ်သော်လည်း ဇန်နဝါရီလတွင် အမှိုက်ကောက် အစီအစဉ်ကို အပတ်စဉ်စနေနေ့တိုင်း ပြောင်းရွှေ့လုပ်ဆောင်နခြေင်းဖြစ်ပြီး အပတ်စဉ် ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  

~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~