အက်ဥ္းက်ခံ ေနရသည့္ သရုပ္ေဆာင္ရဲတိုက္ မလြတ္ေျမာက္ေသးဟု အင္းစိန္ဗဟို အက်ဥ္းေထာင္မွေျပာ

အက်ဥ္းက်ခံ ေနရသည့္ သရုပ္ေဆာင္ရဲတိုက္ မလြတ္ေျမာက္ေသးဟု အင္းစိန္ဗဟို အက်ဥ္းေထာင္မွေျပာ
ဇန်နဝါရီ 4, 2016
By Tachileik News Agency
( Photo: Facebook )

အက်ဥ္းက်ခံေနရသည့္ သရုပ္ေဆာင္ရဲတိုက္ (၆၈)ႏွစ္ေျမာက္ လြတ္လပ္ေရးေန႔တြင္ လြတ္ေျမာက္ လာသည္ဟု သတင္းမ်ား ထြက္ေပၚေနသည္မွာ မဟုတ္မွန္ေၾကာင္း အင္းစိန္ဗဟို အက်ဥ္းေထာင္မွ တာဝန္ရိွသူ တစ္ဦးက ဇန္နဝါရီ ၄ ရက္ေန႔ ညေန ၃ နာရီခြဲဝန္းက်င္တြင္ ေျပာၾကားလိုက္သည္။

အက်ဥ္းက်ခံေနသည့္ သရုပ္ေဆာင္ရဲတိုက္ လြတ္ေျမာက္ၿပီဟူေသာ အြန္လိုင္းစာမ်က္ႏွာမ်ားမွ သတင္းေၾကာင့္ ပရိသတ္မ်ားအတြက္ စိတ္လႈပ္ရွားခဲ့ေသာ္လည္း အဆိုပါ သတင္းသည္ မဟုတ္မမွန္ေသာ သတင္းျဖစ္ေၾကာင္း သိရသည္။

''ဒီသတင္းက မဟုတ္ပါဘူး။ ကၽြန္ေတာ္တို႔ေတာင္ မသိပါဘူး။ အြန္လိုင္းကေန တက္တယ္ဆိုေပမဲ့ ေကာလဟာလပါ..'ဟု အင္းစိန္ဗဟိုအက်ဥ္းေထာင္မွ တာဝန္ရွိ ၀န္ထမ္းတစ္ဦးက ေျပာသည္။

႐ုပ္ရွင္ႏွင့္ ဗီဒီယုိသ႐ုပ္ေဆာင္ ရဲတုိက္အား ပဲခူးတုိင္းေဒသႀကီး ေက်ာက္တံခါးၿမိဳ႕နယ္ တရား႐ုံးမွ ၂၀၁၄ ခုႏွစ္ ဧၿပီ ၇ ရက္က မူးယစ္ေဆး၀ါး လက္၀ယ္ထားရွိမႈျဖင့္ အလုပ္ၾကမ္းႏွင့္ ေထာင္ဒဏ္ေျခာက္ႏွစ္ ခ်မွတ္ခဲ့ထားရျခင္းျဖစ္သည္။

သ႐ုပ္ေဆာင္ရဲတုိက္အား ပဲခူးတုိင္းေဒသႀကီး ေက်ာက္တံခါးၿမိဳ႕ တြင္ ၂၀၁၃ ခုႏွစ္ ဇူလုိင္ ၄ ရက္ နံနက္ ၃ နာရီခန္႔တြင္ မူးယစ္ေဆးဝါးလက္ဝယ္ေတြ႕ရိွမႈျဖင့္ ဖမ္းဆီးရမိခဲ့ျခင္းျဖစ္ၿပီး ေက်ာက္တံခါးၿမိဳ႕မရဲစခန္း မွ (ပ)၄/၂၀၁၃ မူးယစ္ေဆး၀ါးသုံးစြဲရန္ လက္ ၀ယ္ထားရွိသူ မူးယစ္ပုဒ္မ ၁၅/၁၆(ဂ) ျဖင့္ အေရးယူ ခဲ့ျခင္းျဖစ္ကာ ၂၀၁၃ ခုႏွစ္ ဇူလုိင္မွ စတင္ကာ ၁၀လ နီးပါးၾကာျမင့္ေအာင္ စစ္ေဆးခဲ့ျခင္းျဖစ္သည္။

သတင္း။  ။ ဇီးကြက္စိန္

*******************

( unicode )

အကျဉ်းကျခံနေရသည့် သရုပ်ဆောင်ရဲတိုက် (၆၈)နှစ်မြောက် လွတ်လပ်ရေးနေ့တွင် လွတ်မြောက် လာသည်ဟု သတင်းများ ထွက်ပေါ်နေသည်မှာ မဟုတ်မှန်ကြောင်း အင်းစိန်ဗဟို အကျဉ်းထောင်မှ တာဝန်ရှိသူ တစ်ဦးက ဇန်နဝါရီ ၄ ရက်နေ့ ညနေ ၃ နာရီခွဲဝန်းကျင်တွင် ပြောကြားလိုက်သည်။

အကျဉ်းကျခံနေသည့် သရုပ်ဆောင်ရဲတိုက် လွတ်မြောက်ပြီဟူသော အွန်လိုင်းစာမျက်နှာများမှ သတင်းကြောင့် ပရိသတ်များအတွက် စိတ်လှုပ်ရှားခဲ့သော်လည်း အဆိုပါ သတင်းသည် မဟုတ်မမှန်သော သတင်းဖြစ်ကြောင်း သိရသည်။

''ဒီသတင်းက မဟုတ်ပါဘူး။ ကျွန်တော်တို့တောင် မသိပါဘူး။ အွန်လိုင်းကနေ တက်တယ်ဆိုပေမဲ့ ကောလဟာလပါ..'ဟု အင်းစိန်ဗဟိုအကျဉ်းထောင်မှ တာဝန်ရှိ ဝန်ထမ်းတစ်ဦးက ပြောသည်။

ရုပ်ရှင်နှင့် ဗီဒီယိုသရုပ်ဆောင် ရဲတိုက်အား ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် တရားရုံးမှ ၂၀၁၄ ခုနှစ် ဧပြီ ၇ ရက်က မူးယစ်ဆေးဝါး လက်ဝယ်ထားရှိမှုဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ်ခြောက်နှစ် ချမှတ်ခဲ့ထားရခြင်းဖြစ်သည်။

သရုပ်ဆောင်ရဲတိုက်အား ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့ တွင် ၂၀၁၃ ခုနှစ် ဇူလိုင် ၄ ရက် နံနက် ၃ နာရီခန့်တွင် မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိမှုဖြင့် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး ကျောက်တံခါးမြို့မရဲစခန်း မှ (ပ)၄/၂၀၁၃ မူးယစ်ဆေးဝါးသုံးစွဲရန် လက် ဝယ်ထားရှိသူ မူးယစ်ပုဒ်မ ၁၅/၁၆(ဂ) ဖြင့် အရေးယူ ခဲ့ခြင်းဖြစ်ကာ ၂၀၁၃ ခုနှစ် ဇူလိုင်မှ စတင်ကာ ၁၀လ နီးပါးကြာမြင့်အောင် စစ်ဆေးခဲ့ခြင်းဖြစ်သည်။

သတင်း။ ဇီးကွက်စိန်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~