ေမြးရာပါ အသားပို ဒုကၡေၾကာင့္ လူေတြေမာင္းထုတ္ခံရတဲ့ ဝိ

ေမြးရာပါ အသားပို ဒုကၡေၾကာင့္ လူေတြေမာင္းထုတ္ခံရတဲ့ ဝိ
ဇန်နဝါရီ 29, 2016
By Tachileik News Agency

ကေမၻာဒီးယားႏိုင္ငံ ဖႏြမ္ပင္ၿမိဳ႕က အသက္(၃၄)ႏွစ္အရြယ္ ဝိ ဆိုတဲ့ အိမ္ရာမဲ့တစ္ေယာက္ဟာ ေမြးကတည္းက ပါလာတဲ့ ဦးေခါင္းေပၚမွ အသားပိုေၾကာင့္ လူေတြက ေၾကာက္လန္႔တၾကား ေမာင္းထုတ္ခံရတဲ့ ဘဝကေန လတ္တေလာအြန္လိုင္းမွာ ေက်ာ္ၾကားသြားပါတယ္။

အသားပိုက အရိအရြဲေတြ က်လာၿပီး ညာဘက္မ်က္လံုးနဲ႔ ႏွာေခါင္းကို စားသြားတဲ့အတြက္ ရုပ္ပ်က္ ဆင္းပ်က္ျဖစ္ေနတဲ့ ဝိ ကို လူေတြက ေၾကာက္ရြံ႕ၿပီး အနားမကပ္ရဲၾကပါဘူး။ ဒါေၾကာင့္ ေနစရာအိမ္မရိွတဲ့ ဝိ မွာ အလုပ္အကိုင္လည္း မရွိျဖစ္ေနတာပါ။ သူသြားေလရာမွာ လူေတြက ဆူဆဲၿပီး ေဝးေဝး ေရွာင္ခိုင္းတယ္လို႔ သိရပါတယ္။

ဒုကၡေရာက္ေနတဲ့ ဝိ ကို နိုင္ငံျခားသား လင္မယားနွစ္ေယာက္က အမွတ္တမဲ့ ေတြ႕သြားရာကေန သူတို႔က ဝိ အေၾကာင္း အြန္လိုင္းမွာ တင္ျပလိုက္တာပါ။

ဝိ က အကူအညီ မေတာင္းေပမဲ့ ဒီႏိုင္ငံျခားသား လင္မယားနွစ္ေယာက္က ႀကိဳးစားၿပီး ကူညီေပးနိုင္ဖို႔ သူတို႔နဲ႕အတူ ေခၚသြားဖို႔ ႀကိဳးစားခဲ့ပါတယ္။ ဒါေပမဲ့ ဝိ ကို ေခၚသြားဖို႔ရာမွာ သူတို႔လည္း အခက္အခဲႀကံဳရပါတယ္။

သူနဲ႔အတူ လမ္းေလွ်ာက္လာရင္ ဝိ က သူ႔ကို ရြံရွာမွာစိုးတာေၾကာင့္ သူတို႔ႏွစ္ေယာက္နား ကပ္ၿပီး မေလွ်ာက္ရဲပါဘူး။ ဒါေပမဲ့လည္း လူေတြက သူ႔ကို ေအာ္ဟစ္ဆဲဆို ေမာင္းထုတ္ၾကပါတယ္။ သူတို႔ ေခၚလာမွန္းမသိေတာ့ တခ်ိဳ႕လူေတြက ဟိုတယ္ထဲကို ေပးမဝင္ၾကပါဘူး။

ဝိ မွာ မိသားစုလည္း မရိွတာေၾကာင့္ အင္မတန္လည္း ဒုကၡေရာက္ေနတာပါ။ သူျဖစ္ေနတဲ့အက်ိတ္က ၾကည့္ရင္ တအားေလးမယ္လို႔ ထင္ရေပမဲ့ သူကေတာ့ အဲဒီလို မခံစားရဘဲ ေခါင္းလည္းမနာဘူးလို႔ ဝိက ေျပာပါတယ္။

ႏိုင္ငံျခားသား လင္မယားနွစ္ေယာက္က သူ႔ကို ခြဲစိတ္ကုသခ်င္လားလို႔ေမးတဲ့ အခါမွာေတာ့ သူခ်က္ခ်င္းေျဖတာက သူခြဲစိတ္ၿပီးရင္ မိန္းကေလးေတြက ပိုၿပီးစိတ္ဝင္စားလာမယ္ထင္တယ္ လို႔ေျပာပါတယ္။

ႏိုင္ငံျခားသား လင္မယားႏွစ္ေယာက္က ဝိ ကိုကူညီနိုင္မယ့္ လူရွာဖို႔အတြက္ ဝိရဲ႕ပံုကိုရုိက္ၿပီး သူတို႔ရဲ႕ ကိုယ္ပိုင္ facebook မွာတင္လိုက္ၿပီးေတာ့ ခြဲစိတ္ကုသနိုင္ရန္ ေငြေထာက္ပံ့ေပးၾကဖို႔ လံႈ႕ေဆာ္ေပးပါတယ္။

ဒီေနာက္မွာေတာ့ စကၤာပူနိုင္ငံက ခြဲစိတ္ဆရာဝန္ရဲ႕မိတ္ေဆြ စီးပြားေရးသမားတစ္ေယာက္က ကူညီေပးမယ္လို႔ ဆက္သြယ္လာတယ္။ အခုကေတာ့ ဝိကို ခြဲစိတ္ကုသဖို႔ ေဆာင္ရြက္ေနၿပီး ခြဲစိတ္မႈၿပီးသြားရင္ေတာ့ ဝိ လည္း သာမန္ဘဝအတိုင္း ေနထိုင္ခြင့္ရသြားေတာ့မွာပါ။

ဘာသာျပန္။  ။ နန္းေမာက္ကြမ္
Ref;John Nettleton
***********

( unicode )

ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်ပင်မြို့က အသက်(၃၄)နှစ်အရွယ် ဝိ ဆိုတဲ့ အိမ်ရာမဲ့တစ်ယောက်ဟာ မွေးကတည်းက ပါလာတဲ့ ဦးခေါင်းပေါ်မှ အသားပိုကြောင့် လူတွေက ကြောက်လန့်တကြား မောင်းထုတ်ခံရတဲ့ ဘဝကနေ လတ်တလောအွန်လိုင်းမှာ ကျော်ကြားသွားပါတယ်။


အသားပိုက အရိအရွဲတွေ ကျလာပြီး ညာဘက်မျက်လုံးနဲ့ နှာခေါင်းကို စားသွားတဲ့အတွက် ရုပ်ပျက် ဆင်းပျက်ဖြစ်နေတဲ့ ဝိ ကို လူတွေက ကြောက်ရွံ့ပြီး အနားမကပ်ရဲကြပါဘူး။ ဒါကြောင့် နေစရာအိမ်မရှိတဲ့ ဝိ မှာ အလုပ်အကိုင်လည်း မရှိဖြစ်နေတာပါ။ သူသွားလေရာမှာ လူတွေက ဆူဆဲပြီး ဝေးဝေး ရှောင်ခိုင်းတယ်လို့ သိရပါတယ်။

ဒုက္ခရောက်နေတဲ့ ဝိ ကို နိုင်ငံခြားသား လင်မယားနှစ်ယောက်က အမှတ်တမဲ့ တွေ့သွားရာကနေ သူတို့က ဝိ အကြောင်း အွန်လိုင်းမှာ တင်ပြလိုက်တာပါ။


ဝိ က အကူအညီ မတောင်းပေမဲ့ ဒီနိုင်ငံခြားသား လင်မယားနှစ်ယောက်က ကြိုးစားပြီး ကူညီပေးနိုင်ဖို့ သူတို့နဲ့အတူ ခေါ်သွားဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ ဝိ ကို ခေါ်သွားဖို့ရာမှာ သူတို့လည်း အခက်အခဲကြုံရပါတယ်။ 

သူနဲ့အတူ လမ်းလျှောက်လာရင် ဝိ က သူ့ကို ရွံရှာမှာစိုးတာကြောင့် သူတို့နှစ်ယောက်နား ကပ်ပြီး မလျှောက်ရဲပါဘူး။ ဒါပေမဲ့လည်း လူတွေက သူ့ကို အော်ဟစ်ဆဲဆို မောင်းထုတ်ကြပါတယ်။ သူတို့ ခေါ်လာမှန်းမသိတော့ တချို့လူတွေက ဟိုတယ်ထဲကို ပေးမဝင်ကြပါဘူး။



ဝိ မှာ မိသားစုလည်း မရှိတာကြောင့် အင်မတန်လည်း ဒုက္ခရောက်နေတာပါ။ သူဖြစ်နေတဲ့အကျိတ်က ကြည့်ရင် တအားလေးမယ်လို့ ထင်ရပေမဲ့ သူကတော့ အဲဒီလို မခံစားရဘဲ ခေါင်းလည်းမနာဘူးလို့ ဝိက ပြောပါတယ်။

နိုင်ငံခြားသား လင်မယားနှစ်ယောက်က သူ့ကို ခွဲစိတ်ကုသချင်လားလို့မေးတဲ့ အခါမှာတော့ သူချက်ချင်းဖြေတာက သူခွဲစိတ်ပြီးရင် မိန်းကလေးတွေက ပိုပြီးစိတ်ဝင်စားလာမယ်ထင်တယ် လို့ပြောပါတယ်။

နိုင်ငံခြားသား လင်မယားနှစ်ယောက်က ဝိ ကိုကူညီနိုင်မယ့် လူရှာဖို့အတွက် ဝိရဲ့ပုံကိုရိုက်ပြီး သူတို့ရဲ့ ကိုယ်ပိုင် facebook မှာတင်လိုက်ပြီးတော့ ခွဲစိတ်ကုသနိုင်ရန် ငွေထောက်ပံ့ပေးကြဖို့ လှုံ့ဆော်ပေးပါတယ်။

ဒီနောက်မှာတော့ စင်္ကာပူနိုင်ငံက ခွဲစိတ်ဆရာဝန်ရဲ့မိတ်ဆွေ စီးပွားရေးသမားတစ်ယောက်က ကူညီပေးမယ်လို့ ဆက်သွယ်လာတယ်။ အခုကတော့ ဝိကို ခွဲစိတ်ကုသဖို့ ဆောင်ရွက်နပြေီး ခွဲစိတ်မှုပြီးသွားရင်တော့ ဝိ လည်း သာမန်ဘဝအတိုင်း နေထိုင်ခွင့်ရသွားတော့မှာပါ။

ဘာသာပြန်။ နန်းမောက်ကွမ်
Ref;John Nettleton
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~