စနစ္ေျပာင္းဖို႔အတြက္ အစိုးရေျပာင္းဖို႔ လုိေၾကာင္း ေဒၚေအာင္ဆန္းစုၾကည္ ေျပာၾကား

စနစ္ေျပာင္းဖို႔အတြက္ အစိုးရေျပာင္းဖို႔ လုိေၾကာင္း ေဒၚေအာင္ဆန္းစုၾကည္ ေျပာၾကား
အောက်တိုဘာ 21, 2015
By Tachileik News Agency

"ကြ်န္မတို႔ ေရြးေကာက္ပြဲ ၀င္တယ္ဆိုတာဟာ အစိုးရ လုပ္ခ်င္လို႔ ၀င္တာပဲ၊ ဒီႏိုင္ငံကို စနစ္ေျပာင္းမွ တိုးတက္မယ္၊ စနစ္ေျပာင္းဖို႔ ဆိုတာဟာ အစိုးရေျပာင္းဖို႔ လိုတယ္၊ အစိုးရ မေျပာင္းပဲနဲ႔ေတာ့ စနစ္ေျပာင္းမွာ မဟုတ္ဘူး၊ အစိုးရေျပာင္းဖို႔ ဆိုတာဟာ ကြ်န္မတို႔ အဖြ႔ဲခ်ဳပ္ ေရြးေကာက္ပြဲမွာ ျပတ္ျပတ္ သားသား ႏိုင္ဖို႔လိုပါတယ္.."ဟု ေအာက္တိုဘာလ(၂၁)ရက္ ေန႔လည္ပိုင္းက တာခ်ီလိတ္ၿမိဳ႕၌ ျပဳလုပ္သည့္ လူထုေတြ႕ဆံုပြဲတြင္ ေဒၚေအာင္ဆန္းစုၾကည္မွ ေျပာၾကားသည္။

ပါတီစည္းရံုးေရးႏွင့္ ပတ္သက္၍"ကြ်န္ေတာ္ တစ္ေယာက္တည္း လုပ္ေပးပါ့မယ္၊ က်ဳပ္တို႔ အဖြဲ႔တစ္ခုတည္း လုပ္ေပးပါ့မယ္ဆို ဘယ္ေတာ့မွ မယံုနဲ႔ အဲ့ဒါျဖစ္ႏိုင္တာလည္း မဟုတ္ဘူး၊ စည္းရံုးပံု စည္းရံုးနည္းကို ၾကည့္ၿပီးေတာ့ ဘယ္ပါတီကို ေထာက္ခံသင့္တယ္ ဆိုတာကို ျပည္သူေတြ ဆံုးျဖတ္ၾကပါ"ဟု ဆက္လက္ ေျပာၾကားသည္။

"၂၀၁၅ ေရြးေကာက္ပြဲနဲ႔ ပတ္သက္လို႔ လွည့္ပတ္သြားၿပီး စည္းရံုးေရး လုပ္တဲ့အခါမွာ တစ္ခ်ဳိ႕ပုဂၢိုလ္ေတြ ပါတီေတြက မသမာတဲ့ နည္းေတြနဲ႔ ဥပေဒကို ခ်ဳိးေဖာက္ၿပီးေတာ့ ေအာက္တန္းက်က် စည္းရံုးေရးေတြ လုပ္ေနတယ္ ဆိုတာကို ကြ်န္မတို႔ ၾကားရပါတယ္၊ ဒီကိစၥနဲ႔ ပတ္သက္လို႔ ေကာ္မရွင္ကို တင္ျပထား တာေတြရွိတယ္၊ အခုထက္ထိေတာ့ ေကာ္မရွင္က ထိထိေရာက္ေရာက္ အေရးယူတာေတြ မေတြ႕ေသးဘူး.."ဟု ထုတ္ေဖာ္ ေျပာဆိုသြားသည္။

အမ်ဳိးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ ဥကၠ႒ ေဒၚေအာင္ဆန္းစုၾကည္သည္ ရန္ကုန္ၿမိဳ႕မွ တဆင့္ ေအာက္တိုဘာလ (၂၁)ရက္ေန႔က တာခ်ီလိတ္ၿမိဳ႕သို႔ ေရာက္ရွိလာတာျဖစ္ၿပီး၊ ေအာက္တိုဘာလ(၂၂)ရက္ေန႔တြင္ မိုင္းျဖတ္ ႏွင့္ က်ဳိင္းတံုတို႔တြင္လည္း ေရြးေကာက္ပြဲ ေအာင္ႏိုင္ေရးအတြက္ လူထုေဟာေျပာပြဲ ျပဳလုပ္ရန္ အစီအစဥ္ရွိေၾကာင္း သိရွိရသည္။

***********

( Zawgyi Font ျဖင့္ ဖတ္မရသူမ်ားအတြက္ UNICODE ျဖင့္ ေဖာ္ျပထားပါသည္ )

"ကျွန်မတို့ ရွေးကောက်ပွဲ ဝင်တယ်ဆိုတာဟာ အစိုးရ လုပ်ချင်လို့ ဝင်တာပဲ၊ ဒီနိုင်ငံကို စနစ်ပြောင်းမှ တိုးတက်မယ်၊ စနစ်ပြောင်းဖို့ ဆိုတာဟာ အစိုးရပြောင်းဖို့ လိုတယ်၊ အစိုးရ မပြောင်းပဲနဲ့တော့ စနစ်ပြောင်းမှာ မဟုတ်ဘူး၊ အစိုးရပြောင်းဖို့ ဆိုတာဟာ ကျွန်မတို့ အဖွဲ့ချုပ် ရွေးကောက်ပွဲမှာ ပြတ်ပြတ် သားသား နိုင်ဖို့လိုပါတယ်.."ဟု အောက်တိုဘာလ(၂၁)ရက် နေ့လည်ပိုင်းက တာချီလိတ်မြို့၌ ပြုလုပ်သည့် လူထုတွေ့ဆုံပွဲတွင် ဒေါ်အောင်ဆန်းစုကြည်မှ ပြောကြားသည်။

ပါတီစည်းရုံးရေးနှင့် ပတ်သက်၍"ကျွန်တော် တစ်ယောက်တည်း လုပ်ပေးပါ့မယ်၊ ကျုပ်တို့ အဖွဲ့တစ်ခုတည်း လုပ်ပေးပါ့မယ်ဆို ဘယ်တော့မှ မယုံနဲ့ အဲ့ဒါဖြစ်နိုင်တာလည်း မဟုတ်ဘူး၊ စည်းရုံးပုံ စည်းရုံးနည်းကို ကြည့်ပြီးတော့ ဘယ်ပါတီကို ထောက်ခံသင့်တယ် ဆိုတာကို ပြည်သူတွေ ဆုံးဖြတ်ကြပါ"ဟု ဆက်လက် ပြောကြားသည်။

"၂၀၁၅ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ လှည့်ပတ်သွားပြီး စည်းရုံးရေး လုပ်တဲ့အခါမှာ တစ်ချို့ပုဂ္ဂိုလ်တွေ ပါတီတွေက မသမာတဲ့ နည်းတွေနဲ့ ဥပဒေကို ချိုးဖောက်ပြီးတော့ အောက်တန်းကျကျ စည်းရုံးရေးတွေ လုပ်နေတယ် ဆိုတာကို ကျွန်မတို့ ကြားရပါတယ်၊ ဒီကိစ္စနဲ့ ပတ်သက်လို့ ကော်မရှင်ကို တင်ပြထား တာတွေရှိတယ်၊ အခုထက်ထိတော့ ကော်မရှင်က ထိထိရောက်ရောက် အရေးယူတာတွေ မတွေ့သေးဘူး.."ဟု ထုတ်ဖော် ပြောဆိုသွားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ရန်ကုန်မြို့မှ တဆင့် အောက်တိုဘာလ (၂၁)ရက်နေ့က တာချီလိတ်မြို့သို့ ရောက်ရှိလာတာဖြစ်ပြီး၊ အောက်တိုဘာလ(၂၂)ရက်နေ့တွင် မိုင်းဖြတ် နှင့် ကျိုင်းတုံတို့တွင်လည်း ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် လူထုဟောပြောပွဲ ပြုလုပ်ရန် အစီအစဉ်ရှိကြောင်း သိရှိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~