ေတာင္ႀကီးၿမိဳ႕၌ ကားအတြင္း လက္ပစ္ဗံုးေပါက္ရာမွ လူ(၄)ဦး ဒဏ္ရာရ

ေတာင္ႀကီးၿမိဳ႕၌ ကားအတြင္း လက္ပစ္ဗံုးေပါက္ရာမွ လူ(၄)ဦး ဒဏ္ရာရ
အောက်တိုဘာ 26, 2015
By Tachileik News Agency

ရွမ္းျပည္နယ္ အစိုးရအဖြဲ႔ရံုး စိုက္ရာျဖစ္သည့္ ေတာင္ႀကီးၿမိဳ႕တြင္ ေအာက္တိုဘာလ (၂၅)ရက္ေန႔ ည(၈)နာရီ (၂၅)မိနစ္အခ်ိန္ ၀န္းက်င္က ကားအတြင္း လက္ပစ္ဗံုးေပါက္ကြဲမႈ ျဖစ္ပြားရာမွ လူေလးဦး ထိခိုက္ဒဏ္ရာ ရရွိခဲ့ေၾကာင္း သိရသည္။

ျဖစ္စဥ္ႏွင့္ ပတ္သက္၍ လမ္းမေတာ္ရပ္ကြက္၊ ဗိုလ္ခ်ဳပ္လမ္းႏွင့္ ျမတ္ေလးလမ္းဆံု အနီး "ေအာင္ေအာင္"ကုန္မ်ဳိးစံု စတိုးဆိုင္ေရွ႕တြင္ ရပ္ထားေသာ ဦးေမာင္ေမာင္လွ၏ TOYOTA IPSUM အမ်ဳိးအစား အျဖဴေရာင္ ေမာ္ေတာ္ကား၏ ဆီတိုင္ကီေအာက္သို႔ တရုတ္ႏိုင္ငံလုပ္ (၉၁)လက္ပစ္ဗံုး ပစ္ေပါက္ခဲ့ၿပီး မီးေလာင္ကြ်မ္းခဲ့ရာ အဆိုပါ ကား၏ ဘယ္ဘက္အျခမ္းႏွင့္ ထိုင္ခံုတို႔မွာ မီးေလာင္ကြ်မ္းသြားခဲ့ေၾကာင္း သိရသည္။

ဗံုးေပါက္ကြဲမႈႏွင့္ စပ္လ်ဥ္း၍ အခင္းျဖစ္ပြားရာ ေနရာသို႔ ျပည္နယ္ လံုၿခံဳေရးႏွင့္နယ္စပ္ေရးရာ၀န္ႀကီး ဗိုလ္မွဴးႀကီး စိုးမိုးေအာင္၊ အမွတ္(၉၀၃) စစ္ေျမျပင္အင္ဂ်င္နီယာတပ္မွ တပ္မွဴး ဒုတိယဗိုလ္မွဴးႀကီး အုန္းေမာ္၊ ျပည္နယ္ရဲတပ္ဖြဲ႔မွဴး ရဲမွဴးခ်ဳပ္ ေအာင္ေအာင္ ႏွင့္ ျပည္နယ္မီးသတ္ဦးစီးဌာနမွဴး ဒုတိယ ညႊန္ၾကားေရးမွဴး ဦးတင္မင္း အျပင္ အေရွ႕ပိုင္းတိုင္း စစ္ဌာနခ်ဳပ္မွ တာ၀န္ရွိသူမ်ား မႈခင္းတပ္ဖြဲ႔မွဴး လွဟန္တို႔ ပါ၀င္သည့္ စုေပါင္းအဖြဲ႔မွ ဗံုးေပါက္ပြဲမႈ အေျခအေနမ်ားကို စစ္ေဆးၿပီးေနာက္ အဆိုပါ ဗံုးအမ်ဳိးအစားအား တရုတ္ႏိုင္ငံလုပ္ (၉၁)လက္ပစ္ဗံုးျဖစ္ေၾကာင္း အတည္ျပဳခ့ဲသည္။

ထိုသို႔ ဗံုးေပါက္ကြဲမႈေၾကာင့္ "ေအာင္ေအာင္"ကုန္မ်ဳိးစံု စတိုးဆိုင္ရွင္ ဦးေမာင္ေမာင္လွ၏ ေမာ္ေတာ္ကား ေဘးတြင္ ရပ္ထားသည့္ SUZUKI SWIFT အမ်ဳိးအစား အျဖဴေရာင္ယာဥ္၏ ၀ဲဘက္ေဘးတံခါးမွာ ပ်က္စီးသြားၿပီး၊ ၀ဲဘက္တြင္ ရပ္ထားေသာ TOYOTA LIGHT TRUCK အမ်ဳိးအစား ယာဥ္၏ ေဘးတံခါး အနည္းငယ္ ပ်က္စီးခဲ့ေၾကာင္း ႏွင့္ အနီးရွိ ေမာ္ေတာ္ကားတစ္ခ်ဳိ႕ႏွင့္ ေမာ္ေတာ္ဆိုင္ကယ္တို႔မွာလည္း အနည္းငယ္ ထိခိုက္ပ်က္စီးမႈရွိေၾကာင္း သိရသည္။

ကားဗံုးေပါက္ကြဲသည့္ ေနရာသို႔ ေတာင္ႀကီးၿမိဳ႕နယ္မီးသတ္တပ္ဖြဲ႔စခန္းမွ ဦးစီးအရာရွိ ဦးေက်ာ္ေက်ာ္ကို ဦးေဆာင္သည့္ မီးၿငႇိမ္းသတ္ယာဥ္(၃)စီး၊ ေရသယ္ယာဥ္(၁)စီး၊ လူနာတင္ယာဥ္(၁)စီး၊ သေႏၶတပ္ဖြဲ႔၀င္ (၂၀)ဦး၊ အရန္မီးသတ္(၃၀)ဦးတို႔ျဖင့္ သြားေရာက္ ၿငႇိမ္းသတ္ခဲ့ရေၾကာင္း သိရသည္။

ထိခိုက္ဒဏ္ရာ ရရွိမႈႏွင့္ ပတ္သက္၍ အမ်ဳိးသားေလးဦးမွာ ထိခိုက္ဒဏ္ရာရရွိထားၿပီး စဝ္စံထြန္း ေဆးရံုႀကီး၏ အေရးေပၚဌာနသို႔ ပို႔ေဆာင္ကုသ ထားရာ မစိုးရိမ္ရေၾကာင္း ႏွင့္ ယင္း ဗံုးေပါက္ကြဲမႈအား ေတာင္ႀကီးၿမိဳ႕မ ရဲစခန္းတြင္ (ပ)၂၈၄/၂၀၁၅၊ ပုဒ္မ ၂၈၆/၃၀၇ျဖင့္ အမႈဖြင့္လွစ္ထားရေၾကာင္း သိရွိရသည္။

ဓါတ္ပံု။  ။ ေနလင္းသိုက္
သတင္း။  ။ ကိုေဇာင္း
*************

( Zawgyi font ျဖင့္ ဖတ္မရသူမ်ားအတြက္ )

ရှမ်းပြည်နယ် အစိုးရအဖွဲ့ရုံး စိုက်ရာဖြစ်သည့် တောင်ကြီးမြို့တွင် အောက်တိုဘာလ (၂၅)ရက်နေ့ ည(၈)နာရီ (၂၅)မိနစ်အချိန် ဝန်းကျင်က ကားအတွင်း လက်ပစ်ဗုံးပေါက်ကွဲမှု ဖြစ်ပွားရာမှ လူလေးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ လမ်းမတော်ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းနှင့် မြတ်လေးလမ်းဆုံ အနီး "အောင်အောင်"ကုန်မျိုးစုံ စတိုးဆိုင်ရှေ့တွင် ရပ်ထားသော ဦးမောင်မောင်လှ၏ TOYOTA IPSUM အမျိုးအစား အဖြူရောင် မော်တော်ကား၏ ဆီတိုင်ကီအောက်သို့ တရုတ်နိုင်ငံလုပ် (၉၁)လက်ပစ်ဗုံး ပစ်ပေါက်ခဲ့ပြီး မီးလောင်ကျွမ်းခဲ့ရာ အဆိုပါ ကား၏ ဘယ်ဘက်အခြမ်းနှင့် ထိုင်ခုံတို့မှာ မီးလောင်ကျွမ်းသွားခဲ့ကြောင်း သိရသည်။

ဗုံးပေါက်ကွဲမှုနှင့် စပ်လျဉ်း၍ အခင်းဖြစ်ပွားရာ နေရာသို့ ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိုးမိုးအောင်၊ အမှတ်(၉၀၃) စစ်မြပြေင်အင်ဂျင်နီယာတပ်မှ တပ်မှူး ဒုတိယဗိုလ်မှူးကြီး အုန်းမော်၊ ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် အောင်အောင် နှင့် ပြည်နယ်မီးသတ်ဦးစီးဌာနမှူး ဒုတိယ ညွှန်ကြားရေးမှူး ဦးတင်မင်း အပြင် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်မှ တာဝန်ရှိသူများ မှုခင်းတပ်ဖွဲ့မှူး လှဟန်တို့ ပါဝင်သည့် စုပေါင်းအဖွဲ့မှ ဗုံးပေါက်ပွဲမှု အခြေအနေများကို စစ်ဆေးပြီးနောက် အဆိုပါ ဗုံးအမျိုးအစားအား တရုတ်နိုင်ငံလုပ် (၉၁)လက်ပစ်ဗုံးဖြစ်ကြောင်း အတည်ပြုခဲ့သည်။

ထိုသို့ ဗုံးပေါက်ကွဲမှုကြောင့် "အောင်အောင်"ကုန်မျိုးစုံ စတိုးဆိုင်ရှင် ဦးမောင်မောင်လှ၏ မော်တော်ကား ဘေးတွင် ရပ်ထားသည့် SUZUKI SWIFT အမျိုးအစား အဖြူရောင်ယာဉ်၏ ဝဲဘက်ဘေးတံခါးမှာ ပျက်စီးသွားပြီး၊ ဝဲဘက်တွင် ရပ်ထားသော TOYOTA LIGHT TRUCK အမျိုးအစား ယာဉ်၏ ဘေးတံခါး အနည်းငယ် ပျက်စီးခဲ့ကြောင်း နှင့် အနီးရှိ မော်တော်ကားတစ်ချို့နှင့် မော်တော်ဆိုင်ကယ်တို့မှာလည်း အနည်းငယ် ထိခိုက်ပျက်စီးမှုရှိကြောင်း သိရသည်။

ကားဗုံးပေါက်ကွဲသည့် နေရာသို့ တောင်ကြီးမြို့နယ်မီးသတ်တပ်ဖွဲ့စခန်းမှ ဦးစီးအရာရှိ ဦးကျော်ကျော်ကို ဦးဆောင်သည့် မီးငြှိမ်းသတ်ယာဉ်(၃)စီး၊ ရေသယ်ယာဉ်(၁)စီး၊ လူနာတင်ယာဉ်(၁)စီး၊ သန္ဓတေပ်ဖွဲ့ဝင် (၂၀)ဦး၊ အရန်မီးသတ်(၃၀)ဦးတို့ဖြင့် သွားရောက် ငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။

ထိခိုက်ဒဏ်ရာ ရရှိမှုနှင့် ပတ်သက်၍ အမျိုးသားလေးဦးမှာ ထိခိုက်ဒဏ်ရာရရှိထားပြီး စဝ်စံထွန်း ဆေးရုံကြီး၏ အရေးပေါ်ဌာနသို့ ပို့ဆောင်ကုသ ထားရာ မစိုးရိမ်ရကြောင်း နှင့် ယင်း ဗုံးပေါက်ကွဲမှုအား တောင်ကြီးမြို့မ ရဲစခန်းတွင် (ပ)၂၈၄/၂၀၁၅၊ ပုဒ်မ ၂၈၆/၃၀၇ဖြင့် အမှုဖွင့်လှစ်ထားရကြောင်း သိရှိရသည်။

*************
ဓာတ်ပုံ။ နေလင်းသိုက်
သတင်း။ ကိုဇောင်း
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~