တာချီလိတ်ခရိုင်အတွင်း နိုင်ငံရေးပါတီ (၈)ခုမှ (၆၃)ဦး နှင့် တစ်သီးပုဂ္ဂလမှ (၁)ဦးတို့ လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ၀င်ရောက်ယှဉ်ပြိုင်ရန် စာရင်းပေးသွင်းထား

တာချီလိတ်ခရိုင်အတွင်း နိုင်ငံရေးပါတီ (၈)ခုမှ (၆၃)ဦး နှင့် တစ်သီးပုဂ္ဂလမှ (၁)ဦးတို့ လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ၀င်ရောက်ယှဉ်ပြိုင်ရန် စာရင်းပေးသွင်းထား
သြဂုတ် 30, 2015
By Tachileik News Agency

တာချီလိတ်ခရိုင်အတွင်း ၂၀၁၅ခုနှစ် ပါတီစုံ အထွေထွေရွေးကောက်ပွဲသို့ ပါဝင်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီများမှာ တာချီလိတ်ခရိုင် အတွင်း ရှိသည့် နိုင်ငံရေးပါတီ (၉)ခုအနက် (၈)ခုဝင်ပြိုင်ရာ လွှတ်တော် ကိုယ်စားလှယ်အဖြစ် ၀င်ရောက်ယှဉ်ပြိုင်ရန်အတွက် စာရင်းပေးသွင်းထားကြသူများမှာ ပါတီစုံမှ စုစုပေါင်း (၆၃)ဦး နှင့် တစ်သီးပုဂ္ဂလအဖြစ် (၁)ဦး စုစုပေါင်း (၆၄)ဦးရှိကြောင်း ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ သိရသည်။

ဝင်ရောက်ယှဉ်ပြိုင်သည့် ပါတီများနှင့် ကိုယ်စားလှယ်လောင်း အရေအတွက်မှာ တစ်သီးပုဂ္ဂလ ( ၁) ဦး၊ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီ မှ ( ၈ ) ဦး၊ ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီ မှ ( ၁၀ ) ဦး၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် မှ ( ၁၀ ) ဦး၊ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ မှ ( ၁၀ ) ဦး၊ လားဟူတိုင်းရင်းသားဖွံ့ဖြိုးတိုးတက်ရေးပါတီ မှ ( ၇ ) ဦး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ( ၁၀) ဦး၊ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ မှ ( ၇ ) ဦး နှင့် အာခါအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီမှ ( ၁) ဦး စသည်ဖြင့် စုစုပေါင်း (၆၄)ဦး ပါဝင်သည်။

တာချီလိတ်ခရိုင်အတွင်း လွှယ်တော်ကိုယ်စားလှယ် မဲဆန္ဒနယ်များနှင့် အမည်စာရင်းများကို စက်တင်ဘာလ အစတွင် ကြေညာသွားမှာဖြစ်ပြီး ကိုယ်စားလှယ်လောင်းများ အနေဖြင့် မဲဆွယ်စည်းရုံးမှုကို စက်တင်ဘာလ ဒုတိယအပတ်အစတွင် ဆောင်ရွက်နိုင်မှာဖြစ်ကြောင်း နှင့် ရွေးကောက်ပွဲကို ၂၀၁၅ ခုနှစ် နိုဝင်ဘာလ (၈)ရက်တွင် ကျင်းပမည်ဖြစ်ကြောင်း ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ သိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~