နိုင်ငံတော်သမ္မတ၏ ဂုဏ်ပြုခံ သက်ကြီး ၀ါကြီး ပုဂ္ဂိုလ်တွင် တာချီလိတ်၌ (၂)ဦးပါဝင်

နိုင်ငံတော်သမ္မတ၏ ဂုဏ်ပြုခံ သက်ကြီး ၀ါကြီး ပုဂ္ဂိုလ်တွင် တာချီလိတ်၌ (၂)ဦးပါဝင်
ဇူလိုင် 5, 2015
By Tachileik News Agency

မြန်မာနိုင်ငံတစ်ဝှမ်းရှိ အသက်(၁၀၀)နှစ်အထက် ဘိုးဘွားများအား နိုင်ငံတော်သမ္မတ၏ ဂုဏ်ပြုခံ သက်ကြီး ၀ါကြီး ပုဂ္ဂိုလ်အဖြစ် အသိအမှတ်ပြုပြီး ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်လျက် ရှိရာ ယနေ့ ဇူလိုင်လ (၅)ရက်၊ နံနက်ပိုင်းက တာချီလိတ်မြို့နယ်ရှိ ဘိုးဘွားများအား အိမ်တိုင်ရာရောက် သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ သွားရောက်ထောက်ပံ့ရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း ၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း) လူမှုဝန်ထမ်းရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်သူနိုင်နှင့် အဖွဲ့သည် မိုင်းဖုန်း(ခ)ကျေးရွာအုပ်စု ၊ ဝှေလေလန်ကျေးရွာနေ အသက်(၁၁၆)နှစ်ရှိ အဘွား ဒေါ်အီဆု နှင့် အသက်(၁၁၈)နှစ်ရှိ ဆန်ဆိုင်း(က)ရပ်ကွက် ၊ ခွာညိုလမ်းနေအဘိုး ဦးအိုက်ခမ်း တို့အား ဂုဏ်ပြုချီးမြှင့် ငွေကျပ်(၂)သိန်းစီ နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို အိမ်တိုင်ရာရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

သတင်း။  ။ ဝေယံလင်း

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  

~~~~~~~~~~ ကြော်ငြာ ~~~~~~~~~