မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနှင့် ပတ်သက်၍ ယင်းမာစီမံချက်အား အကောင်အထည်ဖော်ကာ ပြိုင်ပွဲများကျင်းပ

မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနှင့် ပတ်သက်၍ ယင်းမာစီမံချက်အား အကောင်အထည်ဖော်ကာ ပြိုင်ပွဲများကျင်းပ
မေ 27, 2015
By Tachileik News Agency

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာချီလိတ်မြို့နယ်ရှိ  ဆန်ဆိုင်း အခြေခံပညာ အထက်တန်းကျောင်း၌ ၂ဝ၁၅ခုနှစ် ဇွန်လ(၂၆)ရက်တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ (၁၈) ကြိမ်မြောက် အထိမ်းအမှတ် ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ ကွန်ပျူတာ ခရိုင်အဆင့်ပြိုင်ပွဲများအား မေလ (၂၆)ရက် ၊ နံနက်(၁၀)နာရီက ကျင်းပပြုလုပ်ကြောင်း သိရသည်။

ပြိုင်ပွဲသို့ ခရိုင်မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး အဖွဲ့ ဥက္ကဋ္ဌ ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ ၊ ဒုတိယဥက္ကဋ္ဌ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး လှမင်း၊ ခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့်အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန မှ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်စွာလွင်၊ မူးယစ်ဆေး ၀ါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၊ တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ တပ်ဖွဲ့စုမှူး ဒုတိယရဲမှူး သန်းရွှေ၊ ခရိုင်မူးယစ်ဆေး ၀ါးဆန့်ကျင်ရေးအသင်း(MANA)မှ ဥက္ကဋ္ဌ ဦးသိန်းဝင်း နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဦးစိန်ထွန်းလှ၊ လက်ထောက် မြို့နယ်ပညာရေးမှူး ဦးမြင့်ဝင်းလှ ၊ ပြိုင်ပွဲ ကျင်းပရေး ကော်မတီဝင်များ၊ ဆုရွေးချယ်ရေးဆပ်ကော်မတီဝင်များ က တက်ရောက်၍ ပြိုင်ပွဲဝင်ကျောင်းသား၊ ကျောင်းသူများ ပါဝင်ယှဉ်ပြိုင်နေမှုများကို ကြည့်ရှုအားပေးသည်။

အဆိုပါ ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ ကွန်ပျူတာ ပြိုင်ပွဲများ တွင် မူလတန်းအဆင့်၊ အလယ်တန်းအဆင့်၊ အထက်တန်းအဆင့် ကျောင်းသား ၊ ကျောင်းသူ(၈၅)ဦး ပါဝင်ယှဉ်ပြိုင်ကြောင်းသိရသည်။

သတင်း။  ။ ဝေယံလင်း

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~