ဘရာဇီးနိုင်ငံရှိ “ကာပါ အင်ဒီးယန်း” မျိုးနွယ်စုမှ တိုက်ခိုက်ရေးသမားများသည် ၎င်းတို့ အင်ဒီးယန်းပိုင်နက် အတွင်းရှိ "အယ်တို တူရီကူတော" သစ်တောအတွင်း တရားမ၀င် သစ်ခိုးထုတ်နေသူများအား ဧပြီလ အတွင်းက ဖမ်းဆီး ချုပ်နှောင်၍ အ၀တ်အစားများ ချွတ်ကာ ရိုက်နှက်ဒဏ်ပေးပြီး မောင်းထုတ်ခဲ့ကြကြောင်း အန်နန်နီးမတ်စ် သတင်းဝဘ်ဆိုဒ့်တွင် ဖော်ပြထားချက်အရ သိရသည်။
၎င်းသစ်တောသည် ဘရာဇီးနိုင်ငံ၊ အမေဇုန် မြစ်ဝကျွန်းပေါ်ဒေသ မာရန်းဟေး၏ အရှေ့မြောက်ဘက် စန်ထရိုဒူဂါလိဟာမီ အုပ်ချုပ်သောဒေသနှင့် အနီးတွင် တည်ရှိပြီး “ကာပါ အင်ဒီးယန်း” မျိုးနွယ်စုတွင် မျိုးနွယ်စုပေါင်း လေးမျိုးပါဝင်ပြီး တရားဝင် အခြေချနေထိုင်သော ဒေသခံမျိုးနွယ်စုများဖြစ်ကြသည့်အပြင် ယင်းတို့၏ ပိုက်နက် နယ်မြေအား ကာကွယ်စောင့်ရှောက်သူများ ဖြစ်ကြသည်။
“ကာပါ အင်ဒီးယန်း”မျိုးနွယ်စုများသည် ကမ္ဘာ့အကြီးဆုံး မိုးသစ်တောတစ်ခုအဖြစ် သစ်မခုတ်ရန် ကာကွယ်တားမြစ်ထားခြင်းခံရသည့် ၎င်းတို့ပိုက်နက် နယ်မြေ၏ သစ်တောမှ အဖိုးတန်သစ်များအား ခိုးထုတ်သော သစ်ခိုးသမားများ၏ ရန်ကို အသက်နှင့်လုကာ ခုခံကာကွယ်လေ့ရှိသူများ ဖြစ်ကြသည်။
၂၀၁၃ ခုနှစ်တွင် ဘရာဇီးနိုင်ငံ၏ အမေဇုန် မိုးသစ်တော နှစ်စဉ်ပြုန်းတီးမှု ရာခိုင်နှုန်းမှာ (၄)နှစ်ဆက်တိုက် ကျဆင်းပြီး နောက်ပိုင်း (၂၈%)ထိ မြင့်တက်လာကြောင်းနှင့် ဂြိုဟ်တု မှတ်တမ်းဓါတ်ပုံများအရ ၂၀၁၃ ဇူလိုင်လ အကုန်မှစ၍ တစ်နှစ်တာ ကာလအတွင်း မိုးသစ်တော ဧရိယာ (၅၈၄၃)စတုရန်း ကီလိုမီတာခန့် ခုတ်လှဲခြင်းခံရကြောင်းကို ခန်မှန်းတွက်ချက်ရရှိကြောင်း အန်နန်နီးမတ်စ်သတင်းဝဘ်ဆိုဒ့်တွင် ဖော်ပြထားသည်။
မိုးသစ်တောများ ရှင်းလင်းခြင်းသည် ဟင်းသီးဟင်းရွက်များ မီးရှို့ခြင်းနှင့် သစ်သီးပုတ်များ ကြွေကျသကဲ့သို့ ဘရာဇီးနိုင်ငံ၏ (၇၅%) ကာဗွန်ဓါတ်ငွေ့ထုတ်လွှင့်မှု၏ တရားခံဖြစ်ကြောင်း အပြင်ကာဗွန်ဒိုင်အောက်ဆိုဒ် (၄၀၀)မီလီယမ် တန် လေထုထဲသို့ နှစ်စဉ် ထုတ်လွှင့်နေခြင်းနှင့် အတူတူပင်ဖြစ်ကြောင်း နှင့် ဘရာဇီးနိုင်ငံသည် ကာဗွန်ဒိုင်အောက်ဆိုဒ် ဂတ်စ် ထုတ်လွှင့်မှု အများဆုံး နိုင်ငံတွင် ခြောက်နိုင်ငံမြောက် ဖြစ်ကြောင်း သိရသည်။
ဘာသာပြန်။ ။ မြတ်သန္တာထက်
Ref; အန်နန်နီးမတ်စ်သတင်းဝဘ်ဆိုဒ့်