ကျိုင်းတုံတွင် ဖွင့်လှစ်မည့် ဧည့်လမ်းညွှန် အခြေခံသင်တန်းအတွက် လျှောက်လွှာများ ကြိုတင်ခေါ်ယူနေပြီ

ကျိုင်းတုံတွင် ဖွင့်လှစ်မည့် ဧည့်လမ်းညွှန် အခြေခံသင်တန်းအတွက် လျှောက်လွှာများ ကြိုတင်ခေါ်ယူနေပြီ
မတ် 27, 2015
By Tachileik News Agency

ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာန၏ စီစဉ်ကြီးကြပ်မှုဖြင့် ဧည့်လမ်းညွှန် အခြေခံ သင်တန်း အား (၁-၆-၂ဝ၁၅)ရက်နေ့မှ (၂၆-၆-၂ဝ၁၅)ရက်နေ့ အထိ ရှမ်းပြည်နယ် အရှေ့ပိုင်း၊ ကျိုင်းတုံမြို့၌ ရက်သတ္တပတ် (၄)ပတ် အကြာ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ရာ စိတ်ပါဝင်စားသူများ အနေဖြင့် သင်တန်း လျှောက်လွှာများကို ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ကျိုင်းတုံရုံးခွဲ နှင့် တာချီလိတ်ရုံးခွဲတို့တွင် စတင် လျှောက်ထားနိုင်ပြီဖြစ်ကြောင်း သိရသည်။

သင်တန်းမတက်ရောက်မီ အချိန်တွင် ပထမဦးဆုံး သင်တန်းဝင်ခွင့် စာမေးပွဲကို ဖြေဆိုရမည်ဖြစ်ရာ (၉-၅-၂ဝ၁၅)ရက်နေ့တွင် ကျိုင်းတုံမြို့၌ သင်တန်းဝင်ခွင့် စာမေးပွဲကို ကျင်းပမှာဖြစ်ပြီး သင်တန်းဝင်ခွင့် လျှောက်လွှာများကို ( ၂၈-၃-၂ဝ၁၅ )ရက်နေ့မှ စတင်၍ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ ကျိုင်းတုံရုံးခွဲနှင့် တာချီလိတ်ရုံးခွဲများတွင် အခမဲ့ရယူနိုင်ပြီး လျှောက်လွှာ နောက်ဆုံး လက်ခံမည့်ရက်ကို ၂၀၁၅ခုနှစ် ဧပြီလ(၃၀)ရက်နေ့ထိ သတ်မှတ်ထားကြောင်း သိရသည်။

သင်တန်းဝင်ခွင့် လျှောက်ထားလိုသူများ အနေဖြင့် အောက်ဖော်ပြပါ ရုံးလိပ်စာများနှင့် ဆက်သွယ်ရန် ဖုန်းနံပတ်များမှ တဆင့် ဆက်သွယ်စုံစမ်းနိုင်ပြီး လျှောက်ထားလိုသူများ အနေဖြင့် လိုအပ်သည့် အချက်အလက်များမှာ Passport size ရောင်စုံဓါတ်ပုံ (၃)ပုံ၊ နယ်မြေခံ ရဲစခန်းထောက်ခံချက်၊ ရပ်ကွက်ထောက်ခံချက် နှင့် တက္ကသိုလ်ဝင်တန်း အောင်လက်မှတ် မိတ္တူ တို့သာ လိုအပ်မှာဖြစ်သည်။

ဆက်သွယ်စုံစမ်းရန်
ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊(ကျိုင်းတုံရုံးခွဲ)
ဖုန်း- ဝ၈၄-၂၁၆၁၇

ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(တာချီလိတ်ရုံးခွဲ)
အမှတ်(၁) တာချီလိတ်-မယ်ဆိုင် ချစ်ကြည်ရေးတံတားပေါ်။
ဖုန်း- ဝ၈၄-၅၁ဝ၂၃၊ ၀၈၄-၅၂၁၉၇

 Tachileik Online News ( www.tachileik.net  ) 

~~~~~~~~~~ ကြော်ငြာ ~~~~~~~~~